Zawgyi

၂၀၁၈ ခုႏွစ္ရဲ႕ အေကာင္းဆံုး Flagship စမတ္ဖုန္းေတြထဲမွာ HUAWEI ရဲ႕ Mate 20 Pro ကလည္း တစ္ခု အပါအဝင္ပါပဲ။ Mate 20 Pro ဟာ သာမာန္ Mate 20 ထက္ သာလြန္ေနတဲ့ အခ်က္ကေတာ့ In-Display Fingerprint Scanner လို႔ေခၚတဲ့ မ်က္ႏွာျပင္ေအာက္မွာ တပ္ဆင္ေပးထားတဲ့ လက္ေဗြဖတ္တဲ့ စနစ္ေၾကာင့္ပါပဲ။ အဆိုပါ စနစ္ဟာ မ်က္ႏွာျပင္ေပၚကို လက္ေခ်ာင္းတင္လိုက္တာနဲ႔ လက္ေဗြရာကို အလင္းတန္းထိုးျပီး မွတ္ပံုတင္ထားတဲ့ လက္ေဗြရာေတြနဲ႔ တူညီမွု ရွိမရွိ စစ္ေဆးျပီး Unlock လုပ္ေပးတာပါ။ သာမာန္ Fingerprint Scanner ေတြေလာက္ေတာ့ လွ်င္ျမန္မွု မရွိေသးေပမယ့္ တိက်မွုနဲ႔ ျမန္ဆန္မွုက အသံုးျပဳလို႔ ရတဲ့ အေနအထားမွာေတာ့ရွိပါတယ္။ ၂၀၁၈ ရဲ႕ Flagship စမတ္ဖုန္းေတြထဲမွာ Mate 20 Pro တစ္ခုပဲ In-Display Fingerprint Scanner သံုးတာမဟုတ္ပဲ Mi 8 Pro နဲ႔ OnePlus 6T လို တစ္ျခား Flagship ဖုန္းေတြမွာလည္း အသံုးျပဳထားပါေသးတယ္။ Flagship မွန္ရင္ In-Display Fingerprint Scanner သံုးရမယ္ဆိုတဲ့ ထံုးစံ ျဖစ္လာျပီး ၂၀၁၉ မွာ ထုတ္မယ့္ Flagship ဖုန္း အကုန္လံုးနီးပါးမွာ In-Display Fingerprint Scanner ပါလာေတာ့မွာပါ။ ဒါေပမယ့္လည္း In-Display Fingerprint Scanner သံုးထားတဲ့ ဖုန္းေတြမွာ ျပႆနာတစ္ခုရွိေနပါတယ္။ In-Display Fingerprint Scanner သံုးထားတဲ့ ဖုန္းေတြရဲ႕ Fingerprint ရဲ႕ အေပၚဘက္က မွန္သာ အက္သြား ကြဲသြားခဲ့ရင္ လက္ေဗြရာေတြကို မဖတ္ႏိုင္ေတာ့ပါဘူး။


လက္ရွိမွာ မ်က္ႏွာျပင္ေအာက္ကေန လက္ေဗြရာဖတ္ႏိုင္တဲ့ နည္းပညာႏွစ္ခု ရွိပါတယ္။ တစ္ခုက လက္ေဗြရာကို အလင္းတန္းထိုးျပီး ဖတ္တဲ့ နည္းပညာျဖစ္ျပီး ေနာက္တစ္မ်ိဳးကေတာ့ Ultrasonic လို႔ေခၚတဲ့ လက္ေဗြရာကို ပံုေဖာ္ေပးတဲ့ နည္းပညာပါ။ လက္ရွိမွာေတာ့ ေစ်းႏွုန္းသက္သာတဲ့ အလင္းတန္းထိုးတဲ့ နည္းပညာကိုပဲအသံုးျပဳၾကပါတယ္။ Mate 20 Pro မွာလည္း အဆိုပါ အလင္းတန္းထိုးျပီး လက္ေဗြဖတ္တဲ့ နည္းပညာကိုပဲအသံုးျပဳထားပါတယ္။ မၾကာေသးခင္ကပဲ Jerry Rigs Everything လို႔ေခၚတဲ့ Youtube Channel တစ္ခုရဲ႕ စမ္းသပ္ခ်က္အရ Mate 20 Pro ရဲ႕ In-Display Fingerprint Scanner ရဲ႕ အေပၚဘက္က မွန္ကြဲသြားတဲ့အခါ Fingerprint Scanner ကို အသံုးျပဳလို႔မရေတာ့တာကိုေတြ႔ရပါတယ္။

