Zawgyi Font Version

iOS 12 ကိုျပည္တြင္း iPhone အသံုးျပဳသူေတြအေနနဲ႔ ညသန္းေခါင္ေလာက္ Update ရရွိမွာျဖစ္ပါတယ္။ အေသအခ်ာရရွိမယ္လို႔ေတာ့ အာမမခံေပမယ့္ Apple ဟာ September 17 လို႔ေျပာတဲ့အတြက္ သူတို႔ အေမရိကမွာ September 17 လို႔ေျပာထားတဲ့အတြက္ ျပည္တြင္းမွာ ဒီညသန္းေခါင္ Update ရမယ္လို႔ခန္႔မွန္းတြက္ခ်က္လို႔ရပါတယ္။ 11 ကေန 12 ကို ကူးေျပာင္းသြားတဲ့ Major Update မို႔လို႔စိတ္ဝင္စားစရာ Feature ေတြကေတာ့ အစံုအလင္ပါပဲ။ iPhone 5s ကစလို႔ iPhone X ထိ Device ေတြအကုန္ iOS 12 Update ရရွိၾကမွာပါ။ iPhone ေတြကိုအသံုးျပဳရပိုမိုျမန္ဆန္ေစမွာမို႔လို႔ Update လုပ္ေပးၾကဖို႔ေတာ့ အၾကံေပးပါရေစ။ Update လုပ္ခ်င္စိတ္ပိုေပၚလာေအာင္ iOS 12 ရဲ႕ Feature အသစ္ေလးေတြကို ေျပာျပလိုက္ပါတယ္။

နာမည္ၾကီးေနတဲ့ Feature အသစ္တစ္ခုကေတာ့ Screen Time လို႔ေခၚတဲ့ Feature ေလးျဖစ္ျပီး သင့္ဖုန္းေပၚမွာ ဘယ္ App ေတြကို အခ်ိန္ဘယ္ေလာက္ၾကာၾကာသံုးေနလဲဆိုတာျပေပးသြားမွာပါ။ Android Pie မွာလဲ အဲ့ဒီ Feature ေလးပါဝင္လာလို႔ Android နဲ႔ iOS က လင္မယားေတြအလားထင္ရပါတယ္။ အၾကံေတြကလာတူေနပါတယ္။ အဲ့ဒီ Feature က သင့္ဖုန္းကို အလြန္အမင္းအသံုးမျပဳေအာင္ တားဆီးေပးလို႔ သင့္က်န္းမာေရးအတြက္အရမ္းအေထာက္အကူျပဳပါတယ္။ ဥပမာ- သင္ဟာ Facebook ကိုအလြန္အမင္းအသံုးျပဳတဲ့ သူတစ္ေယာက္ျဖစ္ျပီး Facebook စြဲလန္းေနတာကို အခ်ိန္အတိုင္းအတာတစ္ခုထိပဲသံုးျပီး Limit လုပ္ထားႏိုင္ပါတယ္။ သင္သက္မွတ္ထားတဲ့အခ်ိန္ျပည့္တာနဲ႔ Facebook App ကအလိုလိုပိတ္သြားမွာျဖစ္ျပီး အဲ့ဒီေန႔အတြက္ ျပန္ဝင္လို႔မရေတာ့ပါဘူး။

Notification ေတြကိုလည္း အဆင့္ျမွင့္တင္ေပးထားျပီး အမ်ိဳးတူရာအုပ္စုေတြခြဲထားႏိုင္လို႔ ေနရာပိုရလာျပီး ၾကည့္ရတာပိုေကာင္းလာတယ္။ Notification ေတြကိုေဖ်ာက္ရတာလည္းပိုလြယ္လာျပီး အရင္လို သင့္ရဲ႕ Lock Screen မွာ Notification ေတြအျပည့္နဲ႔ရွုပ္ပြေနတာမ်ိဳးမျဖစ္ေတာ့ပါဘူး။

