လက်ရှိ လူကြိုက်များနေတဲ့ iPhone X ရဲ့ Display က အကောင်းဆုံး စမတ်ဖုန်း Display စာရင်းထဲကိုဝင်ပါတယ်။ အဲ့ဒီလိုကောင်းနေတာကလည်း Samsung ကထုတ်တဲ့ OLED ဖြစ်နေတာကြောင့်ပါ။ Samsung က Apple ရဲ့ တစ်ခုတည်းသော OLED Dispaly ထောက်ပံ့သူဖြစ်နေပါတယ်။

နောက်ထွက်မယ့် iPhone X Plus အသစ်ကတော့ အခု iPhone X ထက်ပိုပြီး Brightness ပိုများတဲ့ Display နဲ့လာမယ်လို့ သတင်းထွက်လာပါပြီ။ အဲ့ဒီ Display အသစ်ကိုတော့ LG ဆီကနေမှာယူမှာဖြစ်တယ်လို့သိရပါတယ်။ OLED မဟုတ်ပဲ LCD ပဲဖြစ်မှာကြောင့် OLED သဘောကျသူတွေအတွက်တော့ Apple ကဘယ်လိုဖြေရှင်းပေးမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Brightness Level ကို 1000nits အထိတင်နိုင်မှာဖြစ်တာကြောင့် လက်ရှိ LG ရဲ့ G7 ThinQ မှာသုံးထားတဲ့ Super Bright LCD Display နဲ့အတူတူဖြစ်နိုင်ပါတယ်။ LG ကလည်း OLED မသုံးပဲ ကျန်နေသေးတဲ့ကုမ္ပဏီတစ်ခုပါ။ Flagship ဖုန်းတွေအားလုံးကို OLED အသုံးမပြုပဲ ထုတ်လုပ်နေတာဖြစ်လို့ Apple အနေနဲ့လည်း အခုလို လုပ်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

iPhone X Plus ကိုတော့ လာမယ့် September မှပဲ တွေ့ရမှာဖြစ်ပြီး လက်ရှိထွက်နေတဲ့ ကောလဟလတွေက အားလုံးယုံလို့မရသေးပါဘူး။ Apple က iPhone သုံးမျိုးထုတ်မယ်လို့ သတင်းထွက်ထားဖူးတော့ iPhone X Plus မဟုတ်ပဲ iPhone 9 လည်းဖြစ်နိုင်ပါတယ်။ 6 Inch Screen နဲ့ဖြစ်မယ်လို့လည်း သတင်းတွေအများကြီးထွက်နေပါတယ်။