ဒီျပႆနာဟာ Mate 20 Pro မွာပဲ ေတြ႔ၾကံဳရမယ့္ ျပႆနာမဟုတ္ပဲ Mi 8 Pro တို႔ OnePlus 6T တို႔လို အလင္းတန္းအသံုးျပဳတဲ့ In-Display Fingerprint Scanner အသံုးျပဳထားတဲ့ ဘယ္ဖုန္းမွာ မဆိုၾကံဳရမယ့္ ျပႆနာပါ။ ဖုန္းကို Unlock ျပဳလုပ္ဖို႔အတြက္ ဖုန္းမ်က္ႏွာျပင္ေအာက္ကေန အလင္းတန္းထိုးျပီး လက္ေဗြရာကို ဖတ္ရမွာျဖစ္တဲ့အတြက္ အလင္းတန္းျဖတ္သြားမယ့္ မွန္သာ ကြဲအက္ေနခဲ့ရင္ Fingerprint Scanner ကို လံုးဝ အသံုးျပဳလို႔ရေတာ့မွာမဟုတ္ပါဘူး။

Flagship မွန္ရင္ In-Display Fingerprint ပါရမယ္ဆိုတဲ့ ေခတ္မွာ ဖုန္းထုတ္လုပ္သူတိုင္းက In-Display Fingerprint Scanner ေတြထည့္လာၾကေတာ့မွာမို႔ ေနာက္ႏွစ္မွာထုတ္မယ့္ Flagship တိုင္းမွာ In-Display Fingerprint Scanner ေတြပါဝင္လာမွာ အေသအခ်ာပါပဲ။ Ultrasonic အသံုးျပဳတဲ့ နည္းပညာက ပိုမိုေကာင္းမြန္ေပမယ့္ ေစ်းႏွုန္းၾကီးျမင့္တဲ့ အျပင္ အဆင္သင့္မျဖစ္ေသးတာေၾကာင့္ Mate 20 Pro မွာလိုပဲ အလင္းတန္းထိုးတဲ့ နည္းပညာကိုပဲ အသံုးျပဳမွာပါ။ အဲ့တာေၾကာင့္ In-Display Fingerprint Scanner ပါဝင္တဲ့ ဖုန္းတစ္လံုးသာဝယ္ထားမိရင္ မွန္မကြဲေအာင္ ဂရုစိုက္သင့္ပါတယ္။ အရင္တုန္းက ဖုန္းေတြလို မွန္ကြဲလည္း Touch မိရင္ အသံုးျပဳလို႔ရေသးတယ္ဆိုတာမ်ိဳးမဟုတ္ေတာ့ပဲ Flagship အဆင့္ Feature တစ္ခုကို ဆံုးရွံုးသြားမွာပါ။

Ref: Express.co.uk

Unicode

၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး Flagship စမတ်ဖုန်းတွေထဲမှာ HUAWEI ရဲ့ Mate 20 Pro ကလည်း တစ်ခု အပါအဝင်ပါပဲ။ Mate 20 Pro ဟာ သာမာန် Mate 20 ထက် သာလွန်နေတဲ့ အချက်ကတော့ In-Display Fingerprint Scanner လို့ခေါ်တဲ့ မျက်နှာပြင်အောက်မှာ တပ်ဆင်ပေးထားတဲ့ လက်ဗွေဖတ်တဲ့ စနစ်ကြောင့်ပါပဲ။ အဆိုပါ စနစ်ဟာ မျက်နှာပြင်ပေါ်ကို လက်ချောင်းတင်လိုက်တာနဲ့ လက်ဗွေရာကို အလင်းတန်းထိုးပြီး မှတ်ပုံတင်ထားတဲ့ လက်ဗွေရာတွေနဲ့ တူညီမှု
ရှိမရှိ စစ်ဆေးပြီး Unlock လုပ်ပေးတာပါ။ သာမာန် Fingerprint Scanner တွေလောက်တော့ လျှင်မြန်မှု မရှိသေးပေမယ့် တိကျမှုနဲ့ မြန်ဆန်မှုက အသုံးပြုလို့ ရတဲ့ အနေအထားမှာတော့ရှိပါတယ်။ ၂၀၁၈ ရဲ့ Flagship စမတ်ဖုန်းတွေထဲမှာ Mate 20 Pro တစ်ခုပဲ In-Display Fingerprint Scanner သုံးတာမဟုတ်ပဲ Mi 8 Pro နဲ့ OnePlus 6T လို တစ်ခြား Flagship ဖုန်းတွေမှာလည်း အသုံးပြုထားပါသေးတယ်။ Flagship မှန်ရင် In-Display Fingerprint Scanner သုံးရမယ်ဆိုတဲ့ ထုံးစံ ဖြစ်လာပြီး ၂၀၁၉ မှာ ထုတ်မယ့် Flagship ဖုန်း အကုန်လုံးနီးပါးမှာ In-Display Fingerprint Scanner ပါလာတော့မှာပါ။ ဒါပေမယ့်လည်း In-Display Fingerprint Scanner သုံးထားတဲ့ ဖုန်းတွေမှာ ပြဿနာတစ်ခုရှိနေပါတယ်။ In-Display Fingerprint Scanner သုံးထားတဲ့ ဖုန်းတွေရဲ့ Fingerprint ရဲ့ အပေါ်ဘက်က မှန်သာ အက်သွား ကွဲသွားခဲ့ရင် လက်ဗွေရာတွေကို မဖတ်နိုင်တော့ပါဘူး။

