[Zawgyi]
ပထမနည်းလမ်း
ဒုတိယနည်းလမ်း
Ref : digitaltrends
[Unicode]
iOs 12.1.2 မှာ No Service ဖြစ်နေရင် ဘယ်လိုဖြေရှင်းမလဲ
တချိူ့သော iPhone Users တွေဟာ iOs 12.1.2 ကို Upgrade လုပ်ပြီးသွားတဲ့အခါမှာ ပြဿနာအမျိူးမျိူး ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အဆိုပါ ပြဿနာတွေထဲကမှ အဆိုးဆုံး ပြဿနာကတော့ Software Error ကြောင့် အော်တိုမက်တစ် No Service ဖြစ်သွားတာပါ။
Apple အနေနဲ့ iOs 12.1.2 ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ရက်နေ့တုန်းက ထုတ်ပေးခဲ့ပါတယ်။ iOs 12.1.2 မှာ iPhone XR, iPhone XS, နဲ့ iPhone XS Max တို့အတွက် eSIM ထောက်ပံ့မှုပါဝင်လာပြီး တခြားသော iPhone တွေရဲ့ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးထားပါတယ်။
iOs 12.1.2 ကို မြှင့်တင် အသုံးပြုနေတဲ့ User ၁၀၀ခန့်က သူတို့ရဲ့ iPhone တွေမှာ Cellular Data နဲ့ပတ်သတ်ပြီး ပြဿနာဖြစ်ပေါ်နေကြာင်းကို Twitter, Facebook နဲ့ Reddit စတဲ့ လူမှု့ကွန်ရက်တွေမှာ ဖွင့်ဟပြောဆိုလာပါတယ်။ ဒါ့အပြင် ဖုန်းခေါ်ဆိုတဲ့အခါ၊ ဖုန်းလက်ခံပြောဆိုတဲ့အခါ နဲ့ Sms ပေးပိုတဲ့အခါမျိူးတွေမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေ ရှိတယ်လို့ သိရပါတယ်။
အဆိုပါ ပြဿနာတွေဟာ iOs 12.1.2 ကို အသုံးပြုသူတိုင်း ကြုံတွေ့နေရတာမဟုတ်ဘဲ လူနည်းစု တစ်စုသာ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ တကယ်လို့ သင်သာ လူနည်းစုထဲမှာ ပါတယ်ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေနဲ့ ယာယီဖြေရှင်းနိုင်ပါတယ်။
ပထမနည်းလမ်း
Setting ထဲက Cellular ကို သွားပါ။ ပြီးလျှင် Cellular ထဲက Wi-Fi Calling ကို ပိတ်ပါ။
ဒုတိယနည်းလမ်း
Cellular > Cellular Data Options ထဲက Enable LTE ကို သွားပါ။ Enable LTE ထဲက Voice & Data ကို Data Only ပြောင်းပါ။
အထက်ပါ နည်းလမ်းတွေဟာ ယာယီဖြေရှင်းနည်းသာ ဖြစ်ပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ Developer Beta Testing ထွက်နေပြီဖြစ်တဲ့ iOs 12.1.3 ကိုစောင့်စားရမှာပါ။
Ref : digitaltrends