ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၂ရက္ေန႔ က်င္းပခဲ့တဲ့ Apple ပြဲမွာ iOS 12 ကို တရားဝင္မိတ္ဆက္ခဲ့ၿပီး ဒီေန႔က စလို႔ iPhone, iPad ပိုင္ရွင္ေတြ iOS အသစ္ကို Update ျပဳလုပ္ႏိုင္ေတာ့မွာပါ။ Apple အေနနဲ႔ Developer Beta ကို ၿပီးခဲ့တဲ့ ဇြန္လ ၄ရက္ေန႔က ထုတ္ေပးခဲ့ၿပီး Public Beta ကိုေတာ့ ဇြန္လ ၂၅ရက္ေန႔မွာ ထပ္မံ ထုတ္ေပးခဲ့ပါတယ္။ ဒီေန႔ စက္တင္ဘာလ ၁၇ရက္ေန႔မွာ ေနာက္ဆုံး iOS 12 Version ထြက္ရွိလာမွာ ျဖစ္ၿပီး ျမန္မာ စံေတာ္ခ်ိန္အရဆိုရင္ ဒီေန႔ည ၁၁ခြဲေလာက္ကေန စတင္ၿပီး Update ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။ MacOS-Mojave Version အသစ္ကိုေတာ့ လာမယ့္ စက္တင္ဘာလ ၂၄ရက္ေန႔မွာ ထုတ္ေပးမယ္လို႔ သိရပါတယ္။

iOS 12 Update ျပဳလုပ္ႏိုင္မယ့္ iPhone, iPad နဲ႔ iPod မ်ား

iOS 12 Update ဟာ ဒီေန႔ စက္တင္ဘာလ ၁၇ ရက္ေန႔၊ တနလၤာေန႔မွာ ထြက္လာမယ္လို႔ Apple က ေၾကျငာခဲ့ၿပီး အိုင္ဖုန္းအသစ္ေတြမွာေတာ့ တစ္ခါတည္း iOS 12 ပါဝင္လာမွာျဖစ္ပါတယ္။ Apple ဟာ သူ႔ရဲ႕ iOS Update အသစ္ကို ထုတ္ကုန္သစ္မိတ္ဆက္ပြဲၿပီးတဲ့ ေနာက္တစ္ပတ္မွာ ထုတ္ေပးေလ့ရွိတာေၾကာင့္ စက္တင္ဘာ ၁၇ ရက္ေန႔မွာ ထြက္လာမယ္ဆိုတာ ယုတၱိရွိပါတယ္။

Feature အသစ္ေတြအေနနဲ႔ Memoji, Group Notification တို႔အျပင္ ပိုသစ္လြင္ေကာင္းမြန္တဲ့ Overall Performance ျမႇင့္တင္မႈ ပါဝင္လာမွာျဖစ္တဲ့အတြက္ အိုင္ဖုန္းအေဟာင္းေတြမွာလည္း အသစ္တစ္လုံး ေျပာင္းကိုင္ရသလို သစ္လြင္တဲ့ ခံစားခ်က္ ရလာေစမွာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ iOS 12 Beta ဗားရွင္းလည္း သုံးစြဲႏိုင္မွာျဖစ္ၿပီး iOS 11 ထက္ေတာ့ သာေနမွာပါ။ ဘီတာဗားရွင္းက iPhone XS နဲ႔ Apple Watch 4 တို႔ရဲ႕ အတြင္းလုပ္ေဆာင္ပုံေတြကို သုံးစြဲသူေတြ တေစ့တေစာင္း ၾကည့္ရႈႏိုင္ေစမွာပါ။

Apple ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ့ Google ကလည္း Android Pie နဲ႔ Google Pixel 3 ဖုန္းေတြကို လာမယ့္ ေအာက္တိုဘာ ၉ ရက္ေန႔မွာ မိတ္ဆက္လာေတာ့မွာ ျဖစ္လို႔ အဓိက အစိတ္အပိုင္းႀကီး တစ္ခုျဖစ္တဲ့ မိုဘိုင္း OS ကို ခိုင္ခံ့ေကာင္းမြန္ေအာင္ အာ႐ုံစိုက္ေနတာ သိသာပါတယ္။

