[Zawgyi]

Asus ကုမၸဏီဟာ ႀကိဳတင္ေၾကျငာထားတဲ့အတုိင္း အင္ဒိုနီးရွားႏုိင္ငံ ဂ်ာကာတာၿမိဳ႕မွာ ထုတ္ကုန္သစ္ မိတ္ဆက္ပြဲတစ္ခု က်င္းပခဲ့ကာ Asus Zenfone Max (M2) နဲ႔ Max Pro (M2) စမတ္ဖုန္း အသစ္ႏွစ္လုံးကို အမ်ားေရွ႕သုိ႔ ခ်ျပလာခဲ့ပါတယ္။

၂၀၁၈ ေမလကမွ မိတ္ဆက္ခဲ့တဲ့ မ်ဳိးဆက္ေဟာင္း Zenfone Max (M1) စမတ္ဖုန္းႏွစ္မ်ဳိးရဲ႕ Chin ႏွစ္ခုနဲ႔ ဒီဇုိင္းကို ထားခဲ့ၿပီး ပိုေခတ္မီတဲ့ Notch တစ္ခုစီနဲ႔ ထြက္လာတာေၾကာင့္ ယခင္ဖုန္းေတြထက္ Screen-to-body အခ်ဳိးမွာ အသာရၿပီး ကိုယ္ထည္အရြယ္အစား ကြာျခားမႈ သိပ္မရွိေပမယ့္ Display ေတြကေတာ့ ပိုႀကီးမားလာတာကို ေတြ႕ရတယ္။

Asus Zenfone Max (M2)

ထုတ္ကုန္သစ္မိတ္ဆက္ပြဲရဲ႕ အဓိကအာရုံစိုက္ရာျဖစ္တဲ့ Asus Zenfone Max (2) ဟာ အသင့္အတင့္ ေစ်းခ်ဳိၿပီး ဘကၳရီ၊ကင္မရာ၊Display တုိ႔နဲ႔အတူ ေဖ်ာ္ေျဖေရးစြမ္းေဆာင္ရည္ကုိပါ အသားေပးထားတဲ့ မ်ဳိးဆက္သစ္ စမတ္ဖုန္းပါ။

ယခင္မ်ဳိးဆက္ေဟာင္း ဒီဇုိင္းနဲ႔မတူဘဲ Notch တစ္ခုကို အသုံးျပဳလာတဲ့အျပင္ ကိုယ္ထည္အရြယ္အစား ကိုပါ Pro (M2) နဲ႔မတိမ္းမယိမ္းျဖစ္ေအာင္ ဖန္တီးထားတာေၾကာင့္ Max (M1) ေမာ္ဒယ္ထက္ အနည္းငယ္ ပိုၾကီးေနမွာ ျဖစ္ပါတယ္။ Max Pro (M2) နဲ႔ ကိုယ္ထည္အရြယ္အစား မကြာေပမယ့္ Notch ကေတာ့ Max (M2) ရုိးရုိးက နည္းနည္းပိုၾကီးေနတာကို ေတြ႕ရတယ္။

ဒါေပမယ့္ Display မ်က္ႏွာျပင္ကေတာ့ 6.26” လက္မခ်င္း အတူတူပါပဲ။ Screen က IPS LCD ျဖစ္ၿပီး ျမင္ကြင္းအခ်ဳိး 19:9 နဲ႔ 720 x 1520p HD+ Resolution ပါဝင္ပါတယ္။ ပါးလႊာတဲ့ Bezel ေဘာင္ေတြေၾကာင့္ Screen-to-body အခ်ဳိးက 88% ေတာင္ရွိၿပီး ေအာက္ေျခမွာေတာ့ အလြန္ေသးငယ္တဲ့ Chin တစ္ခုကို ျမင္ရမွာပါ။ On-screen Button ေတြကို ႏွစ္သက္သလို Customized ျပဳလုပ္ႏုိင္၊ Hide ထားႏုိင္မွာျဖစ္တယ္။ ေရွ႕ဘက္ကုိၾကည့္ရင္ Display ကိုပဲ တစ္ခုလုံးနီးပါး ျမင္ရမွာ ျဖစ္တဲ့အတြက္ “Allscreen” Display လို႔ Asus က သုံးႏႈန္းထားတယ္။

