[Zawgyi]

Huawei ရဲ႕ Y စီးရီး စမတ္ဖုန္းေတြကို တန္ဖိုးသင့္ၿပီး အရည္အေသြးေကာင္းမြန္တဲ့ စမတ္ဖုန္းစီးရီးအျဖစ္ လူသိမ်ားၾကပါတယ္။ Huawei အေနနဲ႔ Y7 Pro 2019 ကို လြန္ခဲ့တဲ့ ရက္ပိုင္းတုန္းက ျပည္ပႏိုင္ငံ တခ်ိဴ႕မွာ မိတ္ဆက္ခဲ့တာျဖစ္ၿပီး ယခုအခါမွာေတာ့ ျပည္တြင္းေစ်းကြက္ထဲကို သယ္ေဆာင္လာခဲ့ၿပီ ျဖစ္ပါတယ္။

Huawei Y7 Pro 2019 ဟာ တန္ဖိုးသင့္ စမတ္ဖုန္း အမ်ိဴးအစားဆိုေပမယ့္ သူ႔ရဲ႕ Display ကေတာ့ ၆.၂၆လက္မအထိ ရွိပါတယ္။ Resolution အေနနဲ႔လည္း 720 x 1520 pixels ရွိတဲ့အတြက္ ဗီဒီယိုပဲ ၾကည့္ၾကည့္၊ ဂိမ္းပဲ ေဆာ့ေဆာ့ လုံေလာက္တဲ့ ႐ုပ္ထြက္ အရည္အေသြးေတြကို ေပးစြမ္းႏိုင္မွာပါ။ ဒါ့အျပင္ ယေန႔ေခတ္ စမတ္ဖုန္းေလာကမွာ ေရပန္းစားေနတဲ့ Dewdrop Display အမ်ိဴးအစားကို Y7 Pro 2019 မွာ အသုံးျပဳထားတာေၾကာင့္ Screen-to-touch panel ratio ကလည္း ၈၆.၇% အထိ ရွိလာတယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ မ်က္ႏွာျပင္ အျပည့္နီးပါးရွိတဲ့ စမတ္ဖုန္း တစ္လုံးကို ကိုင္ေဆာင္ေနရသလိုမ်ိဴး အထိအေတြ႕ကို ခံစားရမွာပါ။

Processor အပိုင္းအတြက္ Qualcomm ရဲ႕ Snapdragon 450 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 3GB ပါဝင္မွာ ျဖစ္ပါတယ္။ Snapdragon 450 SoC နဲ႔ RAM 3GB ကို တြဲဖက္ေပးထားတဲ့အတြက္ Mobile Legends လိုမ်ိဴး ေပါ့ေပါ့ပါးပါး ဂိမ္းေတြကို အဆင္ေျပေျပ ေဆာ့ကစားႏိုင္မွာ ျဖစ္သလို Web Browsing နဲ႔ Multi-tasking ေတြမွာလည္း ထိုက္သင့္သေလာက္ ေခ်ာေမြ႕ေစမွာ ျဖစ္ပါတယ္။ Memory Storage ကိုေတာ့ 32GB ထည့္သြင္းေပးထားပါတယ္။ Storage မေလာက္ဘူးဆိုရင္လည္း MicroSD 512GB အထိ ထပ္စိုက္ႏိုင္မွာပါ။

ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ Aperture f/1.8 အက်ယ္ရွိ 13MP Camera နဲ႔ 2MP Depth Sensor ေတြကို ေပါင္းစပ္ တပ္ဆင္ေပးထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Aperture f/2.0 အက်ယ္ရွိ 16MP Camera ကို တပ္ဆင္ေပးထားပါတယ္။ ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားတဲ့ 13MP Camera မွာ A.I. လုပ္ေဆာင္ခ်က္ေတြ ပါဝင္သလို Aperture ကလည္း f/1.8 အထိက်ယ္တဲ့အတြက္ ညဘက္လိုမ်ိဴး အလင္းေရာင္နည္းတဲ့ အခ်ိန္ေတြမွာ ဓာတ္ပုံ႐ိုက္တဲ့အခါ ေကာင္းမြန္တဲ့ ပုံရိပ္ေတြကို ဖမ္းယူႏိုင္မွာပါ။ ဒါ့အျပင္ မတူညီတဲ့ အရာဝတၳဳ ၂၂မ်ိဴးကို အခ်ိန္နဲ႔ တေျပးညီ ဖတ္ရွဴ႕မွတ္သားႏိုင္တဲ့ A.I. လုပ္ေဆာင္ခ်က္ေတြလည္း ပါဝင္ပါေသးတယ္။ ဒါ့ေၾကာင့္ ကိုယ္႐ိုက္ကူးလိုက္တဲ့ ဓာတ္ပုံတိုင္းကို အေရာင္အေသြး စုံစုံလင္လင္နဲ႔ လွပေစဖို႔အတြက္ သီးသန္႔ ခ်ိန္ညႇိ ျပဳျပင္စရာ မလိုအပ္ေတာ့ပါဘူး။


