[Zawgyi]

Apple ရဲ႕ iPad Pro ၾကီးက Chipset အလန္းစားအၾကမ္းစားၾကီးနဲ႔ ထြက္လာတယ္ဆိုတာ အားလံုးလည္း သိျပီးသားပါ။ ဒီတစ္ေခါက္မွာေတာ့ AnTuTu BenchMark မွာ အရင္တစ္ပတ္ၾကာသပေတးေန႔က ေရာက္လာခဲ့တာျဖစ္ျပီး အမွတ္ေတြကိုၾကည့္ရတာေတာ့ Apple iPhone ေတြမွာသံုးထားတဲ့ A12 Bionic Chip ထက္ေတာင္ သူ႔ရဲ႕ A12X က GPU Performance ေတြ စပါယ္ရွယ္ေကာင္းေနပါတယ္။

ဒီေန႔မွာေတာ့ AnTuTu ကိုယ္တုိင္ အမွတ္ေတြကို ထုတ္ျပခဲ့တာျဖစ္ျပီး Chipset ေတြရဲ႕ စြမ္းရည္က လံုးဝအျမင့့္္စားျဖစ္ေၾကာင္း အတည္ျပဳလိုက္ပါျပီ။ အမွတ္ေတြကိုေျပာရမယ္ဆိုရင္ iPad Pro 11″ ကေတ့ာ ရမွတ္ 557,679 မွတ္ရေနတဲ့အတြက္ အရင္လက စမ္းခဲ့တဲ့ iPhone XS, XS Max ရဲ႕အမွတ္ထက္ ၅၀% ပိုတုိးလာပါတယ္။

ရလဒ္ေတြကိုေတာ့  CPU, GPU, UX နဲ႔ Memory ဆိုျပီး အပိုင္း ၄ပိုင္းခြဲထားပါတယ္။ CPU Score ေတြက XS Max တုန္းက 131000 ေက်ာ္ေက်ာ္ကေန iPad Pro ေတြမွာ 151000 ေက်ာ္ေ်က်ာ္ေလာက္ေရာက္သြားပါတယ္။ UX နဲ႔ Memory ပိုင္းကလည္း အဲ့ေလာက္ထိ မကြာဘဲနဲ႔ တကယ္၂ဆေလာက္ကြာသြားတာက GPU ပိုင္းမွာပါ။ XS Max ရဲ႕ 153514 ကေန iPad Pro 11″ မွာ 315108 ထိေတာင္ ခုန္တက္သြားတာ မ်က္လံုးျပဴးစရာပါ။

ဒီလို Performance ေတြ အရမ္းေထာင္တက္ေနတာက ေတာ္ေတာ္ သေဘာက်စရာ ေကာင္းေပမယ့္ အားလံုးစိတ္ပူေနၾကတဲ့ Power Consumption အတြက္ေတာ့ Apple က အားအရမ္းစားတာမ်ိဳး မျဖစ္ေစရဘူးလို႔ ဆိုထားပါတယ္။ အဲလိုျဖစ္ဖို႔ပဲ ေမွ်ာ္လင့္ထားမိပါတယ္။

Source: GsmArena

[Unicode]

Apple ရဲ့ iPad Pro ကြီးက Chipset အလန်းစားအကြမ်းစားကြီးနဲ့ ထွက်လာတယ်ဆိုတာ အားလုံးလည်း သိပြီးသားပါ။ ဒီတစ်ခေါက်မှာတော့ AnTuTu BenchMark မှာ အရင်တစ်ပတ်ကြာသပတေးနေ့က ရောက်လာခဲ့တာဖြစ်ပြီး အမှတ်တွေကိုကြည့်ရတာတော့ Apple iPhone တွေမှာသုံးထားတဲ့ A12 Bionic Chip ထက်တောင် သူ့ရဲ့ A12X က GPU Performance တွေ စပါယ်ရှယ်ကောင်းနေပါတယ်။

ဒီနေ့မှာတော့ AnTuTu ကိုယ်တိုင် အမှတ်တွေကို ထုတ်ပြခဲ့တာဖြစ်ပြီး Chipset တွေရဲ့ စွမ်းရည်က လုံးဝအမြင့််စားဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။ အမှတ်တွေကိုပြောရမယ်ဆိုရင် iPad Pro 11″ ကတေ့ ရမှတ် 557,679 မှတ်ရနေတဲ့အတွက် အရင်လက စမ်းခဲ့တဲ့ iPhone XS, XS Max ရဲ့အမှတ်ထက် ၅၀% ပိုတိုးလာပါတယ်။

ရလဒ်တွေကိုတော့  CPU, GPU, UX နဲ့ Memory ဆိုပြီး အပိုင်း ၄ပိုင်းခွဲထားပါတယ်။ CPU Score တွေက XS Max တုန်းက 131000 ကျော်ကျော်ကနေ iPad Pro တွေမှာ 151000 ကျော်ေျကျာ်လောက်ရောက်သွားပါတယ်။ UX နဲ့ Memory ပိုင်းကလည်း အဲ့လောက်ထိ မကွာဘဲနဲ့ တကယ်၂ဆလောက်ကွာသွားတာက GPU ပိုင်းမှာပါ။ XS Max ရဲ့ 153514 ကနေ iPad Pro 11″ မှာ 315108 ထိတောင် ခုန်တက်သွားတာ မျက်လုံးပြူးစရာပါ။

ဒီလို Performance တွေ အရမ်းထောင်တက်နေတာက တော်တော် သဘောကျစရာ ကောင်းပေမယ့် အားလုံးစိတ်ပူနေကြတဲ့ Power Consumption အတွက်တော့ Apple က အားအရမ်းစားတာမျိုး မဖြစ်စေရဘူးလို့ ဆိုထားပါတယ်။ အဲလိုဖြစ်ဖို့ပဲ မျှော်လင့်ထားမိပါတယ်။

Source: GsmArena