Zenfone Max (M2) ရဲ႕အထူက ၇.၇ မီလီမီတာပဲ ရွိတဲ့အတြက္ 4,000 mAh ဘကၳရီပါဝင္တဲ့ စမတ္ဖုန္း ေတြထဲမွာ အပါးလႊာဆုံး ျဖစ္ပါတယ္။ ေျပာင္းလဲထားတဲ့ ဒီဇုိင္းထဲမွာ ေက်ာဘက္လည္း ပါဝင္ကာ ပုိၿပီး Premium ဆန္တဲ့ သတၳဳေနာက္ေက်ာကို Space Blue, Midnight Black နဲ႔ Meteor Silver ဆုိတဲ့ အေရာင္သုံးမ်ဳိးနဲ႔ ေတြ႕ရမွာပါ။ သူ႕ရဲ႕ဘကၳရီက အားတစ္ႀကိမ္ျဖည့္ၿပီး ၂၂ နာရီဆက္တုိက္ အင္တာနက္အသုံးျပဳႏုိင္မယ္လို႔ ဆုိတယ္။

အဆုိပါ ကုိယ္ထည္အတြင္းမွာေတာ့ Snapdragon 632 SoC ကိုသုံးစြဲထားၿပီး Zenfone Max (M2) ရဲ႕ အဓိကဦးစားေပးျဖစ္တဲ့ ဘကၳရီသက္တမ္း၊ ဂရပ္ဖစ္စြမ္းရည္နဲ႔ ကြန္ျပဴတာဥာဏ္ရည္တု (AI) စနစ္တုိ႔ကို ယခင္ မ်ဳိးဆက္ေဟာင္းမွာ အသုံးျပဳခဲ့တဲ့ Snapdragon 430 ထက္ အဆေပါင္းမ်ားစြာ ျမွင့္တင္ေပးႏုိင္ပါတယ္။ Antutu Score မွာလည္း မ်ဳိးဆက္ေဟာင္း Max (M1) ဟန္းဆက္အျပင္ Zenfone Max (M2) ရဲ႕ အနီးကပ္ျပိဳင္ဘက္ေတြ ျဖစ္လာမယ့္ Redmi 6 Pro (Snapdragon 625) နဲ႔ Realme 2 (Snapdragon 450) တုိ႔ထက္ 30% ေလာက္ အသာရေနတာကို ေတြ႕ရတယ္။

ေက်ာဘက္မွာ 13MP f/1.8 ကင္မရာတစ္လုံးနဲ႔ Depth Sensing အတြက္ 2MP ကင္မရာငယ္တုိ႔ တြဲလ်က္ ပါဝင္ပါတယ္။ Depth အာရုံခံအတြက္ 2MP ကင္မရာကို သက္သက္ထည့္ေပးလာတဲ့အတြက္ Bokeh Effect လို႔ေခၚတဲ့ အရာဝတၳဳတစ္ခုကို Focus ထားၿပီး ေဘးပတ္ဝန္းက်င္ကို ဝါးလိုက္တဲ့ အထူးျပဳလုပ္ခ်က္အတြက္ ဖုန္းရဲ႕ ဥာဏ္ရည္တုျဖင့္ ဆုံးျဖတ္ႏုိင္စြမ္း သိသိသာသာ ပိုေကာင္းလာမွာ ျဖစ္တယ္။ ေရွ႕ဘက္ ဆယ္လ္ဖီကင္မရာက 8MP ျဖစ္ၿပီး Face Unlock စနစ္လည္း ပါဝင္တယ္။ Fringerprint တစ္ခုလည္း ေက်ာဘက္မွာပါပါတယ္။

ဓါတ္ပုံနဲ႔ ဗီဒီယုိရုိက္ကူးမႈဟာလည္း ဒီဖုန္းအသစ္ရဲ႕ ဦးစားေပးက႑ျဖစ္ၿပီး AI Scene Detection ပါလာတဲ့ ပထမဆုံး Zenfone စီးရီးဝင္ ဟန္းဆက္ပါ။ AI ဥာဏ္ရည္တုနဲ႔ ပုံရိပ္ထဲမွာ ပါဝင္ေနတဲ့ အရာဝတၳဳေတြကို လူ၊ စားစရာ၊ ေကာင္းကင္၊ ေနဝင္ခ်ိန္၊ ေၾကာင္၊ စင္ျမင့္၊ ပင္လယ္ စသျဖင့္ အမ်ဳိးအစား (၁၃) မ်ဳိး အလိုအေလွ်ာက္ ခြဲျခားေပးႏုိင္ပါတယ္။ အဲဒီလို ခြဲျခားျပီးတာနဲ႔ ရရွိလာတဲ့ ရလဒ္အတြက္ အေကာင္းဆုံး Setting အျဖစ္ သတ္မွတ္ထားတာကို AI Reference အေနနဲ႔ အလိုအေလွ်ာက္ ျပင္ဆင္ျပသေပးသြားမွာပါ။