လက်ရှိမှာ မျက်နှာပြင်အောက်ကနေ လက်ဗွေရာဖတ်နိုင်တဲ့ နည်းပညာနှစ်ခု ရှိပါတယ်။ တစ်ခုက လက်ဗွေရာကို အလင်းတန်းထိုးပြီး ဖတ်တဲ့ နည်းပညာဖြစ်ပြီး နောက်တစ်မျိုးကတော့ Ultrasonic လို့ခေါ်တဲ့ လက်ဗွေရာကို ပုံဖော်ပေးတဲ့ နည်းပညာပါ။ လက်ရှိမှာတော့ ဈေးနှုန်းသက်သာတဲ့ အလင်းတန်းထိုးတဲ့ နည်းပညာကိုပဲအသုံးပြုကြပါတယ်။ Mate 20 Pro မှာလည်း အဆိုပါ အလင်းတန်းထိုးပြီး လက်ဗွေဖတ်တဲ့ နည်းပညာကိုပဲအသုံးပြုထားပါတယ်။ မကြာသေးခင်ကပဲ Jerry Rigs Everything လို့ခေါ်တဲ့ Youtube Channel တစ်ခုရဲ့ စမ်းသပ်ချက်အရ Mate 20 Pro ရဲ့ In-Display Fingerprint Scanner ရဲ့ အပေါ်ဘက်က မှန်ကွဲသွားတဲ့အခါ Fingerprint Scanner ကို အသုံးပြုလို့မရတော့တာကိုတွေ့ရပါတယ်။

ဒီပြဿနာဟာ Mate 20 Pro မှာပဲ တွေ့ကြုံရမယ့် ပြဿနာမဟုတ်ပဲ Mi 8 Pro တို့ OnePlus 6T တို့လို အလင်းတန်းအသုံးပြုတဲ့ In-Display Fingerprint Scanner အသုံးပြုထားတဲ့ ဘယ်ဖုန်းမှာ မဆိုကြုံရမယ့် ပြဿနာပါ။ ဖုန်းကို Unlock ပြုလုပ်ဖို့အတွက် ဖုန်းမျက်နှာပြင်အောက်ကနေ အလင်းတန်းထိုးပြီး လက်ဗွေရာကို ဖတ်ရမှာဖြစ်တဲ့အတွက် အလင်းတန်းဖြတ်သွားမယ့် မှန်သာ ကွဲအက်နေခဲ့ရင် Fingerprint Scanner ကို လုံးဝ အသုံးပြုလို့ရတော့မှာမဟုတ်ပါဘူး။

Flagship မှန်ရင် In-Display Fingerprint ပါရမယ်ဆိုတဲ့ ခေတ်မှာ ဖုန်းထုတ်လုပ်သူတိုင်းက In-Display Fingerprint Scanner တွေထည့်လာကြတော့မှာမို့ နောက်နှစ်မှာထုတ်မယ့် Flagship တိုင်းမှာ In-Display Fingerprint Scanner တွေပါဝင်လာမှာ အသေအချာပါပဲ။ Ultrasonic အသုံးပြုတဲ့ နည်းပညာက ပိုမိုကောင်းမွန်ပေမယ့် ဈေးနှုန်းကြီးမြင့်တဲ့ အပြင် အဆင်သင့်မဖြစ်သေးတာကြောင့် Mate 20 Pro မှာလိုပဲ အလင်းတန်းထိုးတဲ့ နည်းပညာကိုပဲ အသုံးပြုမှာပါ။ အဲ့တာကြောင့် In-Display Fingerprint Scanner ပါဝင်တဲ့ ဖုန်းတစ်လုံးသာဝယ်ထားမိရင် မှန်မကွဲအောင် ဂရုစိုက်သင့်ပါတယ်။ အရင်တုန်းက ဖုန်းတွေလို မှန်ကွဲလည်း Touch မိရင် အသုံးပြုလို့ရသေးတယ်ဆိုတာမျိုးမဟုတ်တော့ပဲ Flagship အဆင့် Feature တစ်ခုကို ဆုံးရှုံးသွားမှာပါ။

Ref: Express.co.uk