[Zawgyi]

ေနာက္ဆုံးထြက္ခဲ့တဲ့ iPad mini ကိုေျပာပါဆိုရင္ လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္တုန္းကလို႔ ေျပာရမွာပါပဲ။ ၂ ႏွစ္ေက်ာ္ သုံးႏွစ္နီးပါး ၾကာခဲ့ၿပီးတဲ့ေနာက္မွာေတာ့ Apple က တန္ဖိုးႀကီးတဲ့ iPad Pro လိုမ်ိဳးေတြပဲ ထုတ္ေတာ့တာကိုေတြ႕ရပါတယ္။ တနည္းအားျဖင့္ ေျပာရမယ္ဆိုရင္ ဟိုတုန္းက ခပ္ေသးေသးဒီဇိုင္းနဲ႔ Apple ထုတ္ကုန္ေတြကို ေမ့ထားလိုက္သလိုပါပဲ။

ဒါေပမယ့္ တ႐ုတ္ကေန ထြက္ေပၚလာတဲ့ သတင္းတစ္ပုဒ္ကေတာ့ ကုမၸဏီဟာ အရင္တုန္းက ေသးေသးေကြးေကြး ပုံစံနဲ႔ ထုတ္ကုန္ေတြကိုလည္း ျပန္ၿပီး အသက္သြင္းမယ္လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ China Times က iPad mini 5 မၾကာခင္ ထြက္ေပၚလာမယ္လို႔ ေရးသားေဖာ္ျပခဲ့တာပါ။

China Times ကေတာ့ iPad mini 5 ေတြကို အခုအခ်ိန္မွာ အေျမာက္အမ်ား ထုတ္လုပ္ေနၿပီလို႔ အခိုင္အမာ ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ လာမယ့္ ၂၀၁၉ ခုႏွစ္ အေစာပိုင္းမွာ Apple က ေသခ်ာေပါက္ ေၾကညာၿပီး မိတ္ဆက္မယ္လို႔ ေျပာတဲ့အျပင္ ဒီ iPad ေတြဟာ ေဈးႏႈန္းသက္သာတဲ့ အမ်ိဳးအစားေတြ ျဖစ္မယ္လို႔လည္း ဆိုပါတယ္။

Apple ဟာ iPad mini 5 အျပင္ 9.7-inch iPad ေတြကိုလည္း ေရာင္းခ်ဦးမယ္လို႔ China Times က ေဖာ္ျပထားပါေသးတယ္။ ဒီအ႐ြယ္အစား iPad မွာ ေသးငယ္တဲ့ Bezel ေတြနဲ႔ျဖစ္ၿပီး 10-inch နီးပါးေလာက္ ထင္ရမယ္လို႔ ဆိုပါတယ္။ ဒီသတင္းအတိုင္းသာ ဆိုရင္ေတာ့ Apple အေနနဲ႔ Touch ID အစား Face ID ကို ေျပာင္းလဲတပ္ဆင္မယ္လို႔ ယူဆရပါတယ္။

iPad mini 4 ေတြရဲ႕ မ်က္ႏွာျပင္အ႐ြယ္အစားက 7.9-inch ရွိခဲ့ေပမယ့္ အခုအသစ္ထြက္လာမယ့္ iPad mini 5 ကေတာ့ မ်က္ႏွာျပင္အ႐ြယ္အစား ဘယ္ေလာက္ရွိမယ္၊ Screen-to-body အခ်ိဳးဘယ္ေလာက္ရွိမယ္ဆိုတာကို China Times က ေဖာ္ျပထားျခင္း မရွိပါဘူး။ Apple ဘက္ကလည္း ဒီသတင္းအေပၚ ဘာတုံ႔ျပန္မႈမွ ျပဳလုပ္ထားျခင္းမရွိေသးတဲ့အတြက္ ဆက္လက္ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

 

Ref: GSMarena

 

[Unicode]

နောက်ဆုံးထွက်ခဲ့တဲ့ iPad mini ကိုပြောပါဆိုရင် လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလို့ ပြောရမှာပါပဲ။ ၂ နှစ်ကျော် သုံးနှစ်နီးပါး ကြာခဲ့ပြီးတဲ့နောက်မှာတော့ Apple က တန်ဖိုးကြီးတဲ့ iPad Pro လိုမျိုးတွေပဲ ထုတ်တော့တာကိုတွေ့ရပါတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ဟိုတုန်းက ခပ်သေးသေးဒီဇိုင်းနဲ့ Apple ထုတ်ကုန်တွေကို မေ့ထားလိုက်သလိုပါပဲ။

ဒါပေမယ့် တရုတ်ကနေ ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်ကတော့ ကုမ္ပဏီဟာ အရင်တုန်းက သေးသေးကွေးကွေး ပုံစံနဲ့ ထုတ်ကုန်တွေကိုလည်း ပြန်ပြီး အသက်သွင်းမယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ China Times က iPad mini 5 မကြာခင် ထွက်ပေါ်လာမယ်လို့ ရေးသားဖော်ပြခဲ့တာပါ။

China Times ကတော့ iPad mini 5 တွေကို အခုအချိန်မှာ အမြောက်အများ ထုတ်လုပ်နေပြီလို့ အခိုင်အမာ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၁၉ ခုနှစ် အစောပိုင်းမှာ Apple က သေချာပေါက် ကြေညာပြီး မိတ်ဆက်မယ်လို့ ပြောတဲ့အပြင် ဒီ iPad တွေဟာ ဈေးနှုန်းသက်သာတဲ့ အမျိုးအစားတွေ ဖြစ်မယ်လို့လည်း ဆိုပါတယ်။

Apple ဟာ iPad mini 5 အပြင် 9.7-inch iPad တွေကိုလည်း ရောင်းချဦးမယ်လို့ China Times က ဖော်ပြထားပါသေးတယ်။ ဒီအရွယ်အစား iPad မှာ သေးငယ်တဲ့ Bezel တွေနဲ့ဖြစ်ပြီး 10-inch နီးပါးလောက် ထင်ရမယ်လို့ ဆိုပါတယ်။ ဒီသတင်းအတိုင်းသာ ဆိုရင်တော့ Apple အနေနဲ့ Touch ID အစား Face ID ကို ပြောင်းလဲတပ်ဆင်မယ်လို့ ယူဆရပါတယ်။

iPad mini 4 တွေရဲ့ မျက်နှာပြင်အရွယ်အစားက 7.9-inch ရှိခဲ့ပေမယ့် အခုအသစ်ထွက်လာမယ့် iPad mini 5 ကတော့ မျက်နှာပြင်အရွယ်အစား ဘယ်လောက်ရှိမယ်၊ Screen-to-body အချိုးဘယ်လောက်ရှိမယ်ဆိုတာကို China Times က ဖော်ပြထားခြင်း မရှိပါဘူး။ Apple ဘက်ကလည်း ဒီသတင်းအပေါ် ဘာတုံ့ပြန်မှုမှ ပြုလုပ်ထားခြင်းမရှိသေးတဲ့အတွက် ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

Ref: GSMarena