Instagram ဟာ အြန္လုိင္းေစ်းဝယ္သူေတြအတြက္ သီးသန္႔ခြဲထုတ္ထားမယ့္ App တစ္ခုကို တည္ေဆာက္ဖို႔ ၾကိဳးစားေနတယ္လို႔ The Verge ကေဖာ္ျပခဲ့ျပီး IG Shopping လုိ႔ အမည္ေပးလာႏုိင္ေၾကာင္း သိရပါတယ္။ အဆုိပါ App ဟာ သုံးစြဲသူေတြကို သူတုိ႔ Follow လုပ္ထားတဲ့ ေစ်းဆုိင္ေတြ၊ အမွတ္တံဆိပ္ေတြက တင္ေပးတဲ့ ကုန္ပစၥည္းဓါတ္ပုံေတြကို ၾကည့္ရႈျပီး App ထဲကေန တစ္ခါတည္း ဝယ္ယူႏုိင္ေစမွာပါ။

ေစ်းဝယ္ App ကုိဘယ္ေတာ့ မိတ္ဆက္လာမလဲ ဆုိတာေတာ့ မေသခ်ာေသးပါဘူး။ လက္ရွိမွာ ထုတ္လုပ္ေနဆဲ ကာလပဲ ရွိေသးျပီး အြန္လုိင္းေစ်းေရာင္းေစ်းဝယ္က႑အတြက္ ၾကီးမားတဲ့ တုိးခ်ဲ႕မႈ ျဖစ္လာႏုိင္တယ္လို႔ ကုမၸဏီက ယူဆေနပါတယ္။

ကုမၸဏီရဲ႕ ေနာက္ဆုံးဝင္ေငြထုတ္ျပန္မႈစာရင္းအရ Instagram ေပၚမွာ စီးပြားေရးလုပ္ငန္းအေကာင့္ေပါင္း ၂၅ သန္းရွိေနျပီး သုံးစြဲသူငါးေယာက္မွာ ေလးေယာက္က လုပ္ငန္း၊ အမွတ္တံဆိပ္ အနည္းဆုံးတစ္ခုကို Follow လုပ္ထားေၾကာင္း Facebook ရဲ႕ COO ျဖစ္သူ ရွာရိုင္းဆန္းဘတ္ဂ္ ကဆုိပါတယ္။ ဒါ့ေၾကာင့္ Shopping အတြက္ သီးသန္႔ App တစ္ခု တည္ေဆာက္ေပးျခင္းက လူၾကိဳက္မ်ားလာတဲ့ လုပ္ငန္းေဆာင္တာတစ္ခုအတြက္ သီးသန္႔ေနရာတစ္ခု ေထာက္ပံ့ေပးလုိက္သလို ကုမၸဏီအတြက္ ဝင္ေငြလည္း တုိးလာႏုိင္တာ ျဖစ္ပါတယ္။

Instagram ဟာ ၂၀၁၆ ႏုိဝင္ဘာထဲက အြန္လိုင္းေရွာ့ပင္ေတြအတြက္ Feature ကုိစမ္းသပ္ေပးခဲ့ျပီး ၂၀၁၇ မတ္လမွာ က်ယ္က်ယ္ျပန္႔ျပန္႔ သုံးစြဲေစခဲ့ပါတယ္။ ဒါ့ေၾကာင့္ Instagram ေပၚမွာ ကုမၸဏီေတြက သူတုိ႔ရဲ႕ ကုန္ပစၥည္းေတြကို Tag လုပ္ျပီး ဓါတ္ပုံေတြေပၚကေန တုိက္ရုိက္ဝယ္ယူလို႔ရေစတယ္။ အခုေလာေလာဆယ္မွာ Instagram Story ေတြကေန ဝင္ၾကည့္ျပီး ေစ်းဝယ္လုိ႔ရတဲ့ Feature ကုိေတာင္ စမ္းသပ္ေနပါတယ္။

အြန္လိုင္းေရွာ့ပင္ App ဟာ Instagram ရဲ႕ ပထမဆုံး သီးသန္႔ App ေတာ့မဟုတ္ဘဲ ဒီဇင္ဘာလတုန္းက Direct ဆုိတဲ့ မက္ေဆ့ပို႔ App တစ္ခုကို စမ္းသပ္ထုတ္လႊင့္ခဲ့သလို ဇြန္လတုန္းကလည္း IGTV လုိ႔ေခၚတဲ့ ဗီဒီယုိ ပလက္ေဖာင္းတစ္ခုကို မိတ္ဆက္ခဲ့ပါေသးတယ္။

