မေန႔ညက Apple ပြဲမွာ iOS 12 ကို တရားဝင္မိတ္ဆက္ခဲ့ျပီး လာမယ့္အပတ္က စလို႔ iPhone, iPad ပုိင္ရွင္ေတြ iOS အသစ္ကို Update ျပဳလုပ္ႏုိင္ေတာ့မွာပါ။

iOS 12 Update ဟာ လာမယ့္ စက္တင္ဘာ ၁၇ ရက္၊ တနလၤာေန႔မွာ ထြက္လာမယ္လို႔ Apple က ေၾကျငာခဲ့ျပီး အုိင္ဖုန္းအသစ္ေတြမွာေတာ့ တစ္ခါတည္း iOS 12 ပါဝင္လာမွာျဖစ္ပါတယ္။ Apple ဟာ သူ႕ရဲ႕ iOS Update အသစ္ကို ထုတ္ကုန္သစ္မိတ္ဆက္ပြဲျပီးတဲ့ ေနာက္တစ္ပတ္မွာ ထုတ္ေပးေလ့ရွိတာေၾကာင့္ စက္တင္ဘာ ၁၇ ရက္မွာ ထြက္လာမယ္ဆုိတာ ယုတၱိရွိပါတယ္။

Feature အသစ္ေတြအေနနဲ႔ Memoji, Group Noticfication တုိ႔အျပင္ ပုိသစ္လြင္ေကာင္းမြန္တဲ့ Overall Performance ျမွင့္တင္မႈ ပါဝင္လာမွာျဖစ္တဲ့အတြက္ အုိင္ဖုန္းအေဟာင္းေတြမွာလည္း အသစ္တစ္လုံး ေျပာင္းကိုင္ရသလို သစ္လြင္တဲ့ ခံစားခ်က္ ရလာေစမွာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ iOS 12 Beta ဗားရွင္းလည္း သုံးစြဲႏုိင္မွာျဖစ္ျပီး iOS 11 ထက္ေတာ့ သာေနမွာပါ။ ဘီတာဗားရွင္းက iPhone XS နဲ႔ Apple Watch 4 တုိ႔ရဲ႕ အတြင္းလုပ္ေဆာင္ပုံေတြကို သုံးစြဲသူေတြ တေစ့တေစာင္း ၾကည့္ရႈႏုိင္ေစမွာပါ။

Apple ရဲ႕အဓိကျပိဳင္ဘက္ျဖစ္တဲ့ Google ကလည္း Android Pie နဲ႔ Google Pixel 3 ဖုန္းေတြကို လာမယ့္ ေအာက္တိုဘာ ၉ ရက္ေန႔မွာ မိတ္ဆက္လာေတာ့မွာ ျဖစ္လို႔ အဓိက အစိတ္အပုိင္းၾကီး တစ္ခုျဖစ္တဲ့ မိုဘုိင္း OS ကို ခုိင္ခံ့ေကာင္းမြန္ေအာင္ အာရုံစုိက္ေနတာ သိသာပါတယ္။

Ref – https://www.techradar.com/news/ios-12

Unicode

မနေ့ညက Apple ပွဲမှာ iOS 12 ကို တရားဝင်မိတ်ဆက်ခဲ့ပြီး လာမယ့်အပတ်က စလို့ iPhone, iPad ပိုင်ရှင်တွေ iOS အသစ်ကို Update ပြုလုပ်နိုင်တော့မှာပါ။

iOS 12 Update ဟာ လာမယ့် စက်တင်ဘာ ၁၇ ရက်၊ တနင်္လာနေ့မှာ ထွက်လာမယ်လို့ Apple က ကြေငြာခဲ့ပြီး အိုင်ဖုန်းအသစ်တွေမှာတော့ တစ်ခါတည်း iOS 12 ပါဝင်လာမှာဖြစ်ပါတယ်။ Apple ဟာ သူ့ရဲ့ iOS Update အသစ်ကို ထုတ်ကုန်သစ်မိတ်ဆက်ပွဲပြီးတဲ့ နောက်တစ်ပတ်မှာ ထုတ်ပေးလေ့ရှိတာကြောင့် စက်တင်ဘာ ၁၇ ရက်မှာ ထွက်လာမယ်ဆိုတာ ယုတ္တိရှိပါတယ်။

Feature အသစ်တွေအနေနဲ့ Memoji, Group Noticfication တို့အပြင် ပိုသစ်လွင်ကောင်းမွန်တဲ့ Overall Performance မြှင့်တင်မှု ပါဝင်လာမှာဖြစ်တဲ့အတွက် အိုင်ဖုန်းအဟောင်းတွေမှာလည်း အသစ်တစ်လုံး ပြောင်းကိုင်ရသလို သစ်လွင်တဲ့ ခံစားချက် ရလာစေမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ iOS 12 Beta ဗားရှင်းလည်း သုံးစွဲနိုင်မှာဖြစ်ပြီး iOS 11 ထက်တော့ သာနေမှာပါ။ ဘီတာဗားရှင်းက iPhone XS နဲ့ Apple Watch 4 တို့ရဲ့ အတွင်းလုပ်ဆောင်ပုံတွေကို သုံးစွဲသူတွေ တစေ့တစောင်း ကြည့်ရှုနိုင်စေမှာပါ။

Apple ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ Google ကလည်း Android Pie နဲ့ Google Pixel 3 ဖုန်းတွေကို လာမယ့် အောက်တိုဘာ ၉ ရက်နေ့မှာ မိတ်ဆက်လာတော့မှာ ဖြစ်လို့ အဓိက အစိတ်အပိုင်းကြီး တစ်ခုဖြစ်တဲ့ မိုဘိုင်း OS ကို ခိုင်ခံ့ကောင်းမွန်အောင် အာရုံစိုက်နေတာ သိသာပါတယ်။