[Zawgyi]

ေလာေလာဆယ္ ႏုိင္ငံတကာမွာ ရုပ္ရွင္နဲ႔ပတ္သက္လာရင္ Rating ကိုပဲျဖစ္ျဖစ္၊ ရုပ္ရွင္ေတြနဲ႔ သက္ဆုိင္တဲ့ Database ေတြကိုပဲျဖစ္ျဖစ္ အားထားၿပီး ၾကည့္ၾကတဲ့ ဝက္ဆုိက္ဆုိလို႔ Rotten Tomatoes နဲ႔ IMDb တုိ႔သာ ရွိတာပါ။ IMDb သို႔မဟုတ္ Internet Movies Database ဟာ အြန္လုိင္းဝန္ေဆာင္မႈ ကုမၸဏီႀကီး Amazon ရဲ႕ လုပ္ငန္းခြဲတစ္ခုလည္း ျဖစ္ပါတယ္။

IMDb ဟာ ယေန႔မွာ အခမဲ့ Video Streaming ဝန္ေဆာင္မႈတစ္ခုကို အေမရိကန္ျပည္တြင္းကေန စတင္လိုက္ၿပီး Freedive လို႔အမည္ေပးထားပါတယ္။ ရုပ္ရွင္ေတြနဲ႔ ရုပ္သံအစီအစဥ္ေတြကို အခမဲ့ၾကည့္ရႈႏုိင္မွာ ျဖစ္ၿပီး အင္တာနက္ေၾကာ္ျငာေတြေတာ့ ပါဝင္မွာပါ။

ယခင္ကလည္း IMDb ဝက္ဆုိက္မွာ ရုပ္ရွင္ေတြရဲ႕ Trailer ေတြ၊ မူရင္းစီးရီးကို အတုိခ်ဳံးထားတဲ့ ဗီဒီယုိေတြ နဲ႔ အင္တာဗ်ဴးေတြ စတဲ့ ဗီဒီယုိ Content ေတြရွိခဲ့ၿပီးသားပါ။ အခုေတာ့ ရုပ္ရွင္နဲ႔ ရုပ္သံရႈိးေတြကို အျပည့္ၾကည့္လို႔ ရေတာ့မွာ ျဖစ္ပါတယ္။

Freedive ဝန္ေဆာင္မႈကို စပ္စုခ်င္ရင္ေတာ့ https://www.imdb.com/freedive/ မွာ ဝင္ၾကည့္ႏုိင္ၿပီး ရုပ္ရွင္ေတြၾကည့္ဖို႔က Sign Up တရားဝင္လုပ္ႏုိင္ဖို႔ လိုအပ္ပါလိမ့္မယ္။ လက္ရွိမွာ Fringe, Heroes, The Bachelor တုိ႔လို ရုပ္သံစီးရီးေတြနဲ႔ Memento, Monster, The illusionist, The Last Samurai စတဲ့ ေဟာလိဝုဒ္ ကားေကာင္းေတြကို ၾကည့္ရႈႏုိင္ေနၿပီလို႔ ဆုိပါတယ္။

ဒီဝန္ေဆာင္မႈကို ကြန္ျပဴတာေတြမွာၾကည့္ႏုိင္သလို Amazon Fire TV ေတြမွာလည္း ၾကည့္ႏုိင္မွာပါ။ မၾကာခင္ IMDb မိုဘုိင္းအက္ပလီေကးရွင္းကေန တဆင့္လည္း ရလာႏိုင္ပါတယ္။ ေလာေလာဆယ္မွာေတာ့ အေမရိကန္ျပည္တြင္းသီးသန္႔ပဲ ရရွိပါေသးတယ္။

Ref – GSM Arena

[Unicode]

လောလောဆယ် နိုင်ငံတကာမှာ ရုပ်ရှင်နဲ့ပတ်သက်လာရင် Rating ကိုပဲဖြစ်ဖြစ်၊ ရုပ်ရှင်တွေနဲ့ သက်ဆိုင်တဲ့ Database တွေကိုပဲဖြစ်ဖြစ် အားထားပြီး ကြည့်ကြတဲ့ ဝက်ဆိုက်ဆိုလို့ Rotten Tomatoes နဲ့ IMDb တို့သာ ရှိတာပါ။ IMDb သို့မဟုတ် Internet Movies Database ဟာ အွန်လိုင်းဝန်ဆောင်မှု ကုမ္ပဏီကြီး Amazon ရဲ့ လုပ်ငန်းခွဲတစ်ခုလည်း ဖြစ်ပါတယ်။

IMDb ဟာ ယနေ့မှာ အခမဲ့ Video Streaming ဝန်ဆောင်မှုတစ်ခုကို အမေရိကန်ပြည်တွင်းကနေ စတင်လိုက်ပြီး Freedive လို့အမည်ပေးထားပါတယ်။ ရုပ်ရှင်တွေနဲ့ ရုပ်သံအစီအစဉ်တွေကို အခမဲ့ကြည့်ရှုနိုင်မှာ ဖြစ်ပြီး အင်တာနက်ကြော်ငြာတွေတော့ ပါဝင်မှာပါ။

ယခင်ကလည်း IMDb ဝက်ဆိုက်မှာ ရုပ်ရှင်တွေရဲ့ Trailer တွေ၊ မူရင်းစီးရီးကို အတိုချုံးထားတဲ့ ဗီဒီယိုတွေ နဲ့ အင်တာဗျူးတွေ စတဲ့ ဗီဒီယို Content တွေရှိခဲ့ပြီးသားပါ။ အခုတော့ ရုပ်ရှင်နဲ့ ရုပ်သံရှိုးတွေကို အပြည့်ကြည့်လို့ ရတော့မှာ ဖြစ်ပါတယ်။

Freedive ဝန်ဆောင်မှုကို စပ်စုချင်ရင်တော့ https://www.imdb.com/freedive/ မှာ ဝင်ကြည့်နိုင်ပြီး ရုပ်ရှင်တွေကြည့်ဖို့က Sign Up တရားဝင်လုပ်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ လက်ရှိမှာ Fringe, Heroes, The Bachelor တို့လို ရုပ်သံစီးရီးတွေနဲ့ Memento, Monster, The illusionist, The Last Samurai စတဲ့ ဟောလိဝုဒ် ကားကောင်းတွေကို ကြည့်ရှုနိုင်နေပြီလို့ ဆိုပါတယ်။

ဒီဝန်ဆောင်မှုကို ကွန်ပြူတာတွေမှာကြည့်နိုင်သလို Amazon Fire TV တွေမှာလည်း ကြည့်နိုင်မှာပါ။ မကြာခင် IMDb မိုဘိုင်းအက်ပလီကေးရှင်းကနေ တဆင့်လည်း ရလာနိုင်ပါတယ်။ လောလောဆယ်မှာတော့ အမေရိကန်ပြည်တွင်းသီးသန့်ပဲ ရရှိပါသေးတယ်။

Ref – GSM Arena