Samsung ရဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းတွေဖြစ်တဲ့ Samsung S8 တို့ S8 Plus တို့မှာ Wireless ကြိုးမဲ့အားသွင်းစနစ်တွေ ပါပေမယ့် iPhone 7 မှာတော့ မပါပါဘူး။

ဒါပေမယ့် ဒီတစ်ခေါက်ထုတ်မယ့် iPhone 8 မှာတော့ ကြိုးမဲ့ အားသွင်းစနစ် (Wireless Charging) တွေပါဝင်လာမယ်လို့ Apple ကုမ္ပဏီရဲ့ အတွင်းသတင်းများအရ သိရပါတယ်။

iPhone 8 ရဲ့ နောက်မျက်နှာပြင်ကို မှန်လိုမျိုး ကြည်လင် တောက်ပြောင်နေအောင် ထုတ်လုပ်ထားမှာဖြစ်ပါတယ်။

iPhone 8 ကို ဘယ်အချိန်လောက်ထုတ်နိုင်မလဲ

Apple ကုမ္ပဏီက iPhone 5 ကနေ စတင်ပြီး စမတ်ဖုန်းအသစ်ကို စက်တင်ဘာလမှာ စတင်မိတ်ဆက်ခဲ့တာကြောင့် iPhone 7S နဲ့ iPhone 7S Plus တို့ကို စက်တင်ဘာလမှာ မိတ်ဆက်ဖြစ်ဖို့ များပါတယ်။

iPhone 8 ကို Apple ကုမ္ပဏီရဲ့ iPhone ထုတ်လုပ်မှု ၁၀ နှစ်ပြည့်၊ စက်တင်ဘာလ ၂၀၁၇ ဒါမှမဟုတ်ရင် စက်တင်ဘာလနောက်ပိုင်းမှာ မိတ်ဆက်နိုင်မယ်လို့ မှန်းထားကြပါတယ်။

iPhone 8 နဲ့ ပတ်သက်ပြီး ထွက်ရှိလာတဲ့အချက်အလက်များ

iPhone 8 မှာ ခါတိုင်း iPhone တွေလို “Home Button” ပါလာတော့မှာမဟုတ်ပါဘူး။ “Home Button” ကို “touch စခရင်” ခလုတ်လို ပြောင်းလိုက်တော့မှာဖြစ်ပါတယ်။

Face ID

လက်ပွေရာနဲ့ ဖုန်းဖွင့်တဲ့အစား “Face ID” ဆိုတဲ့ မျက်နှာကို Scan ဖတ်ပြီး ဖွင့်တဲ့ စနစ်တွေနဲ့ အစားထိုးလာနိုင်ပါတယ်။

3D  ဆင်ဆာ ကိုအသုံးပြုပြီး ပိုပြီး တိကျတဲ့ မျက်နှာ scan ဖတ်တဲ့ စနစ်ကို ဖြစ်လာမှာပါ။

iPhone 8 က ဘေးဘောင်သား မပါသောက်နည်းသွားမယ့် Edge to Edge စခရင်နဲ့ ထုတ်ဖို့ရှိပြီး မျက်နှာပြင်အကျယ်က ၅.၈ လက်မရှိလာမှာဖြစ်ပါတယ်။

OLED Display

ခါတိုင်းဖုန်းတွေလို LCD Display နဲ့မဟုတ်ဘဲနဲ့ OLED နည်းပညာကို အသုံးပြုမှာပါ။ ဒါကြောင့် iPhone 8 က ခါတိုင်းရောင်းနေကျ ဒေါ်လာ ၆၄၉ ထက် ဒေါ်လာ ၁၀၀ လောက်ပိုလာနိုင်သလို iPhone 8 Plus ကတော့ အမေရိကန်ဒေါ်လာ ၈၂၅ လောက်ဖြစ်နိုင်ပါတယ်။

ကင်မရာ

iPhone 8 ရဲ့ ကင်မရာက တခြား စမတ်ဖုန်းတွေထက်ပိုပြီး ထူးခြားမှုရှိမယ့်ပုံပါဘဲ။

Augmented Reality Features တွေ၊ 3D ကင်မရာတွေ၊ Dual ကင်မရာတွေနဲ့ ထုတ်လုပ်ထားတယ်လို့ သတင်းထွက်နေပါတယ်။

ဒီဇိုင်း

iPhone 8 ကို အရင်ကလို အလူမီနီယမ်နဲ့ မထုတ်လုပ်တော့ဘဲ မှန်သား “Glass” နဲ့ ထုတ်လုပ်ဖို့ ရှိပါတယ်။ Glass ဆိုရင် ကြိုးမဲ့ အားသွင်းစနစ်အတွက်လည်း ပိုပြီးကောင်းမယ်လို့ဆိုကြပါတယ်။

iPhone 8 က မှန်သားလို ကြည်လင် တောက်ပနေတဲ့မယ့်အပြင် အရောင်အသစ်အဆန်းတွေလည်း ထုတ်လုပ်ဖို့ရှိပါတယ်။

အဖြူလိုလို ရွှေရောင်လိုလို အသားရောင်လိုလို တစ်မျိုးဆန်းသစ်ထားတဲ့ “Blush Gold” အရောင်နဲ့လည်း ထုတ်လုပ်မယ်လို့သတင်းတွေ ထွက်နေပါတယ်။

ရေစိုခံနိုင်လား

iPhone 8 မှာ IP68 လောက်ရှိတာကြောင့် iPhone 7 ထက်ပိုပြီး ရေစိုခံနိုင်မှုရှိမှာပါ။ iPhone 7 တုန်းက ရေ ၃ ပေခွဲမှာ နာရီဝက်လောက် အထားခံနိုင်ပါတယ်။ iPhone 8 ဆိုရင် ရေ ၅ ပေ လောက်မှာ မိနစ် ၃၀ လောက်အထားခံနိုင်မှာပါ။

ဘက်ထရီ

OLED နည်းပညာ အသုံးပြုထားတာကြောင့် ပိုကောင်းမယ့် ပိုခံမယ့် ဘက်ထရီ အသုံးပြုထားနိုင်ပါတယ်။ အဲ့ဒီအပြင် အရင်ကထက်မြန်တဲ့ အားသွင်းစနစ်တွေနဲ့ကြိုးမဲ့ အားသွင်းစနစ်တွေ တပ်ဆင်လာမှာပါ။

Specification

ပိုမြန်ပြီး ပိုကောင်းမယ့် Apple A11 Chipset ကို အသုံးပြုနိုင်ဖို့ များပြီး RAM က 3GB နဲ့ Storage က 64 GB နဲ့ 256 GB တို့သုံးထားမှာပါ။

iPhone 8 နဲ့ပတ်သက်ပြီး ပေါက်ကြားလာတဲ့သတင်းတွေ အားလုံးကို စုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။

iPhone 8 ဖြစ်လာနိုင်တဲ့ ပုံစံကို နာမည်ကြီး နည်းပညာ Blogger တစ်ယောက်က iPhone ထုတ်လုပ်တဲ့ စက်ရုံက ပေါက်ကြားလာတဲ့ စမတ်ဖုန်းနဲ့ ဗီဒီယိုရိုက်တင်ဆက်ထားတာကို အောက်ပါ Youtube Link မှာ ကြည့်နိုင်ပါတယ်။