မန္မုိရီပုိင္းမွာ Asus Zenfone Max (M2) ဟာ အျမင့္ဆုံး 64GB Storage နဲ႔ 4GB RAM မန္မုိရီ ဗားရွင္းထိ ရွိပါတယ္။ ထူးျခားခ်က္အေနနဲ႔ SIM Slot တစ္ခုတည္းမွာ SIM ကတ္ႏွစ္ခုနဲ႔ MicroSD ကတ္တစ္ခုစာ ဆုိျပီး Tray သုံးခု ထည့္ေပးထားတယ္။ MicroSD ကတ္ကို အသုံးျပဳျပီး Storage ပမာဏကို 2TB အထိ ျမွင့္တင္ႏုိင္တယ္ ဆုိေပမယ့္ အဲ့ဒီေလာက္ ပမာဏကိုေတာ့ စမတ္ဖုန္းေပၚမွာ ဘယ္သူမွ အသုံးမျပဳေသးပါဘူး။

7.7 mm သာ အထူရွိတဲ့ Zenfone Max (M2) ဟာ ေရွ႕ဘက္မွာ 2.5D Curved Glass နဲ႔ သတၳဳကိုယ္ထည္ကို အသုံးျပဳဖန္တီးထားေပမယ့္ အေလးခ်ိန္ 160 ဂရမ္သာ ေလးပါတယ္။ အနီးစပ္ဆုံး ျပိဳင္ဘက္ တစ္ခုအေနနဲ႔ ျပရရင္ ေအာက္တုိဘာလကမွ ထြက္ခဲ့တဲ့ Honor 8C ဖုန္းဟာ 4,000 mAh ဘကၳရီခ်င္း တူၿပီး ပလပ္စတစ္ကိုယ္ထည္ အသုံးျပဳထားကာ သိပ္မကြာလွတဲ့ 7.98mm အထူရွိေသာ္လည္း အေလးခ်ိန္ကေတာ့ 167 ဂရမ္ ရွိပါတယ္။

Asus ကုမၸဏီဟာ ေစ်းကြက္တစ္ခုခ်င္းကို လိုက္ၿပီး သက္ဆုိင္ရာေစ်းႏႈန္းေတြကို သတ္မွတ္ထားတဲ့ ေန႔စြဲအလုိက္ ထုတ္ျပန္လာမွာ ျဖစ္တဲ့အတြက္ Zenfone Max (M2) ဟာ ျမန္မာႏုိင္ငံကို ေရာက္လာမွာ ေသခ်ာေနၿပီ ျဖစ္ေပမယ့္ ျပည္တြင္းမွာေရာင္းခ်မယ့္ ေစ်းႏႈန္းကိုေတာ့ ခဏေလာက္ ေစာင့္ၾကည့္ရဦးမွာပါ။

Asus Zenfone Max Pro (M2)

ယခင္မ်ဳိးဆက္ေတြမွာေတာ့ Max Pro (M1) ဟာ ရုိးရိုး Max (M1) ထက္ အရြယ္အစားေရာ၊ Screen ပါ ပိုႀကီးမားခဲ့ပါတယ္။ ဒါေပမယ့္ M2 မ်ဳိးဆက္သစ္မွာ ကိုယ္ထည္နဲ႔ Display အရြယ္အစားကြာျခားခ်က္ မရွိေတာ့ဘဲ Max Pro (M2) မွာလည္း တူညီတဲ့ 6.26” အရြယ္ Display သာ ပါဝင္တယ္။