Memoji လို႔ေခၚတဲ့ Feature ေလးလည္းပါဝင္လာျပီး သင့္ပံုစံတူ Animation အရုပ္ေလးေတြဖန္တီးႏိုင္မွာပါ။ အဲ့တာက အရင္ထြက္ခဲ့တဲ့ iPhone X ရဲ႕ Animoji နဲ႔အေတာ္ဆင္တူျပီး အေျခခံအားျဖင့္ေတာ့ အဆင့္ျမွင့္တင္ေပးထားတဲ့ Animoji ပါပဲ။ Face ID ပါဝင္တဲ့ iPhone X မွာပဲရရွိႏိုင္မယ့္ Feature ျဖစ္ပါတယ္။

Measure ဆိုတဲ့ App ကိုလည္းအဆင့္ျမွင့္တင္ေထားျပီး iPhone ေတြရဲ႕ AR စြမ္းေဆာင္ရည္ကိုအသံုးျပဳကာ အျပင္ေလာကကရွိရွိသမွ်အရာဝတၳဳေတြကို တိုင္းတာႏိုင္မွာပါ။ အရာဝတၳဳေတြရဲ႕ အရွည္ကိုတိုင္းတာတဲ့အခါ ေပၾကိဳးေလာက္ေတာ့မတိက်ေပမယ့္ ေပၾကိဳးအလြယ္တကူမရႏိုင္တဲ့ အေျခအေနမ်ိဳးေတြမွာ အေတာ္ အသံုးဝင္မယ့္ App ေလးတစ္ခုပါ။

Siri ကိုလည္း အေတာ္ေလးအဆင့္ျမွင့္တင္ေပးထားျပီး Siri Shortcuts ဆိုတဲ့ အရမ္းအသံုးဝင္တဲ့ Feature ေလးတစ္ခုထပ္ျဖည့္ေပးထားတယ္။ Siri အတြက္ ကိုယ့္စိတ္ၾကိဳက္ ခိုင္းေစမွုေတြကို ၾကိဳတင္လုပ္ထားႏိုင္ပါတယ္။ ဥပမာ- သတင္းေတြၾကည့္ခ်င္ရင္ News App ထဲဝင္စရာမလိုေတာ့ပဲ “Check the news” လို႔ေျပာလိုက္တာနဲ႔ News App ထဲက သတင္းအသစ္ေတြကိုေဖာ္ျပသြားမွာပါ။ အဲ့တာက လည္း Android Pie ရဲ႕ Slice ဆိုတဲ့ Feature နဲ႔ခပ္ဆင္ဆင္ပါပဲ။

Performance ပိုင္းမွာလည္းပိုမိုေကာင္းမြန္လာမွာျဖစ္ျပီး App Loading Time ပိုျမန္ဆန္လာမယ္။ Multi-tasking ေတြသံုးျပီး Graphic Heavy Game ေတြေဆာ့တဲ့အခ်ိန္မွာေတာင္ သင့္ iPhone ကို ေႏွးေကြးေလးလံမသြားေစပဲ Performance က လန္ပ်ံထြက္ေနမွာပါ။ Group FaceTime လို႔ေခၚတဲ့ FaceTime App အတြက္ Feature အသစ္ထည့္သြင္းေပးထားျပီး တစ္ခ်ိန္ထဲမွာပဲ လူေပါင္းမ်ားစြာနဲ႔ Video Chat တစ္ျပိဳင္တည္းလုပ္ႏိုင္ျပီး စကားေျပာေနတဲ့သူကို High Light လုပ္ေပးမွာမို႔လို႔ Drama ဆန္ဆန္ Indian Movie ေတြထဲကလို စကားေျပာရင္ ေျပာနဲ႔သူတဲ့မ်က္ႏွာကိုျပဴးတူးျပဲတဲျပေပးမွာမို႔လို႔ အေတာ္ေလးေတာ့လန္းမွာပါ။

iOS 12 Update လုပ္ခ်င္ရင္ေတာ့ iOS Setting ထဲကေန General ထဲဝင္ျပီး Software Update ကိုဝင္စစ္ၾကည့္ပါ။ iOS 12 Update ဟာ 2GB နီးပါးကေန 2GB ေက်ာ္ေက်ာ္ထိရွိႏိုင္ျပီး iOS ထံုးစံအတိုင္းပဲ Wifi ရွိမွ Update ေတြေဒါင္းႏိုင္ပါလိမ့္မယ္။

