တချို့ အကြံဥာဏ်တွေကို ရုတ်တရပ်ကြားလိုက်ရတဲ့အခါတော့ ရူးကြောင်ကြောင်နိုင်တယ်လို့ ထင်ရပါလိမ့်မယ်။ အဲ့လို ရူးကြောင်ကြောင်နိုင်တဲ့ အကြံဥာဏ်တွေကနေပြီးတော့ တီထွင်မှုတွေဖြစ်ပေါ်လာတာပါ။

လေယာဉ် မတီထွင်နိုင်ခင်က လူတွေ မိုးပေါ်ပျံမယ်ဆိုတာကလည်း ရူးကြောင်ကြောင် အကြံဥာဏ်တွေလို့ ထင်ခဲ့ရပေမယ့် အခုဆိုရင် လေယာဉ်က လူသားတွေ တိုးတက်ဖွံ့ဖြိုးဖို့ အဓိက နေရာကနေ ပါဝင်နေပါပြီ။

Emojis

အခုနောက်ပိုင်း လူမှုကွန်ယက် (Facebook) မှာ အသုံးပြုနေကြတဲ့ Emojis ဆိုတဲ့ ရုပ်ပုံလေးတွေကို ၁၉၆၃ ခုနှစ်က အမေရိကန် အနုပညာရှင် ဟာဗေး ဘော က တီထွင်ခဲ့တာပါ။ ဒါပေမယ့် သူ့တီထွင်မှုအတွက် အမေရိကန်ဒေါ်လာ ၄၅ ဒေါ်လာဘဲ ရခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါမှာ စီးပွားရေးသမား ဘာနက်ခ် နဲ့ မာရီ စပိန်တို့က အဲ့ဒီ အ၀ါရောင် အပြုံးပုံစံ (Emojis) လေးကို အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ပေးပြီး မူပိုင်ခွင့် ၀ယ်လိုက်ရပါတယ်။

ဆဲလ်ဖုန်း

ဆဲလ်ဖုန်းတွေကို တီထွင်သူ မာတင် ကော်ပါက ပျားအုံတည်ဆောက်မှုကို အခြေခံပြီး စဉ်းစားခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ သူ့အတွေးအခေါ်ကို ဘယ်သူမှ လက်မခံခဲ့ပါဘူး။ ဒါပေမယ့် သူတီထွင်ပြီးတဲ့အချိန် ဆဲလ်ဖုန်းကို ပထမဆုံး စရောင်းတဲ့အချိန်မှာ လူအများ တန်းစီပြီး ၀ယ်ယူခဲ့ကြပါတယ်။

ပထမဆုံး ဆဲလ်ဖုန်း နံပါတ်ပေါင်း ၃၀ ကျော်လောက်ဘဲ မှတ်နိုင်ပြီး ၁ နာရီလောက်ဘဲ အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် ဘက်ထရီအားသွင်းချိန် ၁၀ လောက် ကြာမြင့်ပါတယ်။

 

Broken Hearts Bar

အသည်းကွဲနေသူတွေအတွက် ဘားဆိုင်ဖြစ်ပါတယ်။ အဲ့ဒီ အကြံဥာဏ်ကို တရုတ် စီးပွားရေး သမား နန်ဂျင်း ကောင်တီက စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲ့ဒီဘားမှာ အသည်းကွဲနေသူတွေက လာရောက် သောက်စားပြီး ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်၊ မရှက်ဘဲ ကျယ်ကျယ်လောင်လောင် ငိုကြွေးလို့လည်းရပါတယ်။

ပထမပိုင်းတော့ ရူးကြောင်ကြောင် အိုင်ဒီယာလို့ ထင်ကြပေမယ့် အခုတော့ အသည်းကွဲနေသူတွေအတွက် ဘားဆိုင်တွေကတော့ နိုင်ငံတော်တော်များများမှာ ရှိလာနေပါပြီ။

Fidget spinners

ဒါကတော့ ၂၀၁၇ ခုနှစ်မှာ နာမည်အကြီးဆုံး ကစားစရာပစ္စည်းဖြစ်ပါတယ်။ Fidget Spinners ကိုလှည့်ရင်း စိတ်တည်ငြိမ်မှုရရှိတယ်လို့လည်း ဆိုကြပါတယ်။ အဲ့ဒီ ကစားနည်းနဲ့ပတ်သက်တဲ့ App တစ်မျိုးကို ဒေါင်းလုပ်ခ်ချသူပေါင်း ၇ သန်းရှိလာပါတယ်။ Fidget Spinners တီထွင်တဲ့ ကုမ္ပဏီလည်း ဒေါ်လာ သန်းထောင်နဲ့ချီပြီး ရောင်းချနိုင်ခဲ့ပါတယ်။