ဒါေပမယ့္ Max Pro (M2) ဟာ နာမည္နဲ႔လိုက္ေအာင္ အစိတ္အပိုင္းတစ္ခုခ်င္းကို Zenfone Max (M2) ထက္ နည္းနည္းစီ ပုိသာေအာင္ ဖန္တီးထားပါတယ္။ ဥပမာ – Pro (M2) ရဲ႕ဘကၳရီက 5,000 mAh ျဖစ္ၿပီး Display အရြယ္အစားခ်င္းတူေပမယ့္ Resolution က နည္းနည္းပိုသာတဲ့ 1080 x 2280 Full HD ျဖစ္ေနတာမ်ဳိးပါ။ Screen-to-body အခ်ဳိးကေတာ့ 88% ျဖစ္ကာ 19:9 Aspect Ratio ပိုင္ဆုိင္တယ္။

Display အရြယ္အစားတူေပမယ့္ Zenfone Max Pro (M2) ရဲ႕ Notch က ပိုေသးပါတယ္။ ကိုယ္ထည္ အခ်ဳိးကေတာ့ 157.9 x 75.5 x 8.5 mm ျဖစ္ၿပီး ပိုႀကီးတဲ့ ဘကၳရီေၾကာင့္လို႔ ယူဆရတယ္။ အေလးခ်ိန္ကလည္း Max (M2) ရုိးရုိးထက္ 15g ပိုေလးေပမယ့္ 5,000 mAh ဘကၳရီပါတဲ့ စမတ္ဖုန္းေတြထဲမွာ အေပါ့ဆုံးပါပဲ။ Screen ကို ျပဳတ္က်တဲ့ဒဏ္နဲ႔ ျခစ္ရာေတြ ပုိခံႏုိင္ရည္ရွိဖို႔ ေနာက္ဆုံးေပၚ Corning Gorilla Glass 6 အသုံးျပဳထားတယ္။

Asus Zenfone Max Pro (M2) မွာ အေရာင္ကို Max (M2) နဲ႔မတူေအာင္ ခြဲျခားထားၿပီး Midnight Blue နဲ႔ Cosmic Titanium အေရာင္ႏွစ္မ်ဳိးျဖင့္သာ ေလာေလာဆယ္ မိတ္ဆက္လာခဲ့ပါတယ္။ ဖုန္းႏွစ္မ်ဳိးစလုံးမွာ OS အေနနဲ႔ Stock Android (Oreo) ကို ထည့္သြင္းလာတာေၾကာင့္ Google ရဲ႕ မုိဘုိင္းစက္ႏွင္စနစ္ကို မူရင္းအရသာ အတုိင္း အသုံးျပဳႏုိင္မွာ ျဖစ္တယ္။

ပရုိဆက္ဆာကို Snapdragon 660 Chipset အသုံးျပဳလာၿပီး ဂရပ္ဖစ္ယူနစ္ကေတာ့ Adreno 512 ပါ။ အဓိက ေက်ာဘက္ကင္မရာက 12MP Sony IMX486 Sensor နဲ႔ Depth Sensing အတြက္ 5MP တို႔ ျဖစ္တယ္။ ေရွ႕ဘက္မွာ 13MP ဆယ္လ္ဖီနဲ႔အတူ Softlight LED Flash တစ္ခုပါပါတယ္။ သူ႔မွာလည္း Max (M2) နဲ႔ တူညီတဲ့ AI ဓါတ္ပုံနည္းပညာ ထည့္သြင္းလာတယ္။ SIM Slot မွာလည္း တူညီတဲ့ Tray သုံးခုနဲ႔ ပါပဲ။

မန္မုိရီမွာ 64GB Storage ဗားရွင္းကို 4GB သုိ႔မဟုတ္ 6GB RAM ေရြးခ်ယ္ႏုိင္ခြင့္ ပါလာတယ္။ Zenfone Max Pro (M2) ဟာ ပုံမွန္ထုတ္ကုန္တစ္ခုရဲ႕ Pro ဗားရွင္းျဖစ္တာေၾကာင့္ ကိုယ္ထည္အနည္းငယ္ ပိုထူၿပီး အေလးခ်ိန္ပိုေပမယ့္ သူ႕လိုပဲ Pro Line-up ၿပိဳင္ဘက္ေတြထဲမွာေတာ့ Compact အျဖစ္ဆုံးနဲ႔ အေပါ့ပါးဆုံးပါ။

ဂိမ္းကစားျခင္းနဲ႔ ေဖ်ာ္ေျဖေရးပိုင္းကို နည္းနည္းပိုဦးစားေပးထားၿပီး 5,000 mAh ဘကၳရီပမာဏက ဂိမ္းဆက္တုိက္ေဆာ့ရင္ ပ်မ္းမွ်ရွစ္နာရီခန္႔ ခံႏုိင္ရည္ရွိကာ အင္တာနက္အသုံးျပဳမယ္ဆုိရင္ ၂၃ နာရီခန္႔ ခံမယ္လို႔ ဆုိတယ္။