Ref – https://www.techradar.com/news/ios-12

Unicode

မကြာခင် ထွက်ရှိလာမယ့် iOS 12 နဲ့ Feature အသစ်များ

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ရက်နေ့ ကျင်းပခဲ့တဲ့ Apple ပွဲမှာ iOS 12 ကို တရားဝင်မိတ်ဆက်ခဲ့ပြီး ဒီနေ့က စလို့ iPhone, iPad ပိုင်ရှင်တွေ iOS အသစ်ကို Update ပြုလုပ်နိုင်တော့မှာပါ။ Apple အနေနဲ့ Developer Beta ကို ပြီးခဲ့တဲ့ ဇွန်လ ၄ရက်နေ့က ထုတ်ပေးခဲ့ပြီး Public Beta ကိုတော့ ဇွန်လ ၂၅ရက်နေ့မှာ ထပ်မံ ထုတ်ပေးခဲ့ပါတယ်။ ဒီနေ့ စက်တင်ဘာလ ၁၇ရက်နေ့မှာ နောက်ဆုံး iOS 12 Version ထွက်ရှိလာမှာ ဖြစ်ပြီး မြန်မာ စံတော်ချိန်အရဆိုရင် ဒီနေ့ည ၁၁ခွဲလောက်ကနေ စတင်ပြီး Update ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ MacOS-Mojave version အသစ်ကိုတော့ လာမယ့် စက်တင်ဘာလ ၂၄ရက်နေ့မှာ ထုတ်ပေးမယ်လို့ သိရပါတယ်။

iOS 12 Update ပြုလုပ်နိုင်မယ့် iPhone, iPad နဲ့ iPod များ

iOS 12 Update ဟာ ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့၊ တနင်္လာနေ့မှာ ထွက်လာမယ်လို့ Apple က ကြေငြာခဲ့ပြီး အိုင်ဖုန်းအသစ်တွေမှာတော့ တစ်ခါတည်း iOS 12 ပါဝင်လာမှာဖြစ်ပါတယ်။ Apple ဟာ သူ့ရဲ့ iOS Update အသစ်ကို ထုတ်ကုန်သစ်မိတ်ဆက်ပွဲပြီးတဲ့ နောက်တစ်ပတ်မှာ ထုတ်ပေးလေ့ရှိတာကြောင့် စက်တင်ဘာ ၁၇ ရက်နေ့မှာ ထွက်လာမယ်ဆိုတာ ယုတ္တိရှိပါတယ်။

Feature အသစ်တွေအနေနဲ့ Memoji, Group Noticfication တို့အပြင် ပိုသစ်လွင်ကောင်းမွန်တဲ့ Overall Performance မြှင့်တင်မှု ပါဝင်လာမှာဖြစ်တဲ့အတွက် အိုင်ဖုန်းအဟောင်းတွေမှာလည်း အသစ်တစ်လုံး ပြောင်းကိုင်ရသလို သစ်လွင်တဲ့ ခံစားချက် ရလာစေမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ iOS 12 Beta ဗားရှင်းလည်း သုံးစွဲနိုင်မှာဖြစ်ပြီး iOS 11 ထက်တော့ သာနေမှာပါ။ ဘီတာဗားရှင်းက iPhone XS နဲ့ Apple Watch 4 တို့ရဲ့ အတွင်းလုပ်ဆောင်ပုံတွေကို သုံးစွဲသူတွေ တစေ့တစောင်း ကြည့်ရှုနိုင်စေမှာပါ။

Apple ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ Google ကလည်း Android Pie နဲ့ Google Pixel 3 ဖုန်းတွေကို လာမယ့် အောက်တိုဘာ ၉ ရက်နေ့မှာ မိတ်ဆက်လာတော့မှာ ဖြစ်လို့ အဓိက အစိတ်အပိုင်းကြီး တစ်ခုဖြစ်တဲ့ မိုဘိုင်း OS ကို ခိုင်ခံ့ကောင်းမွန်အောင် အာရုံစိုက်နေတာ သိသာပါတယ်။

Ref – https://www.techradar.com/news/ios-12