Unicode Version

iOS 12 ကိုပြည်တွင်း iPhone အသုံးပြုသူတွေအနေနဲ့ ညသန်းခေါင်လောက် Update ရရှိမှာဖြစ်ပါတယ်။ အသေအချာရရှိမယ်လို့တော့ အာမမခံပေမယ့် Apple ဟာ September 17 လို့ပြောတဲ့အတွက် သူတို့ အမေရိကမှာ September 17 လို့ပြောထားတဲ့အတွက် ပြည်တွင်းမှာ ဒီညသန်းခေါင် Update ရမယ်လို့ခန့်မှန်းတွက်ချက်လို့ရပါတယ်။ 11 ကနေ 12 ကို ကူးပြောင်းသွားတဲ့ Major Update မို့လို့စိတ်ဝင်စားစရာ Feature တွေကတော့ အစုံအလင်ပါပဲ။ iPhone 5s ကစလို့ iPhone X ထိ Device တွေအကုန် iOS 12 Update ရရှိကြမှာပါ။ iPhone တွေကိုအသုံးပြုရပိုမိုမြန်ဆန်စေမှာမို့လို့ Update လုပ်ပေးကြဖို့တော့ အကြံပေးပါရစေ။ Update လုပ်ချင်စိတ်ပိုပေါ်လာအောင် iOS 12 ရဲ့ Feature အသစ်လေးတွေကို ပြောပြလိုက်ပါတယ်။

နာမည်ကြီးနေတဲ့ Feature အသစ်တစ်ခုကတော့ Screen Time လို့ခေါ်တဲ့ Feature လေးဖြစ်ပြီး သင့်ဖုန်းပေါ်မှာ ဘယ် App တွေကို အချိန်ဘယ်လောက်ကြာကြာသုံးနေလဲဆိုတာပြပေးသွားမှာပါ။ Android Pie မှာလဲ အဲ့ဒီ Feature လေးပါဝင်လာလို့ Android နဲ့ iOS က လင်မယားတွေအလားထင်ရပါတယ်။ အကြံတွေကလာတူနေပါတယ်။ အဲ့ဒီ Feature က သင့်ဖုန်းကို အလွန်အမင်းအသုံးမပြုအောင် တားဆီးပေးလို့ သင့်ကျန်းမာရေးအတွက်အရမ်းအထောက်အကူပြုပါတယ်။ ဥပမာ- သင်ဟာ Facebook ကိုအလွန်အမင်းအသုံးပြုတဲ့ သူတစ်ယောက်ဖြစ်ပြီး Facebook စွဲလန်းနေတာကို အချိန်အတိုင်းအတာတစ်ခုထိပဲသုံးပြီး Limit လုပ်ထားနိုင်ပါတယ်။ သင်သက်မှတ်ထားတဲ့အချိန်ပြည့်တာနဲ့ Facebook App ကအလိုလိုပိတ်သွားမှာဖြစ်ပြီး အဲ့ဒီနေ့အတွက် ပြန်ဝင်လို့မရတော့ပါဘူး။

Notification တွေကိုလည်း အဆင့်မြှင့်တင်ပေးထားပြီး အမျိုးတူရာအုပ်စုတွေခွဲထားနိုင်လို့ နေရာပိုရလာပြီး ကြည့်ရတာပိုကောင်းလာတယ်။ Notification တွေကိုဖျောက်ရတာလည်းပိုလွယ်လာပြီး အရင်လို သင့်ရဲ့ Lock Screen မှာ Notification တွေအပြည့်နဲ့ရှုပ်ပွနေတာမျိုးမဖြစ်တော့ပါဘူး။