Asus Zenfone Max Pro (M2) ကို ျမန္မာႏုိင္ငံ ေစ်းကြက္ထဲသို႔ တရားဝင္ တင္ပို႔ေရာင္းခ်လာမွာ ျဖစ္တဲ့အတြက္ Zenfone Max (M2) လိုပဲ သက္ဆုိင္ရာ ျပည္တြင္းေစ်းကြက္အတြက္ ေစ်းႏႈန္းထြက္လာတာကို ခဏေလာက္ ေစာင့္ရဦးမွာ ျဖစ္ပါတယ္။

[Unicode]

Asus ကုမ္ပဏီဟာ ကြိုတင်ကြေငြာထားတဲ့အတိုင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ထုတ်ကုန်သစ် မိတ်ဆက်ပွဲတစ်ခု ကျင်းပခဲ့ကာ Asus Zenfone Max (M2) နဲ့ Max Pro (M2) စမတ်ဖုန်း အသစ်နှစ်လုံးကို အများရှေ့သို့ ချပြလာခဲ့ပါတယ်။

၂၀၁၈ မေလကမှ မိတ်ဆက်ခဲ့တဲ့ မျိုးဆက်ဟောင်း Zenfone Max (M1) စမတ်ဖုန်းနှစ်မျိုးရဲ့ Chin နှစ်ခုနဲ့ ဒီဇိုင်းကို ထားခဲ့ပြီး ပိုခေတ်မီတဲ့ Notch တစ်ခုစီနဲ့ ထွက်လာတာကြောင့် ယခင်ဖုန်းတွေထက် Screen-to-body အချိုးမှာ အသာရပြီး ကိုယ်ထည်အရွယ်အစား ကွာခြားမှု သိပ်မရှိပေမယ့် Display တွေကတော့ ပိုကြီးမားလာတာကို တွေ့ရတယ်။

Asus Zenfone Max (M2)

ထုတ်ကုန်သစ်မိတ်ဆက်ပွဲရဲ့ အဓိကအာရုံစိုက်ရာဖြစ်တဲ့ Asus Zenfone Max (2) ဟာ အသင့်အတင့် ဈေးချိုပြီး ဘက္ထရီ၊ကင်မရာ၊Display တို့နဲ့အတူ ဖျော်ဖြေရေးစွမ်းဆောင်ရည်ကိုပါ အသားပေးထားတဲ့ မျိုးဆက်သစ် စမတ်ဖုန်းပါ။

ယခင်မျိုးဆက်ဟောင်း ဒီဇိုင်းနဲ့မတူဘဲ Notch တစ်ခုကို အသုံးပြုလာတဲ့အပြင် ကိုယ်ထည်အရွယ်အစား ကိုပါ Pro (M2) နဲ့မတိမ်းမယိမ်းဖြစ်အောင် ဖန်တီးထားတာကြောင့် Max (M1) မော်ဒယ်ထက် အနည်းငယ် ပိုကြီးနေမှာ ဖြစ်ပါတယ်။ Max Pro (M2) နဲ့ ကိုယ်ထည်အရွယ်အစား မကွာပေမယ့် Notch ကတော့ Max (M2) ရိုးရိုးက နည်းနည်းပိုကြီးနေတာကို တွေ့ရတယ်။

ဒါပေမယ့် Display မျက်နှာပြင်ကတော့ 6.26” လက်မချင်း အတူတူပါပဲ။ Screen က IPS LCD ဖြစ်ပြီး မြင်ကွင်းအချိုး 19:9 နဲ့ 720 x 1520p HD+ Resolution ပါဝင်ပါတယ်။ ပါးလွှာတဲ့ Bezel ဘောင်တွေကြောင့် Screen-to-body အချိုးက 88% တောင်ရှိပြီး အောက်ခြေမှာတော့ အလွန်သေးငယ်တဲ့ Chin တစ်ခုကို မြင်ရမှာပါ။ On-screen Button တွေကို နှစ်သက်သလို Customized ပြုလုပ်နိုင်၊ Hide ထားနိုင်မှာဖြစ်တယ်။ ရှေ့ဘက်ကိုကြည့်ရင် Display ကိုပဲ တစ်ခုလုံးနီးပါး မြင်ရမှာ ဖြစ်တဲ့အတွက် “Allscreen” Display လို့ Asus က သုံးနှုန်းထားတယ်။

