Zawgyi

အရင္လက မိတ္ဆက္ခဲ့တဲ့ iPhone XS နဲ႔ XS Max ကို အသံုးျပဳေနၾကတဲ့ သူေတြဟာ Screen ပိတ္ျပီးအားသြင္းမရတဲ့ ျပႆနာေတြနဲ႔ Wi-Fi လိုင္းေႏွးတဲ့ ျပႆနာေတြကို ၾကံဳေတြ႔ခဲ့ရပါတယ္။ Apple အေနနဲ႔ အဆိုပါ ျပႆနာေတြနဲ႔ ပက္သက္ျပီး တစ္စံုတစ္ရာ အေၾကာင္းျပန္ၾကားျခင္းမရွိပဲ အခုေတာ့ အဆိုပါ ျပႆနာေတြကို ေျဖရွင္းေပးမယ့္ iOS 12.0.1 ကိုျဖန္႔ခ်ီေပးလိုက္ပါျပီ။ အဆိုပါ Update ကိုျမွင့္တင္လိုက္ရင္ Screen ပိတ္ျပီး အားသြင္းလို႔မရတဲ့ ျပႆနာနဲ႔ တစ္ျခား Error ေတာ္ေတာ္မ်ားမ်ားကို ျပင္ဆင္ေပးမယ္လို႔ သိရပါတယ္။

iPhone XS ေတြမွာ Wi-Fi Speed ေႏွးေကြးတဲ့ ျပႆနာနဲ႔ 5GHz Wi-Fi Network ကိုခ်ိတ္ဆက္ရမယ့္ အစား 2.4GHz ပဲ ခ်ိတ္လို႔ရတဲ့ ျပႆနာကို လည္း အဆိုပါ Update က ေျဖရွင္းေပးသြားပါတယ္။ iOS 12 ပထမဆံုး Update သြင္းလိုက္တဲ့ iPad ေတြရဲ႕ Keyboard မွာ Number Key ေတြအစား Emoji Key ေတြနဲ႔ အစားထိုးလိုက္တဲ့ ျပႆနာကိုလည္း ေျဖရွင္းေပးျပီး Bluetooth Error ေတြနဲ႔ တစ္ခ်ိဳ႕ Video App ေတြမွာ စာတန္းမထိုးတဲ့ ျပႆနာေတြကိုလည္းေျဖရွင္းေပးသြားပါတယ္။

အခုဆိုရင္ iPhone XS/XS Max အသံုးျပဳသူေတြအကုန္လံုး အားသြင္းျပႆနာမၾကံဳရေတာ့တဲ့ အတြက္ ရင္ေအးႏိုင္ပါျပီ။ iPhone XS/XS Max ရဲ႕ အားသြင္းျပႆနာဆိုတာ အားလံုးဝသြင္းလို႔မရတာ မဟုတ္ပဲ Screen ပိတ္ထားျပီး အားသြင္းရင္ အားလံုးဝမဝင္တာျဖစ္ပါတယ္။ Screen ဖြင့္ရင္းအားသြင္းမွ အားဝင္လို႔ သတိမထားမိပဲ အမွတ္တမဲ့ Screen ပိတ္ရင္း အားသြင္းမိတဲ့သူေတြကို အရမ္း စိတ္အေႏွာင့္အယွတ္ျဖစ္ေစပါတယ္။ အခု Update ဟာ အားသြင္းမရတဲ့ ျပႆနာနဲ႔ Network Speed ျပႆနာေတြကိုသာ အဓိကေျဖရွင္းေပးသြားျပီး Seflie ပံုေတြရိုက္ရင္ ေကာ္ပတ္ရုပ္လို ေခ်ာေမြ႕ေနတဲ့ ျပႆနာကိုေတာ့ ေျဖရွင္းမေပးေသးပါဘူး။

Ref: Gizmo China

Unicode

အရင်လက မိတ်ဆက်ခဲ့တဲ့ iPhone XS နဲ့ XS Max ကို အသုံးပြုနေကြတဲ့ သူတွေဟာ Screen ပိတ်ပြီးအားသွင်းမရတဲ့ ပြဿနာတွေနဲ့ Wi-Fi လိုင်းနှေးတဲ့ ပြဿနာတွေကို ကြုံတွေ့ခဲ့ရပါတယ်။ Apple အနေနဲ့ အဆိုပါ ပြဿနာတွေနဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိပဲ အခုတော့ အဆိုပါ ပြဿနာတွေကို ဖြေရှင်းပေးမယ့် iOS 12.0.1 ကိုဖြန့်ချီပေးလိုက်ပါပြီ။ အဆိုပါ Update ကိုမြှင့်တင်လိုက်ရင် Screen ပိတ်ပြီး အားသွင်းလို့မရတဲ့ ပြဿနာနဲ့ တစ်ခြား Error တော်တော်များများကို ပြင်ဆင်ပေးမယ်လို့ သိရပါတယ်။

iPhone XS တွေမှာ Wi-Fi Speed နှေးကွေးတဲ့ ပြဿနာနဲ့ 5GHz Wi-Fi Network ကိုချိတ်ဆက်ရမယ့် အစား 2.4GHz ပဲ ချိတ်လို့ရတဲ့ ပြဿနာကို လည်း အဆိုပါ Update က ဖြေရှင်းပေးသွားပါတယ်။ iOS 12 ပထမဆုံး Update သွင်းလိုက်တဲ့ iPad တွေရဲ့ Keyboard မှာ Number Key တွေအစား Emoji Key တွေနဲ့ အစားထိုးလိုက်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးပြီး Bluetooth Error တွေနဲ့ တစ်ချို့ Video App တွေမှာ စာတန်းမထိုးတဲ့ ပြဿနာတွေကိုလည်းဖြေရှင်းပေးသွားပါတယ်။

အခုဆိုရင် iPhone XS/XS Max အသုံးပြုသူတွေအကုန်လုံး အားသွင်းပြဿနာမကြုံရတော့တဲ့ အတွက် ရင်အေးနိုင်ပါပြီ။ iPhone XS/XS Max ရဲ့ အားသွင်းပြဿနာဆိုတာ အားလုံးဝသွင်းလို့မရတာ မဟုတ်ပဲ Screen ပိတ်ထားပြီး အားသွင်းရင် အားလုံးဝမဝင်တာဖြစ်ပါတယ်။ Screen ဖွင့်ရင်းအားသွင်းမှ အားဝင်လို့ သတိမထားမိပဲ အမှတ်တမဲ့ Screen ပိတ်ရင်း အားသွင်းမိတဲ့သူတွေကို အရမ်း စိတ်အနှောင့်အယှတ်ဖြစ်စေပါတယ်။ အခု Update ဟာ အားသွင်းမရတဲ့ ပြဿနာနဲ့ Network Speed ပြဿနာတွေကိုသာ အဓိကဖြေရှင်းပေးသွားပြီး Seflie ပုံတွေရိုက်ရင် ကော်ပတ်ရုပ်လို ချောမွေ့နေတဲ့ ပြဿနာကိုတော့ ဖြေရှင်းမပေးသေးပါဘူး။

Ref: Gizmo China