Flagship Killer စမတ်ဖုန်းတွေ ထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ တရုတ်နိုင်ငံ အခြေစိုက် OnePlus အနေနဲ့ တရုတ်နိုင်ငံ အတွင်းမှာ ရောင်းချခဲ့တဲ့ OnePlus စမတ်ဖုန်းတွေမှာ OxygenOS အစား HydrogenOS ကို အသုံးပြု ပေးခဲ့ပါတယ်။
HydrogenOS မှာ Google Apps တွေ၊ Google Services တွေ ပါဝင်ခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် OnePlus အနေနဲ့ Features အသစ်တွေကို မိတ်ဆက်တဲ့ အခါမှာ HydrogenOS မှာ အရင်ဦးဆုံး မိတ်ဆက် ပေးလေ့ရှိပြီး အချိန် အနည်းငယ် အကြာမှ OxygenOS အတွက် Update ထုတ်လွှင့်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။

ယခုအခါမှာလည်း HydrogenOS သုံး OnePlus 6 စမတ်ဖုန်းတွေ အတွက် HydrogenOS 5.1.11 Update ကို လွှင့်တင် ပေးလိုက်ပြီ ဖြစ်ပါတယ်။ HydrogenOS 5.1.11 ရဲ့ Update Size ဟာ 1.8GB ရှိမှာ ဖြစ်ပြီး July’s Security Patch လည်း ပါဝင်တယ်လို့ သိရပါတယ်။

HydrogenOS 5.1.11 မှာ ပိုမိုကောင်းမွန် လာခဲ့တဲ့ Features တွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

System
– Fixed issues with accidental touches triggering gestures.
– General bug fixes and improvements.
– Added sleep standby optimization.

Camera
– Improved image quality.
– Added beauty mode for selfie portraits.

Wireless and networks
– Optimized stability for Wi-Fi connection.
– Optimized gaming experience in dual 4G networks.
– Fixed stability issues with Bluetooth connection for cars.

HydrogenOS အသုံးပြုထားတဲ့ OnePlus 6 တွေ အတွက် အခုလို Improvement တွေ ပါဝင်တဲ့ Update တွေ ထုတ်လွှင့် ပေးလိုက်ပြီ ဖြစ်တာကြောင့် OxygeonOS အသုံးပြု OnePlus 6 စမတ်ဖုန်းတွေ အတွက်လည်း မကြာမီ အချိန်အတွင်းမှာ ပိုမိုကောင်းမွန်တဲ့ Features Improvements တွေ ပါဝင်တဲ့ Update တစ်ခု ကို မြင်တွေ့ရနိုင်ပါတယ်။

REF: Gizmo China