Zenfone Max (M2) ရဲ့အထူက ၇.၇ မီလီမီတာပဲ ရှိတဲ့အတွက် 4,000 mAh ဘက္ထရီပါဝင်တဲ့ စမတ်ဖုန်း တွေထဲမှာ အပါးလွှာဆုံး ဖြစ်ပါတယ်။ ပြောင်းလဲထားတဲ့ ဒီဇိုင်းထဲမှာ ကျောဘက်လည်း ပါဝင်ကာ ပိုပြီး Premium ဆန်တဲ့ သတ္ထုနောက်ကျောကို Space Blue, Midnight Black နဲ့ Meteor Silver ဆိုတဲ့ အရောင်သုံးမျိုးနဲ့ တွေ့ရမှာပါ။ သူ့ရဲ့ဘက္ထရီက အားတစ်ကြိမ်ဖြည့်ပြီး ၂၂ နာရီဆက်တိုက် အင်တာနက်အသုံးပြုနိုင်မယ်လို့ ဆိုတယ်။

အဆိုပါ ကိုယ်ထည်အတွင်းမှာတော့ Snapdragon 632 SoC ကိုသုံးစွဲထားပြီး Zenfone Max (M2) ရဲ့ အဓိကဦးစားပေးဖြစ်တဲ့ ဘက္ထရီသက်တမ်း၊ ဂရပ်ဖစ်စွမ်းရည်နဲ့ ကွန်ပြူတာဉာဏ်ရည်တု (AI) စနစ်တို့ကို ယခင် မျိုးဆက်ဟောင်းမှာ အသုံးပြုခဲ့တဲ့ Snapdragon 430 ထက် အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်ပါတယ်။ Antutu Score မှာလည်း မျိုးဆက်ဟောင်း Max (M1) ဟန်းဆက်အပြင် Zenfone Max (M2) ရဲ့ အနီးကပ်ပြိုင်ဘက်တွေ ဖြစ်လာမယ့် Redmi 6 Pro (Snapdragon 625) နဲ့ Realme 2 (Snapdragon 450) တို့ထက် 30% လောက် အသာရနေတာကို တွေ့ရတယ်။

ကျောဘက်မှာ 13MP f/1.8 ကင်မရာတစ်လုံးနဲ့ Depth Sensing အတွက် 2MP ကင်မရာငယ်တို့ တွဲလျက် ပါဝင်ပါတယ်။ Depth အာရုံခံအတွက် 2MP ကင်မရာကို သက်သက်ထည့်ပေးလာတဲ့အတွက် Bokeh Effect လို့ခေါ်တဲ့ အရာဝတ္ထုတစ်ခုကို Focus ထားပြီး ဘေးပတ်ဝန်းကျင်ကို ဝါးလိုက်တဲ့ အထူးပြုလုပ်ချက်အတွက် ဖုန်းရဲ့ ဉာဏ်ရည်တုဖြင့် ဆုံးဖြတ်နိုင်စွမ်း သိသိသာသာ ပိုကောင်းလာမှာ ဖြစ်တယ်။ ရှေ့ဘက် ဆယ်လ်ဖီကင်မရာက 8MP ဖြစ်ပြီး Face Unlock စနစ်လည်း ပါဝင်တယ်။ Fringerprint တစ်ခုလည်း ကျောဘက်မှာပါပါတယ်။

ဓါတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးမှုဟာလည်း ဒီဖုန်းအသစ်ရဲ့ ဦးစားပေးကဏ္ဍဖြစ်ပြီး AI Scene Detection ပါလာတဲ့ ပထမဆုံး Zenfone စီးရီးဝင် ဟန်းဆက်ပါ။ AI ဉာဏ်ရည်တုနဲ့ ပုံရိပ်ထဲမှာ ပါဝင်နေတဲ့ အရာဝတ္ထုတွေကို လူ၊ စားစရာ၊ ကောင်းကင်၊ နေဝင်ချိန်၊ ကြောင်၊ စင်မြင့်၊ ပင်လယ် စသဖြင့် အမျိုးအစား (၁၃) မျိုး အလိုအလျှောက် ခွဲခြားပေးနိုင်ပါတယ်။ အဲဒီလို ခွဲခြားပြီးတာနဲ့ ရရှိလာတဲ့ ရလဒ်အတွက် အကောင်းဆုံး Setting အဖြစ် သတ်မှတ်ထားတာကို AI Reference အနေနဲ့ အလိုအလျှောက် ပြင်ဆင်ပြသပေးသွားမှာပါ။

