Apple ကအခုအချိန်မှာ iOS Version 11.4 ကို နောက်ဆုံးအနေနဲ့ ထုတ်ပေးထားပြီးတော့ အဆိုပါ Update ဟာ iPhone 6 လိုမျိုး iPhone အဟောင်းတွေမှာတော့ ပြဿနာတက်နေပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Apple Communities Forum Page မှာ Apple iPhone 6 နဲ့ iPhone 6s တွေကိုင်ဆောင်ထားတဲ့သူတွေက ယခုပြဿနာကိုပြောကြားနေတာပဲဖြစ်ပါတယ်။ ဘယ်လောက်ထိတောင် ဆိုးသလဲဆိုရင် စက္ကန့် ၂၀ တိုင်းမှာ Battery 1% ကုန်နေတဲ့အထိကို ဖြစ်နေတယ်လို့ သိရပါတယ်။ အခုလိုမျိုးဖြစ်နေတာက iPhone 6 နဲ့ iPhone 6s ဖုန်းတွေမှာ ပိုဖြစ်နေပြီးတော့ iPhone 7 နဲ့ iPhone 7 Plus လိုမျိုး ဖုန်းအသစ်တွေမှာတော့ ဖြစ်တာကို မတွေ့ရပါဘူး။

တကယ်လို့ ကိုယ့် iPhone တွေမှာ iOS 11.4 Update တင်ပြိး အခုလိုမျိုး ပြဿနာဖြစ်နေတယ်ဆိုရင်တော့ အချို့သော အသုံးပြုသူတွေက Wi-Fi ကို ပိတ်ထားတာက သိသိသာသာကို ပြန်ပြီး တိုးတက်လာစေတယ်လို့ သိရပါတယ်။

Apple ကတော့ အခုလိုမျိုး Battery သိသိသာသာစားနေတဲ့အပေါ်ကို ဖြေရှင်းချက်မပေးခဲ့ပေမယ့် မကြာခင် Update မှာတော့ ပြန်လည်ဖြေရှင်းသွားမယ်လို့ ယူဆရပါတယ်။