[Zawgyi]

TikTok ကို တ႐ုတ္ကုမၸဏီတစ္ခုျဖစ္တဲ့ ByteDance က Musical.ly ကို ေဒၚလာ ၁ဘီလီယံနဲ႔ ဝယ္ယူၿပီး ဖန္တီးခဲ့တာပါ။ တ႐ုတ္ႏိုင္ငံမွာ ေအာင္ျမင္ၿပီးေနာက္ပိုင္း အျခားႏိုင္ငံေတြဆီ ကူးစက္ပ်ံ႕ႏွံ႔သြားၿပီး ဆက္လက္ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။

၁၅ စကၠန႔္စာ ဗြီဒီယိုဖိုင္ေလးေတြ ျပဳလုပ္ၿပီး ျပန္လည္မွ်ေဝၾကတဲ့ TikTok ယဥ္ေက်းမႈက ျမန္မာႏိုင္ငံမွာလည္း အေတာ္ေလးကို ေရပန္းစားေနၿပီလို႔ ဆိုရမွာပါ။ ဒါေပမယ့္ အိမ္နီးခ်င္းႏိုင္ငံတစ္ခုျဖစ္တဲ့ အိႏၵိယမွာေတာ့ TikTok ကို ပိတ္ပင္ဖို႔ ႀကိဳးစားေနၾကပါၿပီ။

အိႏၵိယရဲ႕ ဥပေဒျပဳအမတ္အခ်ိဳ႕ကေတာ့ TikTok ကို အသုံးျပဳျခင္းဟာ ဆယ္ေက်ာ္သက္ေတြတင္မက၊ အ႐ြယ္ေရာက္ၿပီးသူေတြအတြက္ ယဥ္ေက်းမႈပ်က္စီးေစတဲ့အျပင္ အျခားဆိုးက်ိဳးေတြလည္း ျဖစ္ေပၚေစတာေၾကာင့္ ပိတ္ပင္သင့္ေၾကာင္း အစိုးရကို တိုက္တြန္းေနတယ္လို႔ သိရပါတယ္။

အိႏၵိယမွာ လူအခ်ိဳ႕ဟာ TikTok ကိုအသုံးခ်ၿပီး လိင္ပိုင္းဆိုင္ရာ လႈံ႕ေဆာ္မႈေတြ ျပဳလုပ္ေနၿပီး အဆိုပါ ဗြီဒီယိုေတြကိုလည္း က်ယ္က်ယ္ျပန႔္ျပန႔္မွ်ေဝေနၾကတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ TikTok ကိုအသုံးခ်ၿပီး အျခားတစ္ေယာက္ကို ထိခိုက္နစ္နာေစတဲ့ ေလွာင္ေျပာင္မႈေတြလည္း ျပဳလုပ္ေနၾကတာေၾကာင့္ Cyberbullying ျပႆနာေတြ ပိုၿပီး ႀကီးမားလာမွာကို စိုးရိမ္ေနရတယ္လို႔ သိရပါတယ္။

အိႏၵိယမွာ TikTok ကိုအစဥ္မပ်က္အသုံးျပဳေနသူေပါင္း သန္း ၂၀ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလအတြင္းမွာတင္ TikTok ကိုအသုံးျပဳၿပီး ေလွာင္ေျပာင္တိုက္ခိုက္မႈကို ခံခဲ့ရလို႔ တိုင္ၾကားမႈဟာ ၃၆ ႀကိမ္တိုင္ရွိခဲ့ေၾကာင္း The New Indian Express ကလည္း ေဖာ္ျပခဲ့ဖူးပါတယ္။ အဆိုပါ ေလွာင္ေျပာင္တိုက္ခိုက္ျခင္းေၾကာင့္ တိုက္ခိုက္ခံရသူဟာ သက္ေသတဲ့အထိလည္း ျဖစ္ခဲ့ရပါတယ္။

ဒါေၾကာင့္ အိႏၵိယအစိုးရအေနနဲ႔ TikTok နဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္တစ္ခုခု ခ်မွတ္ဖို႔ ပိုမိုၿပီးဖိအားေပးေတာင္းဆိုျခင္းကို ႀကဳံေတြ႕လာရဖြယ္ ရွိေနပါတယ္။ TikTok ကို ပိတ္ပင္ဖို႔ ေတာင္းဆိုမႈမွာ ပါဝင္ေနတဲ့ ဥပေဒျပဳအမတ္တစ္ဦးျဖစ္သူ Thamimun Ansari ကေတာ့ အိႏၵိယအစိုးရအေနနဲ႔ TikTok ကို မပိတ္ပင္ဘူးဆိုရင္လည္း သူနဲ႔ သူ႔ရဲ႕အဖြဲ႕ဟာ ပိုၿပီးေကာင္းမြန္တဲ့ စည္းမ်ဥ္းဥပေဒတစ္ခုခု ခ်မွတ္သြားႏိုင္ေအာင္လို႔ ႀကိဳးပမ္းၾကမွာျဖစ္တယ္လို႔ The Economic Times ကို ေျပာဆိုခဲ့ပါတယ္။