မန်မိုရီပိုင်းမှာ Asus Zenfone Max (M2) ဟာ အမြင့်ဆုံး 64GB Storage နဲ့ 4GB RAM မန်မိုရီ ဗားရှင်းထိ ရှိပါတယ်။ ထူးခြားချက်အနေနဲ့ SIM Slot တစ်ခုတည်းမှာ SIM ကတ်နှစ်ခုနဲ့ MicroSD ကတ်တစ်ခုစာ ဆိုပြီး Tray သုံးခု ထည့်ပေးထားတယ်။ MicroSD ကတ်ကို အသုံးပြုပြီး Storage ပမာဏကို 2TB အထိ မြှင့်တင်နိုင်တယ် ဆိုပေမယ့် အဲ့ဒီလောက် ပမာဏကိုတော့ စမတ်ဖုန်းပေါ်မှာ ဘယ်သူမှ အသုံးမပြုသေးပါဘူး။

7.7 mm သာ အထူရှိတဲ့ Zenfone Max (M2) ဟာ ရှေ့ဘက်မှာ 2.5D Curved Glass နဲ့ သတ္ထုကိုယ်ထည်ကို အသုံးပြုဖန်တီးထားပေမယ့် အလေးချိန် 160 ဂရမ်သာ လေးပါတယ်။ အနီးစပ်ဆုံး ပြိုင်ဘက် တစ်ခုအနေနဲ့ ပြရရင် အောက်တိုဘာလကမှ ထွက်ခဲ့တဲ့ Honor 8C ဖုန်းဟာ 4,000 mAh ဘက္ထရီချင်း တူပြီး ပလပ်စတစ်ကိုယ်ထည် အသုံးပြုထားကာ သိပ်မကွာလှတဲ့ 7.98mm အထူရှိသော်လည်း အလေးချိန်ကတော့ 167 ဂရမ် ရှိပါတယ်။

Asus ကုမ္ပဏီဟာ ဈေးကွက်တစ်ခုချင်းကို လိုက်ပြီး သက်ဆိုင်ရာဈေးနှုန်းတွေကို သတ်မှတ်ထားတဲ့ နေ့စွဲအလိုက် ထုတ်ပြန်လာမှာ ဖြစ်တဲ့အတွက် Zenfone Max (M2) ဟာ မြန်မာနိုင်ငံကို ရောက်လာမှာ သေချာနေပြီ ဖြစ်ပေမယ့် ပြည်တွင်းမှာရောင်းချမယ့် ဈေးနှုန်းကိုတော့ ခဏလောက် စောင့်ကြည့်ရဦးမှာပါ။

Asus Zenfone Max Pro (M2)

ယခင်မျိုးဆက်တွေမှာတော့ Max Pro (M1) ဟာ ရိုးရိုး Max (M1) ထက် အရွယ်အစားရော၊ Screen ပါ ပိုကြီးမားခဲ့ပါတယ်။ ဒါပေမယ့် M2 မျိုးဆက်သစ်မှာ ကိုယ်ထည်နဲ့ Display အရွယ်အစားကွာခြားချက် မရှိတော့ဘဲ Max Pro (M2) မှာလည်း တူညီတဲ့ 6.26” အရွယ် Display သာ ပါဝင်တယ်။

ဒါပေမယ့် Max Pro (M2) ဟာ နာမည်နဲ့လိုက်အောင် အစိတ်အပိုင်းတစ်ခုချင်းကို Zenfone Max (M2) ထက် နည်းနည်းစီ ပိုသာအောင် ဖန်တီးထားပါတယ်။ ဥပမာ – Pro (M2) ရဲ့ဘက္ထရီက 5,000 mAh ဖြစ်ပြီး Display အရွယ်အစားချင်းတူပေမယ့် Resolution က နည်းနည်းပိုသာတဲ့ 1080 x 2280 Full HD ဖြစ်နေတာမျိုးပါ။ Screen-to-body အချိုးကတော့ 88% ဖြစ်ကာ 19:9 Aspect Ratio ပိုင်ဆိုင်တယ်။

