[Zawgyi]

ၿပီးခဲ့တဲ့ တစ္ပတ္တုန္းက iPad Mini 5 ေတြကို လာမယ့္ ၂၀၁၉ခုႏွစ္ အေစာပိုင္းမွာ ေရာင္းခ်ဖို႔ အလုံးအရင္း ထုတ္လုပ္ေနၿပီလို႔ ေကာလာဟလ ေပၚထြက္လာခဲ့ပါတယ္။ China Times က ေဖာ္ျပခဲ့တဲ့ ဒီသတင္းမွာ iPad Mini 5 နဲ႔ပတ္သက္တဲ့ အျခားအခ်က္အလက္ မပါဝင္ခဲ့လို႔ ေကာလာဟလအျဖစ္ပဲ သတ္မွတ္ထားခဲ့ရပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ရက္တုန္းကေတာ့ iPad Mini 5 လို႔ ယူဆရတဲ့ iPad အတြက္ အျပင္ကာဗာပုံ ေပါက္ၾကားလာခဲ့ပါတယ္။ ဒီေပါက္ၾကားမႈကေန စိတ္ဝင္စားစရာအခ်က္ေတြလည္း ေတြ႕ရွိခဲ့ရပါတယ္။ အကယ္၍သာ ဒီကာဗာဟာ iPad Mini 5 အတြက္ အစစ္အမွန္ျဖစ္ခဲ့မယ္ဆိုရင္ iPad Mini 5 မွာ ကင္မရာအျပင္ ဖလက္ရွ္မီးလည္း ပါဝင္လာမယ္လို႔ ဆိုရမွာပါ။


ကာဗာရဲ႕ ဘယ္ဘက္အျခမ္း အေပၚေထာင့္မွာ ေထာင္လိုက္ အေပါက္ရွည္ကို ေဖာက္ထားတာေၾကာင့္ ဒါဟာ ကင္မရာနဲ႔ ဖလက္ရွ္မီးဆိုတာ ေသခ်ာသေလာက္ ျဖစ္ေနပါၿပီ။ ဒါ့အျပင္ ေက်ာဘက္ Microphone ကလည္း အလယ္တည့္တည့္ေနရာကို ေရာက္ရွိသြားမွာပါ။ ေနာက္တစ္ခုက ေျပာဖို႔ နည္းနည္းခက္ေပမယ့္ Headphone Jack အတြက္ အေပါက္ကို ကာဗာရဲ႕ ညာဘက္ အေပၚေထာင့္မွာ ေဖာက္ထားတယ္လို႔ ယူဆရပါတယ္။ (အေရွ႕ဘက္ကေန ၾကည့္မယ္ဆိုရင္ေတာ့ iPad Mini ရဲ႕ ဘယ္ဘက္အေပၚျဖစ္ပါတယ္။)

ေဘးေဘာင္ရဲ႕ အလယ္တည့္တည့္မွာလည္း တစ္စုံတစ္ခုအတြက္ အေပါက္ေဖာက္ထားတာကို ေတြ႕ရမွာပါ။ Apple ရဲ႕ First-Gen Smart Connector အတြက္ ျဖစ္ႏိုင္တယ္လို႔ေတာ့ ခန႔္မွန္းၾကပါတယ္။ iPad Mini အသစ္ဟာ သက္သာတဲ့ ေဈးႏႈန္းနဲ႔ ထြက္လာလိမ့္မယ္ဆိုတဲ့ သတင္းက လြန္ခဲ့တဲ့ ေအာက္တိုဘာလေလာက္ကလည္း တစ္ခါေပၚေပါက္ခဲ့ဖူးပါတယ္။ လက္တေလာ ထြက္ရွိလာတဲ့ သတင္းေတြအရလည္း iPad Mini ဟာ ေဈးသက္သာမွာပါ။ ဒါေၾကာင့္ iPad Pro ေတြမွာလို Liquid Retina Display တို႔၊ Face ID တို႔ကေတာ့ iPad Mini သစ္မွာ မပါဝင္ေလာက္ဘူးလို႔ ယူဆရပါတယ္။

