Huawei ရဲ့ Smartwatch တွေက Display ကောင်းသလို Design လည်းလှတာကြောင့် လူတော်တော်များများ နှစ်သက်ကြပါတယ်။ Huawei ရဲ့ Watch 2 (2018) ကိုမကြာခင်တွေ့ရတော့မယ်လို့ခန့်မှန်းရပါတယ်။

Huawei Watch 2 (2018) ရဲ့ ပုံတွေ သတင်းပေါက်ကြားလာပြီဖြစ်တာကြောင့် Huawei က မကြာခင်မှာ Watch အသစ်တွေကို မိတ်ဆက်တော့မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ သတင်းပေါက်ကြားတဲ့အထဲမှာ Watch 2 (2018) ရဲ့ Spec တွေလည်းပါဝင်ပါတယ်။

Watch 2 (2018) ကိုတော့ အရင်နှစ်ကထွက်ခဲ့တဲ့ Watch 2 အတိုင်းပဲ Snapdragon 2100 Processor, 768 RAM နဲ့ 4 GB Storage တို့နဲ့ပဲတွေ့ရမှာဖြစ်တယ်လို့သိရပါတယ်။ Display ကိုလည်းပြောင်းလဲမှုမရှိပဲ AMOLED Display ကိုဆက်လက်အသုံးပြုပေးထားမှာဖြစ်ပါတယ်။ Bluetooth 4.1, GPS, eSIM နဲ့ WiFi ပါဝင်တဲ့အပြင် IP68 အဆင့်ရှိတာကြောင့် မိုးဖွဲဖွဲလေးထဲမှာတော့ အေးအေးဆေးဆေးအသုံးပြုနိုင်မှာပါ။

ထူးခြားချက်အနေနဲ့တော့ Huawei Watch 2 (2018) ကို Huawei Watch 2 Sport နဲ့မိတ်ဆက်ခဲ့တဲ့ လိမ္မော်ရောင်ကိုပါ ထုတ်လုပ်ပေးမယ်လို့ သိရပါတယ်။ ဒါပေမယ့် အရောင်တွေကို နာရီကြိုးရဲ့အပြင်ဖက်မှာ မြင်ရမှာမဟုတ်ပဲ အတွင်းဖက်မှာပဲထည့်ပေးထားမှာပါ။ Design ပိုင်းမှာလည်း ကြီးကြီးမားမားပြောင်းလဲမှုရှိမှာမဟုတ်တာကြောင့် အရောင်သစ်နဲ့ Watchface အသစ်တွေလောက်ပဲ အရင် Watch 2 နဲ့ကွာခြားမှုရှိမှာပါ။