Display အရွယ်အစားတူပေမယ့် Zenfone Max Pro (M2) ရဲ့ Notch က ပိုသေးပါတယ်။ ကိုယ်ထည် အချိုးကတော့ 157.9 x 75.5 x 8.5 mm ဖြစ်ပြီး ပိုကြီးတဲ့ ဘက္ထရီကြောင့်လို့ ယူဆရတယ်။ အလေးချိန်ကလည်း Max (M2) ရိုးရိုးထက် 15g ပိုလေးပေမယ့် 5,000 mAh ဘက္ထရီပါတဲ့ စမတ်ဖုန်းတွေထဲမှာ အပေါ့ဆုံးပါပဲ။ Screen ကို ပြုတ်ကျတဲ့ဒဏ်နဲ့ ခြစ်ရာတွေ ပိုခံနိုင်ရည်ရှိဖို့ နောက်ဆုံးပေါ် Corning Gorilla Glass 6 အသုံးပြုထားတယ်။

Asus Zenfone Max Pro (M2) မှာ အရောင်ကို Max (M2) နဲ့မတူအောင် ခွဲခြားထားပြီး Midnight Blue နဲ့ Cosmic Titanium အရောင်နှစ်မျိုးဖြင့်သာ လောလောဆယ် မိတ်ဆက်လာခဲ့ပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ OS အနေနဲ့ Stock Android (Oreo) ကို ထည့်သွင်းလာတာကြောင့် Google ရဲ့ မိုဘိုင်းစက်နှင်စနစ်ကို မူရင်းအရသာ အတိုင်း အသုံးပြုနိုင်မှာ ဖြစ်တယ်။

ပရိုဆက်ဆာကို Snapdragon 660 Chipset အသုံးပြုလာပြီး ဂရပ်ဖစ်ယူနစ်ကတော့ Adreno 512 ပါ။ အဓိက ကျောဘက်ကင်မရာက 12MP Sony IMX486 Sensor နဲ့ Depth Sensing အတွက် 5MP တို့ ဖြစ်တယ်။ ရှေ့ဘက်မှာ 13MP ဆယ်လ်ဖီနဲ့အတူ Softlight LED Flash တစ်ခုပါပါတယ်။ သူ့မှာလည်း Max (M2) နဲ့ တူညီတဲ့ AI ဓါတ်ပုံနည်းပညာ ထည့်သွင်းလာတယ်။ SIM Slot မှာလည်း တူညီတဲ့ Tray သုံးခုနဲ့ ပါပဲ။

မန်မိုရီမှာ 64GB Storage ဗားရှင်းကို 4GB သို့မဟုတ် 6GB RAM ရွေးချယ်နိုင်ခွင့် ပါလာတယ်။ Zenfone Max Pro (M2) ဟာ ပုံမှန်ထုတ်ကုန်တစ်ခုရဲ့ Pro ဗားရှင်းဖြစ်တာကြောင့် ကိုယ်ထည်အနည်းငယ် ပိုထူပြီး အလေးချိန်ပိုပေမယ့် သူ့လိုပဲ Pro Line-up ပြိုင်ဘက်တွေထဲမှာတော့ Compact အဖြစ်ဆုံးနဲ့ အပေါ့ပါးဆုံးပါ။

ဂိမ်းကစားခြင်းနဲ့ ဖျော်ဖြေရေးပိုင်းကို နည်းနည်းပိုဦးစားပေးထားပြီး 5,000 mAh ဘက္ထရီပမာဏက ဂိမ်းဆက်တိုက်ဆော့ရင် ပျမ်းမျှရှစ်နာရီခန့် ခံနိုင်ရည်ရှိကာ အင်တာနက်အသုံးပြုမယ်ဆိုရင် ၂၃ နာရီခန့် ခံမယ်လို့ ဆိုတယ်။

Asus Zenfone Max Pro (M2) ကို မြန်မာနိုင်ငံ ဈေးကွက်ထဲသို့ တရားဝင် တင်ပို့ရောင်းချလာမှာ ဖြစ်တဲ့အတွက် Zenfone Max (M2) လိုပဲ သက်ဆိုင်ရာ ပြည်တွင်းဈေးကွက်အတွက် ဈေးနှုန်းထွက်လာတာကို ခဏလောက် စောင့်ရဦးမှာ ဖြစ်ပါတယ်။