Ref: 9to5Mac

[Unicode]

ပြီးခဲ့တဲ့ တစ်ပတ်တုန်းက iPad Mini 5 တွေကို လာမယ့် ၂၀၁၉ခုနှစ် အစောပိုင်းမှာ ရောင်းချဖို့ အလုံးအရင်း ထုတ်လုပ်နေပြီလို့ ကောလာဟလ ပေါ်ထွက်လာခဲ့ပါတယ်။ China Times က ဖော်ပြခဲ့တဲ့ ဒီသတင်းမှာ iPad Mini 5 နဲ့ပတ်သက်တဲ့ အခြားအချက်အလက် မပါဝင်ခဲ့လို့ ကောလာဟလအဖြစ်ပဲ သတ်မှတ်ထားခဲ့ရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်တုန်းကတော့ iPad Mini 5 လို့ ယူဆရတဲ့ iPad အတွက် အပြင်ကာဗာပုံ ပေါက်ကြားလာခဲ့ပါတယ်။ ဒီပေါက်ကြားမှုကနေ စိတ်ဝင်စားစရာအချက်တွေလည်း တွေ့ရှိခဲ့ရပါတယ်။ အကယ်၍သာ ဒီကာဗာဟာ iPad Mini 5 အတွက် အစစ်အမှန်ဖြစ်ခဲ့မယ်ဆိုရင် iPad Mini 5 မှာ ကင်မရာအပြင် ဖလက်ရှ်မီးလည်း ပါဝင်လာမယ်လို့ ဆိုရမှာပါ။


ကာဗာရဲ့ ဘယ်ဘက်အခြမ်း အပေါ်ထောင့်မှာ ထောင်လိုက် အပေါက်ရှည်ကို ဖောက်ထားတာကြောင့် ဒါဟာ ကင်မရာနဲ့ ဖလက်ရှ်မီးဆိုတာ သေချာသလောက် ဖြစ်နေပါပြီ။ ဒါ့အပြင် ကျောဘက် Microphone ကလည်း အလယ်တည့်တည့်နေရာကို ရောက်ရှိသွားမှာပါ။ နောက်တစ်ခုက ပြောဖို့ နည်းနည်းခက်ပေမယ့် Headphone jack အတွက် အပေါက်ကို ကာဗာရဲ့ ညာဘက် အပေါ်ထောင့်မှာ ဖောက်ထားတယ်လို့ ယူဆရပါတယ်။ (အရှေ့ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ iPad Mini ရဲ့ ဘယ်ဘက်အပေါ်ဖြစ်ပါတယ်။)

ဘေးဘောင်ရဲ့ အလယ်တည့်တည့်မှာလည်း တစ်စုံတစ်ခုအတွက် အပေါက်ဖောက်ထားတာကို တွေ့ရမှာပါ။ Apple ရဲ့ First-gen smart connector အတွက် ဖြစ်နိုင်တယ်လို့တော့ ခန့်မှန်းကြပါတယ်။ iPad Mini အသစ်ဟာ သက်သာတဲ့ ဈေးနှုန်းနဲ့ ထွက်လာလိမ့်မယ်ဆိုတဲ့ သတင်းက လွန်ခဲ့တဲ့ အောက်တိုဘာလလောက်ကလည်း တစ်ခါပေါ်ပေါက်ခဲ့ဖူးပါတယ်။ လက်တလော ထွက်ရှိလာတဲ့ သတင်းတွေအရလည်း iPad Mini ဟာ ဈေးသက်သာမှာပါ။ ဒါကြောင့် iPad Pro တွေမှာလို Liquid Retina display တို့၊ Face ID တို့ကတော့ iPad Mini သစ်မှာ မပါဝင်လောက်ဘူးလို့ ယူဆရပါတယ်။

Ref: 9to5Mac