Ref – https://www.theverge.com/2018/9/4/17819766/instagram-shopping-app-e-commerce

Unicode

Instagram ဟာ အွန်လိုင်းဈေးဝယ်သူတွေအတွက် သီးသန့်ခွဲထုတ်ထားမယ့် App တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ The Verge ကဖော်ပြခဲ့ပြီး IG Shopping လို့ အမည်ပေးလာနိုင်ကြောင်း သိရပါတယ်။ အဆိုပါ App ဟာ သုံးစွဲသူတွေကို သူတို့ Follow လုပ်ထားတဲ့ ဈေးဆိုင်တွေ၊ အမှတ်တံဆိပ်တွေက တင်ပေးတဲ့ ကုန်ပစ္စည်းဓါတ်ပုံတွေကို ကြည့်ရှုပြီး App ထဲကနေ တစ်ခါတည်း ဝယ်ယူနိုင်စေမှာပါ။

ဈေးဝယ် App ကိုဘယ်တော့ မိတ်ဆက်လာမလဲ ဆိုတာတော့ မသေချာသေးပါဘူး။ လက်ရှိမှာ ထုတ်လုပ်နေဆဲ ကာလပဲ ရှိသေးပြီး အွန်လိုင်းဈေးရောင်းဈေးဝယ်ကဏ္ဍအတွက် ကြီးမားတဲ့ တိုးချဲ့မှု ဖြစ်လာနိုင်တယ်လို့ ကုမ္ပဏီက ယူဆနေပါတယ်။

ကုမ္ပဏီရဲ့ နောက်ဆုံးဝင်ငွေထုတ်ပြန်မှုစာရင်းအရ Instagram ပေါ်မှာ စီးပွားရေးလုပ်ငန်းအကောင့်ပေါင်း ၂၅ သန်းရှိနေပြီး သုံးစွဲသူငါးယောက်မှာ လေးယောက်က လုပ်ငန်း၊ အမှတ်တံဆိပ် အနည်းဆုံးတစ်ခုကို Follow လုပ်ထားကြောင်း Facebook ရဲ့ COO ဖြစ်သူ ရှာရိုင်းဆန်းဘတ်ဂ် ကဆိုပါတယ်။ ဒါ့ကြောင့် Shopping အတွက် သီးသန့် App တစ်ခု တည်ဆောက်ပေးခြင်းက လူကြိုက်များလာတဲ့ လုပ်ငန်းဆောင်တာတစ်ခုအတွက် သီးသန့်နေရာတစ်ခု ထောက်ပံ့ပေးလိုက်သလို ကုမ္ပဏီအတွက် ဝင်ငွေလည်း တိုးလာနိုင်တာ ဖြစ်ပါတယ်။

Instagram ဟာ ၂၀၁၆ နိုဝင်ဘာထဲက အွန်လိုင်းရှော့ပင်တွေအတွက် Feature ကိုစမ်းသပ်ပေးခဲ့ပြီး ၂၀၁၇ မတ်လမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲစေခဲ့ပါတယ်။ ဒါ့ကြောင့် Instagram ပေါ်မှာ ကုမ္ပဏီတွေက သူတို့ရဲ့ ကုန်ပစ္စည်းတွေကို Tag လုပ်ပြီး ဓါတ်ပုံတွေပေါ်ကနေ တိုက်ရိုက်ဝယ်ယူလို့ရစေတယ်။ အခုလောလောဆယ်မှာ Instagram Story တွေကနေ ဝင်ကြည့်ပြီး ဈေးဝယ်လို့ရတဲ့ Feature ကိုတောင် စမ်းသပ်နေပါတယ်။

အွန်လိုင်းရှော့ပင် App ဟာ Instagram ရဲ့ ပထမဆုံး သီးသန့် App တော့မဟုတ်ဘဲ ဒီဇင်ဘာလတုန်းက Direct ဆိုတဲ့ မက်ဆေ့ပို့ App တစ်ခုကို စမ်းသပ်ထုတ်လွှင့်ခဲ့သလို ဇွန်လတုန်းကလည်း IGTV လို့ခေါ်တဲ့ ဗီဒီယို ပလက်ဖောင်းတစ်ခုကို မိတ်ဆက်ခဲ့ပါသေးတယ်။