လုံၿခဳံေရးအပိုင္းအတြက္ Face Unlock စနစ္ကို အသုံးျပဳထားတာျဖစ္ၿပီး Fingerprint Sensor ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ ဒါ့ေပမယ့္ Huawei Y7 Pro 2019 မွာ အသုံးျပဳထားတဲ့ Face Unlock စနစ္က ဗားရွင္း ၂.၀ ျဖစ္တာေၾကာင့္ ပိုမိုျမန္ဆန္လာမွာ ျဖစ္သလို လုံၿခဳံေရးအပိုင္းမွာလည္း ပိုမိုအဆင္ျမင့္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ရွဴ႕ေထာင့္အမ်ိဴးမ်ိဴးကေနလည္း အဆင္ေျပေျပနဲ႔ အလြယ္တကူ Unlock လုပ္ႏိုင္တယ္လို႔ သိရပါတယ္။

ဘက္ထရီ သိုေလွာင္မႈ ပမာဏက 4000mAh အထိ ပါဝင္တဲ့အတြက္ ခဏ ခဏ အားသြင္းရမွာ ပ်င္းတဲ့သူေတြ၊ ဖုန္းအၿမဲတမ္းသုံးတဲ့သူေတြနဲ႔ အခ်ိန္ျပည့္ ဂိမ္းေဆာ့မယ့္သူေတြအတြက္ သင့္ေတာ္ပါတယ္။ ဒါ့အျပင္ ဥာဏ္ရည္တုနည္းပညာကို အေျခခံၿပီး ဖန္တီးထားတဲ့ AI Power Saving စနစ္ပါဝင္တာေၾကာင့္ ဘက္ထရီအား ကုန္ခမ္းမႈေတြကို အလိုအေလ်ာက္ ေလွ်ာ့ခ်ေပးႏိုင္မွာပါ။ Huawei Y7 Pro 2019 မွာ ဘက္ထရီအား ေခြၽတာေရးစနစ္သာမက 5V/2A 10W အျမန္အားသြင္းစနစ္လည္း ပါဝင္ပါေသးတယ္။ ဒါ့ေၾကာင့္ ဘက္ထရီအားသြင္းတဲ့ အခါမွာလည္း အခ်ိန္အၾကာႀကီး ေစာင့္စရာ လိုအပ္မွာမဟုတ္ပါဘူး။

 

Huawei Y7 Pro 2019 ကို အေရာင္ေတြအေနနဲ႔ Midnight Black, Aurora Blue နဲ႔ Coral Red ဆိုၿပီး အေရာင္ ၃မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ ေလာေလာဆယ္မွာေတာ့ ျပည္တြင္းေစ်းကြက္ထဲမွာ Midnight Black နဲ႔ Aurora Blue အေရာင္ ၂မ်ိဴးတည္းကိုသာ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာျဖစ္ၿပီး ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းက ၂၃၉,၀၀၀ က်ပ္ျဖစ္ပါတယ္။ Coral Red အေရာင္ကိုေတာ့ သိပ္မၾကာခင္မွာ တင္သြင္းေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

[Unicode]

ပြည်တွင်း စျေးကွက်ထဲကို ဝင်ရောက်လာပြီ ဖြစ်တဲ့ Huawei Y7 Pro 2019

Huawei ရဲ့ Y စီးရီး စမတ်ဖုန်းတွေကို တန်ဖိုးသင့်ပြီး အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းစီးရီးအဖြစ် လူသိများကြပါတယ်။ Huawei အနေနဲ့ Y7 Pro 2019 ကို လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ပြည်ပနိုင်ငံ တချိူ့မှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ပြည်တွင်းစျေးကွက်ထဲကို သယ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။

Huawei Y7 Pro 2019 ဟာ တန်ဖိုးသင့် စမတ်ဖုန်း အမျိူးအစားဆိုပေမယ့် သူ့ရဲ့ Display ကတော့ ၆.၂၆လက်မအထိ ရှိပါတယ်။ Resolution အနေနဲ့လည်း 720 x 1520 pixels ရှိတဲ့အတွက် ဗီဒီယိုပဲ ကြည့်ကြည့်၊ ဂိမ်းပဲ ဆော့ဆော့ လုံလောက်တဲ့ ရုပ်ထွက် အရည်အသွေးတွေကို ပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် ယနေ့ခေတ် စမတ်ဖုန်းလောကမှာ ရေပန်းစားနေတဲ့ Dewdrop Display အမျိူးအစားကို Y7 Pro 2019 မှာ အသုံးပြုထားတာကြောင့် Screen-to-touch panel ratio ကလည်း ၈၆.၇% အထိ ရှိလာတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မျက်နှာပြင် အပြည့်နီးပါးရှိတဲ့ စမတ်ဖုန်း တစ်လုံးကို ကိုင်ဆောင်နေရသလိုမျိူး အထိအတွေ့ကို ခံစားရမှာပါ။

