Huawei ကုမ္ပဏီကနေ သူရဲ့ အမြင့်ပိုင်းဖုန်းတွေဖြစ်တဲ့ Huawei Mate 10 နဲ့ Mate 10 Pro ဖုန်းတွေကို ကြေငြာပြီး နောက်ပိုင်း အင်တာဗျုးတစ်ခုမှာ ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Richard Yu ကနေ Huawei ရဲ့ နောက်ထွက်ရှိမယ့်ဖုန်းအကြောင်းကို အရိတ်အမြွတ်ပြောကြားသွားခဲ့ပါတယ်။

အဲ့ဒါကတော့ Huawei ကုမ္ပဏီက Samsung နဲ့ LG တို့လိုပဲ ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတာကိုပြောကြားသွားတာဖြစ်ပါတယ်။ CEO ဖြစ်တဲ့ Richard Yu ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Huawei ရဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်းကို Sample Prototype အနေနဲ့ ထုတ်လုပ်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် Richard Yu ရဲ့ ပြောကြားချက်အရတော့ လောလောဆယ် Huawei မှာ ပြဿနာတစ်ခုရှိနေပြီး အဲ့ဒါကတော့ ခေါက်လို့ရတဲ့ Display ၂ ခုကြားက Gap ကွာဟမှုအနည်းငယ်ရှိနေတာပဲဖြစ်ပါတယ်။ Richard Yu ကတော့ Huawei ကနေ အဆိုပါ Display ၂ ခုကြားကွာဟမှုကို မရှိတော့အောင်ကြိုးစားနေပြီး အဆိုပါ ခေါက်လို့ရတဲ့ စမတ်ဖုန်းကို နောက်နှစ်ထဲမှာ ကြေငြာသွားမယ်လို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

Huawei ကနေ ခေါက်လို့ရတဲ့ဖုန်းကို ထုတ်လုပ်မယ့်အပြင် အခြား LG နဲ့ Samsung ကုမ္ပဏီတွေကလည်း ခေါက်လို့ရတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ ကြိုးစားနေကြတဲ့အတွက် အခုလိုမျိုး ခေါက်နိုင်တဲ့ဖုန်းတွေက နောက်နှစ်မှာ ရေပန်းစားလာမလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ။