ပေါ့ပေါ့ပါးပါး သယ်ယူရလွယ်တဲ့ iPad Mini ကို အခုအထိ လူကြိုက်များဆဲပါ။ iPad Mini 1 နဲ့ iPad Mini 2 ကြားသာ သိသိသာသာ ပြောင်းလဲမှုတွေရှိခဲ့ပေမယ့် နောက်ပိုင်း Mini တွေမှာတော့ အရမ်းထူးခြားတဲ့ ပြောင်းလဲမှုတွေ မရှိခဲ့ပါဘူး။

Apple ကုမ္ပဏီက iPad Mini 2 ကို အနည်းငယ် ပြောင်းလဲပြီး iPad Mini 3 ကို ၂၀၁၄ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာလည်း iPad Mini 4 ကို ထုတ်လုပ်လိုက်ပါတယ်။

သူတို့တွေကြားထဲမှာ ဘယ်လိုတွေ ကွာခြားမှုရှိသလဲ၊ ဈေးနှုန်းအရ ဘယ်လောက်ကွာလဲနဲ့ ဘယ်လို iPad Mini မျိုးကို ၀ယ်ယူသင့်လဲဆိုတာ ဝေမျှပေးမှာဖြစ်ပါတယ်။

Apple ကုမ္ပဏီက iPad Mini 3 ကိုတော့ အရောင်းရပ်လိုက်ပါပြီ။ ဒါပေမယ့် တခြား အီလက်ထရောနစ်ဆိုင်တွေမှာတော့ ရနိုင်ပါသေးတယ်။ ဒါပေမယ့် Apple Online Store ကိုသွားရင်တော့ Mini 2 နဲ့ Mini 4 တို့ကိုဘဲ ၀ယ်ယူလို့ရနိုင်တော့မှာပါ။

iPad Mini 2 ကတော့ မီးခိုးရောင် (Space Grey) နဲ့ ငွေရောင် (Silver) အရောင် ၂ မျိုးနဲ့လာပြီး Storage ကတော့ 16 GB နဲ့ 32 GB ၂ မျိုးရှိပါတယ်။ ဒေါ်လာ ၂၅၀ နဲ့ ၂၇၅ ပတ်ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။ အကယ်၍ ကိုယ်က 3G SIM (Subscriber Identity Module) ကဒ်ကော Wi-Fi ကောပါသုံးမယ်ဆိုရင်တော့ နောက်ထပ် ဒေါ်လာ ၁၀၀ ကျော်ထပ်ပေးဖို့ လိုပါလိမ့်မယ်။

iPad Mini 4 ကတော့ 16 GB ကို ဒေါ်လာ ၃၄၀ နဲ့ 64 GB ကို ဒေါ်လာ ၃၇၀ ရှိပါတယ်။ 32GB နဲ့ မထုတ်ပါဘူး။ Storage 128 GB နဲ့ဆိုရင်တော့ ဒေါ်လာ ၄၅၀ လောက်ကုန်ကျပါမယ်။ အကယ်၍ 3G ဒါမှမဟုတ် 4G Sim Card နဲ့ ပါသုံးချင်တယ်ဆိုရင်တော့နောက်ထပ် ဒေါ်လာ ၁၀၀ ကျော် ထပ်ပေးရပါမယ်။

Apple ကုမ္ပဏီက refurbished လုပ်ထားတဲ့ iPad Mini 3 ကို ၀ယ်မယ်ဆိုရင်တော့ 16 GBနဲ့ Sim Card အသုံးပြုလို့ရတယ်ဆိုရင် ဒေါ်လာ ၃၃၅ လောက်ကုန်ကျပါမယ်။

Refurbish ဆိုတာ သုံးပြီးသား iPad ကို Apple ကုမ္ပဏီက ပြန်လည်ပြုပြင်စစ်ဆေးထားတဲ့ အသစ်နီးပါး ကောင်းတဲ့ iPad ကို ပြောတာဖြစ်ပါတယ်။

ကွာခြားချက်

iPad Mini 2 နဲ့ iPad Mini 3 မှာ ပြောပလောက်တဲ့ ကွာခြားချက်မရှိပါဘူး။ iPad Mini 3 ကို 32GB နဲ့ မထုတ်ခဲ့တာနဲ့ iPad Mini 3 မှာ ရွှေရောင်ပါဝင်လာတာပါဘဲ။ မျက်နှာပြင် ဆိုဒ်၊ Processor၊ ဘက်ထရီ၊ ကင်မရာ စတာတွေအားလုံးက အတူတူပါဘဲ။

iPad Mini 4 မှာဆိုရင်တော့ Processor က A7 ကနေ A8 ကို မြင့်သွားပါတယ်။ (A8 ဆိုတာ iPhone 6 မှာ သုံးထားတဲ့ Chip နဲ့ အတူတူဘဲဖြစ်ပါတယ်၊ iPad Air 2 မှာတော့ A8X Chip ကိုသုံးထားပါတယ်)။

RAM ကလည်း 1 GB ကနေ 2 GB ကို မြှင့်တင်ထားပါတယ်။

ကင်မရာ

iPad Mini 2 နဲ့ Mini 3 တို့မှာ အရှေ့ကင်မရာက 5 Megapixel ဘဲရှိပေမယ့် Mini 4 မှာတော့ 8 MP ရှိပြီး iPad Air 2 နဲ့ ဆင်တူပါတယ်။

Mini 4 ကတော့ ဒီဇိုင်းပုံစံအတူတူဘဲဖြစ်ပေမယ့် တခြား Mini ထက်ပိုပြီး ပါးပါတယ်။ 6.1 mm ဘဲ ရှိတော့တာကြောင့် Mute နဲ့ Rotation ခလုတ်တော့မပါဝင်ပါဘူး။

iPad Mini 2 နဲ့ 3 မှာ 23.8 Wh ပါပေမယ့် Mini 4 မှာတော့ 19.1 Wh ဘဲ ပါတော့တာကြောင့် ဘက်ထရီကတော့ ပိုသေးသွားပါတယ်။

 

iPad Mini 4 iPad Mini 2 / 3
Dimensions 134.8×203.2×6.1mm 134x7x200x7.5mm
အလေးချိန် 299g (Wi-Fi only) 331g (Wi-Fi only)
Wi-Fi 802.11a/b/g/n/ac, Dual Channel 802.11a/b/g/n, Dual Channel
Bluetooth 4.2 4.0
ဆင်ဆာ Gyro, Accelerometer, Ambient Light, Barometer Gyro, Accelerometer, Ambient Light
Location Wi-Fi, Digital Compass, iBeacon Wi-Fi, Digital Compass
Apple Pay Using Touch ID within Apps Not supported
iOS 9 features Split View, Slide Over, Picture-in-picture Slide Over, Picture-in-picture
ကင်မရာ Features Slo-Motion (120fps), 10fps burst, Time-Lapse, Video, Photo, Square, Panorama Time-Lapse, Video, Photo, Square, Panorama