Processor အပိုင်းအတွက် Qualcomm ရဲ့ Snapdragon 450 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 3GB ပါဝင်မှာ ဖြစ်ပါတယ်။ Snapdragon 450 SoC နဲ့ RAM 3GB ကို တွဲဖက်ပေးထားတဲ့အတွက် Mobile Legends လိုမျိူး ပေါ့ပေါ့ပါးပါး ဂိမ်းတွေကို အဆင်ပြေပြေ ဆော့ကစားနိုင်မှာ ဖြစ်သလို Web Browsing နဲ့ Multi-tasking တွေမှာလည်း ထိုက်သင့်သလောက် ချောမွေ့စေမှာ ဖြစ်ပါတယ်။ Memory Storage ကိုတော့ 32GB ထည့်သွင်းပေးထားပါတယ်။ Storage မလောက်ဘူးဆိုရင်လည်း MicroSD 512GB အထိ ထပ်စိုက်နိုင်မှာပါ။

နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် Aperture f/1.8 အကျယ်ရှိ 13MP Camera နဲ့ 2MP Depth Sensor တွေကို ပေါင်းစပ် တပ်ဆင်ပေးထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Aperture f/2.0 အကျယ်ရှိ 16MP Camera ကို တပ်ဆင်ပေးထားပါတယ်။ နောက်ကျောဘက်မှာ တပ်ဆင်ပေးထားတဲ့ 13MP Camera မှာ A.I. လုပ်ဆောင်ချက်တွေ ပါဝင်သလို Aperture ကလည်း f/1.8 အထိကျယ်တဲ့အတွက် ညဘက်လိုမျိူး အလင်းရောင်နည်းတဲ့ အချိန်တွေမှာ ဓာတ်ပုံရိုက်တဲ့အခါ ကောင်းမွန်တဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်မှာပါ။ ဒါ့အပြင် မတူညီတဲ့ အရာဝတ္ထု ၂၂မျိူးကို အချိန်နဲ့ တပြေးညီ ဖတ်ရှူ့မှတ်သားနိုင်တဲ့ A.I. လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်။ ဒါ့ကြောင့် ကိုယ်ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတိုင်းကို အရောင်အသွေး စုံစုံလင်လင်နဲ့ လှပစေဖို့အတွက် သီးသန့် ချိန်ညှိ ပြုပြင်စရာ မလိုအပ်တော့ပါဘူး။


လုံခြုံရေးအပိုင်းအတွက် Face Unlock စနစ်ကို အသုံးပြုထားတာဖြစ်ပြီး Fingerprint Sensor တော့ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါ့ပေမယ့် Huawei Y7 Pro 2019 မှာ အသုံးပြုထားတဲ့ Face Unlock စနစ်က ဗားရှင်း ၂.၀ ဖြစ်တာကြောင့် ပိုမိုမြန်ဆန်လာမှာ ဖြစ်သလို လုံခြုံရေးအပိုင်းမှာလည်း ပိုမိုအဆင်မြင့်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှူ့ထောင့်အမျိူးမျိူးကနေလည်း အဆင်ပြေပြေနဲ့ အလွယ်တကူ Unlock လုပ်နိုင်တယ်လို့ သိရပါတယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏက 4000mAh အထိ ပါဝင်တဲ့အတွက် ခဏ ခဏ အားသွင်းရမှာ ပျင်းတဲ့သူတွေ၊ ဖုန်းအမြဲတမ်းသုံးတဲ့သူတွေနဲ့ အချိန်ပြည့် ဂိမ်းဆော့မယ့်သူတွေအတွက် သင့်တော်ပါတယ်။ ဒါ့အပြင် ဥာဏ်ရည်တုနည်းပညာကို အခြေခံပြီး ဖန်တီးထားတဲ့ AI Power Saving စနစ်ပါဝင်တာကြောင့် ဘက်ထရီအား ကုန်ခမ်းမှုတွေကို အလိုအလျောက် လျှော့ချပေးနိုင်မှာပါ။ Huawei Y7 Pro 2019 မှာ ဘက်ထရီအား ချွေတာရေးစနစ်သာမက 5V/2A 10W အမြန်အားသွင်းစနစ်လည်း ပါဝင်ပါသေးတယ်။ ဒါ့ကြောင့် ဘက်ထရီအားသွင်းတဲ့ အခါမှာလည်း အချိန်အကြာကြီး စောင့်စရာ လိုအပ်မှာမဟုတ်ပါဘူး။

 

Huawei Y7 Pro 2019 ကို အရောင်တွေအနေနဲ့ Midnight Black, Aurora Blue နဲ့ Coral Red ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ လောလောဆယ်မှာတော့ ပြည်တွင်းစျေးကွက်ထဲမှာ Midnight Black နဲ့ Aurora Blue အရောင် ၂မျိူးတည်းကိုသာ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး ရောင်းချသွားမယ့် စျေးနှုန်းက ၂၃၉,၀၀၀ ကျပ်ဖြစ်ပါတယ်။ Coral Red အရောင်ကိုတော့ သိပ်မကြာခင်မှာ တင်သွင်းရောင်းချသွားမယ်လို့ သိရပါတယ်။