Ref: The Verge

[Unicode]

ယဉ်ကျေးမှုပျက်စီးစေတဲ့အတွက် TikTok ကို ပိတ်ပင်ဖို့ အိန္ဒိယအမတ်များ ကြိုးပမ်း

TikTok ကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ByteDance က Musical.ly ကို ဒေါ်လာ ၁ဘီလီယံနဲ့ ဝယ်ယူပြီး ဖန်တီးခဲ့တာပါ။ တရုတ်နိုင်ငံမှာ အောင်မြင်ပြီးနောက်ပိုင်း အခြားနိုင်ငံတွေဆီ ကူးစက်ပျံ့နှံ့သွားပြီး ဆက်လက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

၁၅ စက္ကန့်စာ ဗွီဒီယိုဖိုင်လေးတွေ ပြုလုပ်ပြီး ပြန်လည်မျှဝေကြတဲ့ TikTok ယဉ်ကျေးမှုက မြန်မာနိုင်ငံမှာလည်း အတော်လေးကို ရေပန်းစားနေပြီလို့ ဆိုရမှာပါ။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယမှာတော့ TikTok ကို ပိတ်ပင်ဖို့ ကြိုးစားနေကြပါပြီ။

အိန္ဒိယရဲ့ ဥပဒေပြုအမတ်အချို့ကတော့ TikTok ကို အသုံးပြုခြင်းဟာ ဆယ်ကျော်သက်တွေတင်မက၊ အရွယ်ရောက်ပြီးသူတွေအတွက် ယဉ်ကျေးမှုပျက်စီးစေတဲ့အပြင် အခြားဆိုးကျိုးတွေလည်း ဖြစ်ပေါ်စေတာကြောင့် ပိတ်ပင်သင့်ကြောင်း အစိုးရကို တိုက်တွန်းနေတယ်လို့ သိရပါတယ်။

အိန္ဒိယမှာ လူအချို့ဟာ TikTok ကိုအသုံးချပြီး လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေ ပြုလုပ်နေပြီး အဆိုပါ ဗွီဒီယိုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်မျှဝေနေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် TikTok ကိုအသုံးချပြီး အခြားတစ်ယောက်ကို ထိခိုက်နစ်နာစေတဲ့ လှောင်ပြောင်မှုတွေလည်း ပြုလုပ်နေကြတာကြောင့် Cyberbullying ပြဿနာတွေ ပိုပြီး ကြီးမားလာမှာကို စိုးရိမ်နေရတယ်လို့ သိရပါတယ်။

အိန္ဒိယမှာ TikTok ကိုအစဉ်မပျက်အသုံးပြုနေသူပေါင်း သန်း ၂၀ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှာတင် TikTok ကိုအသုံးပြုပြီး လှောင်ပြောင်တိုက်ခိုက်မှုကို ခံခဲ့ရလို့ တိုင်ကြားမှုဟာ ၃၆ ကြိမ်တိုင်ရှိခဲ့ကြောင်း The New Indian Express ကလည်း ဖော်ပြခဲ့ဖူးပါတယ်။ အဆိုပါ လှောင်ပြောင်တိုက်ခိုက်ခြင်းကြောင့် တိုက်ခိုက်ခံရသူဟာ သက်သေတဲ့အထိလည်း ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ TikTok နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်ဖို့ ပိုမိုပြီးဖိအားပေးတောင်းဆိုခြင်းကို ကြုံတွေ့လာရဖွယ် ရှိနေပါတယ်။ TikTok ကို ပိတ်ပင်ဖို့ တောင်းဆိုမှုမှာ ပါဝင်နေတဲ့ ဥပဒေပြုအမတ်တစ်ဦးဖြစ်သူ Thamimun Ansari ကတော့ အိန္ဒိယအစိုးရအနေနဲ့ TikTok ကို မပိတ်ပင်ဘူးဆိုရင်လည်း သူနဲ့ သူ့ရဲ့အဖွဲ့ဟာ ပိုပြီးကောင်းမွန်တဲ့ စည်းမျဉ်းဥပဒေတစ်ခုခု ချမှတ်သွားနိုင်အောင်လို့ ကြိုးပမ်းကြမှာဖြစ်တယ်လို့ The Economic Times ကို ပြောဆိုခဲ့ပါတယ်။

Ref: The Verge