Memoji လို့ခေါ်တဲ့ Feature လေးလည်းပါဝင်လာပြီး သင့်ပုံစံတူ Animation အရုပ်လေးတွေဖန်တီးနိုင်မှာပါ။ အဲ့တာက အရင်ထွက်ခဲ့တဲ့ iPhone X ရဲ့ Animoji နဲ့အတော်ဆင်တူပြီး အခြေခံအားဖြင့်တော့ အဆင့်မြှင့်တင်ပေးထားတဲ့ Animoji ပါပဲ။ Face ID ပါဝင်တဲ့ iPhone X မှာပဲရရှိနိုင်မယ့် Feature ဖြစ်ပါတယ်။

Measure ဆိုတဲ့ App ကိုလည်းအဆင့်မြှင့်တင်ထေားပြီး iPhone တွေရဲ့ AR စွမ်းဆောင်ရည်ကိုအသုံးပြုကာ အပြင်လောကကရှိရှိသမျှအရာဝတ္ထုတွေကို တိုင်းတာနိုင်မှာပါ။ အရာဝတ္ထုတွေရဲ့ အရှည်ကိုတိုင်းတာတဲ့အခါ ပေကြိုးလောက်တော့မတိကျပေမယ့် ပေကြိုးအလွယ်တကူမရနိုင်တဲ့ အခြေအနေမျိုးတွေမှာ အတော် အသုံးဝင်မယ့် App လေးတစ်ခုပါ။

Siri ကိုလည်း အတော်လေးအဆင့်မြှင့်တင်ပေးထားပြီး Siri Shortcuts ဆိုတဲ့ အရမ်းအသုံးဝင်တဲ့ Feature လေးတစ်ခုထပ်ဖြည့်ပေးထားတယ်။ Siri အတွက် ကိုယ့်စိတ်ကြိုက် ခိုင်းစေမှုတွေကို ကြိုတင်လုပ်ထားနိုင်ပါတယ်။ ဥပမာ- သတင်းတွေကြည့်ချင်ရင် News App ထဲဝင်စရာမလိုတော့ပဲ “Check the news” လို့ပြောလိုက်တာနဲ့ News App ထဲက သတင်းအသစ်တွေကိုဖော်ပြသွားမှာပါ။ အဲ့တာက လည်း Android Pie ရဲ့ Slice ဆိုတဲ့ Feature နဲ့ခပ်ဆင်ဆင်ပါပဲ။

 

Performance ပိုင်းမှာလည်းပိုမိုကောင်းမွန်လာမှာဖြစ်ပြီး App Loading Time ပိုမြန်ဆန်လာမယ်။ Multi-tasking တွေသုံးပြီး Graphic Heavy Game တွေဆော့တဲ့အချိန်မှာတောင် သင့် iPhone ကို နှေးကွေးလေးလံမသွားစေပဲ Performance က လန်ပျံထွက်နေမှာပါ။ Group FaceTime လို့ခေါ်တဲ့ FaceTime App အတွက် Feature အသစ်ထည့်သွင်းပေးထားပြီး တစ်ချိန်ထဲမှာပဲ လူပေါင်းများစွာနဲ့ Video Chat တစ်ပြိုင်တည်းလုပ်နိုင်ပြီး စကားပြောနေတဲ့သူကို High Light လုပ်ပေးမှာမို့လို့ Drama ဆန်ဆန် Indian Movie တွေထဲကလို စကားပြောရင် ပြောနဲ့သူတဲ့မျက်နှာကိုပြူးတူးပြဲတဲပြပေးမှာမို့လို့ အတော်လေးတော့လန်းမှာပါ။

iOS 12 Update လုပ်ချင်ရင်တော့ iOS Setting ထဲကနေ General ထဲဝင်ပြီး Software Update ကိုဝင်စစ်ကြည့်ပါ။ iOS 12 Update ဟာ 2GB နီးပါးကနေ 2GB ကျော်ကျော်ထိရှိနိုင်ပြီး iOS ထုံးစံအတိုင်းပဲ Wifi ရှိမှ Update တွေဒေါင်းနိုင်ပါလိမ့်မယ်။