[Zawgyi]

Huawei ရဲ႕ မ်ိဴးဆက္သစ္ Y စီးရီးစမတ္ဖုန္းဟာ အင္တာနက္ေပၚမွာ ထြက္ေပၚလာပါၿပီ။ အဆိုပါ စမတ္ဖုန္းကို Huawei က Y7 Pro 2019 ဆိုၿပီး နာမည္ေပးထားပါတယ္။ Y7 Pro 2019 ရဲ႕ Specifications နဲ႔ Features ေတြဟာ လြန္ခဲ့တဲ့ရက္ပိုင္းတုန္းက ေပါက္ၾကားထြက္ေပၚခဲ့တဲ့ Y7 2019 နဲ႔ သိပ္ၿပီး ကြာျခားမႈ မရွိပါဘူး။

Y7 Pro 2019 ရဲ႕ Display အပိုင္းအတြက္ ၆.၂၆လက္မ အ႐ြယ္အစားရွိ HD+ Display ကို အသုံးျပဳထားတာ ျဖစ္ၿပီး Resolution ကေတာ့ 1520 x 720 pixels ရွိပါတယ္။ Waterdrop Notch Display နဲ႔အတူ ပြဲထြက္ခဲ့တာ ျဖစ္ၿပီး 2.5D Curved Glass ကို အသုံးျပဳထားပါတယ္။ Processor အပိုင္းအတြက္ Snapdragon 450 SoC ကို အသုံးျပဳထားတာ ျဖစ္ၿပီး RAM အေနနဲ႔ 3GB ပါဝင္ပါတယ္။ Memory Storage ကိုေတာ့ 32GB ထည့္သြင္းေပးထားပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ 13MP Main Camera နဲ႔ 2MP Depth Sensor ေတြကို ေဒါင္လိုက္ တပ္ဆင္ေပးထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 16MP Camera ကို တပ္ဆင္ေပးထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 4000mAh ထည့္သြင္းေပးထားၿပီး အျမန္အားသြင္းစနစ္ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ Huawei ကေတာ့ တစ္ခါ အားသြင္း႐ုံနဲ႔ ၂ရက္ေလာက္ ေအးေဆးသုံးႏိုင္တယ္လို႔ ေျပာၾကားထားပါတယ္။

 

Huawei Y7 Pro 2019 ကို Aurora Blue နဲ႔ Black ဆိုၿပီး အေရာင္ ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းအေနနဲ႔ ကန္ေဒၚလာ ၁၇၁ ေဒၚလာ (ျမန္မာေငြ ၂သိန္းခြဲ ဝန္းက်င္) က်သင့္မွာျဖစ္ၿပီး ေလာေလာဆယ္မွာေတာ့ ဗီယက္နမ္ႏိုင္ငံမွာပဲ စတင္ေရာင္းခ်မယ္လို႔ သိရပါတယ္။

Ref : Gizmochina

Huawei Y7 Pro 2019 ကို ဗီယက်နမ်နိုင်ငံမှာ မိတ်ဆက်သွားပြီ

Huawei ရဲ့ မျိူးဆက်သစ် Y စီးရီးစမတ်ဖုန်းဟာ အင်တာနက်ပေါ်မှာ ထွက်ပေါ်လာပါပြီ။ အဆိုပါ စမတ်ဖုန်းကို Huawei က Y7 Pro 2019 ဆိုပြီး နာမည်ပေးထားပါတယ်။ Y7 Pro 2019 ရဲ့ Specifications နဲ့ Features တွေဟာ လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ Y7 2019 နဲ့ သိပ်ပြီး ကွာခြားမှု မရှိပါဘူး။

Y7 Pro 2019 ရဲ့ Display အပိုင်းအတွက် ၆.၂၆လက်မ အရွယ်အစားရှိ HD+ Display ကို အသုံးပြုထားတာ ဖြစ်ပြီး Resolution ကတော့ 1520 x 720 pixels ရှိပါတယ်။ Waterdrop Notch Display နဲ့အတူ ပွဲထွက်ခဲ့တာ ဖြစ်ပြီး 2.5D Curved Glass ကို အသုံးပြုထားပါတယ်။ Processor အပိုင်းအတွက် Snapdragon 450 SoC ကို အသုံးပြုထားတာ ဖြစ်ပြီး RAM အနေနဲ့ 3GB ပါဝင်ပါတယ်။ Memory Storage ကိုတော့ 32GB ထည့်သွင်းပေးထားပါတယ်။

နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 13MP Main Camera နဲ့ 2MP Depth Sensor တွေကို ဒေါင်လိုက် တပ်ဆင်ပေးထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 16MP Camera ကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh ထည့်သွင်းပေးထားပြီး အမြန်အားသွင်းစနစ်တော့ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Huawei ကတော့ တစ်ခါ အားသွင်းရုံနဲ့ ၂ရက်လောက် အေးဆေးသုံးနိုင်တယ်လို့ ပြောကြားထားပါတယ်။

 

Huawei Y7 Pro 2019 ကို Aurora Blue နဲ့ Black ဆိုပြီး အရောင် ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ ကန်ဒေါ်လာ ၁၇၁ ဒေါ်လာ (မြန်မာငွေ ၂သိန်းခွဲ ဝန်းကျင်) ကျသင့်မှာဖြစ်ပြီး လောလောဆယ်မှာတော့ ဗီယက်နမ်နိုင်ငံမှာပဲ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Ref : Gizmochina