[Zawgyi]

Y5 Lite ဟာ Huawei ရဲ႕ ဒုတိယေျမာက္ Android Go စမတ္ဖုန္းျဖစ္ပါတယ္။ ပထမဦးဆုံး Android Go စမတ္ဖုန္းကိုေတာ့ လြန္ခဲ့တဲ့ ၂၀၁၈ခုႏွစ္ ေမလတုန္းက Y3 (2018) ဆိုၿပီး မိတ္ဆက္ခဲ့တာပါ။ Huawei Y5 Lite ဟာ Android 8.1 Oreo (Go Edition) နဲ႔အတူ ပြဲထြက္ခဲ့တာျဖစ္ၿပီး သိပ္မၾကာခင္မွာ Android 9 Pie (Go Edition) ကို Update ျပဳလုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Huawei Y5 Lite (2019) Specifications

၅.၄၅ လက္မ မ်က္ႏွာျပင္အက်ယ္ရွိ HD+ IPS LCD Display ကို အသုံးျပဳထားတာ ျဖစ္ၿပီး Resolution ကေတာ့ 720 x 1440 pixels ရွိပါတယ္။ Processor အပိုင္းအတြက္ Quad-Core MediaTek MT6739 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 1GB ပါဝင္ပါတယ္။ Memory Storage ကိုေတာ့ 16GB ထည့္သြင္းေပးထားၿပီး MicroSD 256GB အထိ ထပ္စိုက္ႏိုင္မွာ ျဖစ္ပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ Aperture f/2.0 ရွိတဲ့ 8MP Camera Sensor ကို တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Aperture f/2.2 ရွိတဲ့ 5MP Camera Sensor ကို တပ္ဆင္ထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3020mAh ထည့္သြင္းေပးထားၿပီး အျမန္အားသြင္းစနစ္ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ Fingerprint Sensor ထည့္သြင္းတပ္ဆင္ထားတာ မေတြ႕ရေပမယ့္ Face Unlock စနစ္ေတာ့ အသုံးျပဳႏိုင္ပါတယ္။

 

Huawei Y5 Lite (2019) ကို ပါကစၥတန္ႏိုင္ငံမွာ စတင္မိတ္ဆက္ခဲ့တာျဖစ္ၿပီး Black နဲ႔ Blue အေရာင္ ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ ပါကစၥတနီ ႐ူပီး ၁၆,၄၉၉ (ျမန္မာေငြ ၁၈၀,၀၀၀ ဝန္းက်င္) က်သင့္မွာ ျဖစ္ပါတယ္။

Ref : Gadgets.ndtv

[Unicode]

Android Go စမတ်ဖုန်းအဖြစ် ထွက်ရှိလာတဲ့ Huawei Y5 Lite (2019)

Y5 Lite ဟာ Huawei ရဲ့ ဒုတိယမြောက် Android Go စမတ်ဖုန်းဖြစ်ပါတယ်။ ပထမဦးဆုံး Android Go စမတ်ဖုန်းကိုတော့ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် မေလတုန်းက Y3 (2018) ဆိုပြီး မိတ်ဆက်ခဲ့တာပါ။ Huawei Y5 Lite ဟာ Android 8.1 Oreo (Go Edition) နဲ့အတူ ပွဲထွက်ခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာ Android 9 Pie (Go Edition) ကို Update ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Huawei Y5 Lite (2019) Specifications

၅.၄၅ လက်မ မျက်နှာပြင်အကျယ်ရှိ HD+ IPS LCD Display ကို အသုံးပြုထားတာ ဖြစ်ပြီး Resolution ကတော့ 720 x 1440 pixels ရှိပါတယ်။ Processor အပိုင်းအတွက် Quad-core MediaTek MT6739 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 1GB ပါဝင်ပါတယ်။ Memory Storage ကိုတော့ 16GB ထည့်သွင်းပေးထားပြီး MicroSD 256GB အထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

နောက်ကျောဘက် ကင်မရာအပိုင်းအတွက် Aperture f/2.0 ရှိတဲ့ 8MP Camera Sensor ကို တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Aperture f/2.2 ရှိတဲ့ 5MP Camera Sensor ကို တပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3020mAh ထည့်သွင်းပေးထားပြီး အမြန်အားသွင်းစနစ်တော့ ပါဝင်မှာ မဟုတ်ပါဘူး။ Fingerprint Sensor ထည့်သွင်းတပ်ဆင်ထားတာ မတွေ့ရပေမယ့် Face Unlock စနစ်တော့ အသုံးပြုနိုင်ပါတယ်။

Huawei Y5 Lite (2019) ကို ပါကစ္စတန်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Black နဲ့ Blue အရောင် ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ စျေးနှုန်းကတော့ ပါကစ္စတနီ ရူပီး ၁၆,၄၉၉ (မြန်မာငွေ ၁၈၀,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

Ref : Gadgets.ndtv