iPhone X (iPhone 10 လို့လည်း ခေါ်ကြပါတယ်။) ကို လာမယ့် ၂၇ ရက်နေ့မှာ စတင်အော်ဒါမှာနိုင်မယ်လို့ သတင်းရထားပါတယ်။ တကယ်ထွက်ရှိမယ့်နေ့ကတော့ နိုဝင်ဘာလ သုံးရက်နေ့ပဲဖြစ်ပါတယ်။ Limited Edition ဖြစ်လို့ ကြိုတင်မှာယူတာက စိတ်ချရမယ်လို့ ဆိုထားပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ 64GB ကို $999 နဲ့  256GB ကိုတော့ $1,149 ကျသင့်မှာဖြစ်ပါတယ်။ Wireless Charging သွင်းနိုင်မယ့် ဖန်သားဒီဇိုင်းနဲ့ ထွက်ရှိလာမှာ ဖြစ်ပြီး Plus Phone တွေထက်တော့ မျက်နှာပြင် အနည်းငယ် သေးပါလိမ့်မယ်။ သယ်ဆောင်ရလွယ်ကူတာတွေ့ရမှာဖြစ်ပြီး ရေစိုလည်းခံပေမယ့် အရောင်အနေနဲ့ကတော့ 2 Colors ပဲ လာတာကို တွေ့ရမှာပါ။

ဖုန်းရဲ့ရှေ့နောက် မျက်နှာပြင်နှစ်ခုလုံးကို ဖန်သားနဲ့ပြုလုပ်ပေးထားပါတယ်။

ရေအနက် တစ်မီတာ(သုံးပေကျော်လောက်)မှာ မိနစ်သုံးဆယ်ရေစိမ်ခံတယ်လို့လည်း အာမခံပေးထားပါသေးတယ်။ အရောင်ထွက်အားကောင်းတဲ့ 5.8 လက်မ မျက်နှာပြင်နဲ့ OLED Screen ကိုလည်း သုံးထားပါတယ်။

2436×1125 Pixels ကြောင့် ဓာတ်ပုံလှလှလေးတွေလည်း ဖန်တီးနိုင်မှာပါ။

Shortcut Menus တွေကို 3D Touch နဲ့ အလွယ်တကူ အဖွင့်အပိတ်လုပ်နိုင်ပါတယ်။  iOS 11 ကို သုံးထားပြီး သူမတူတဲ့ Wallpaper အသစ်တွေလည်း ထည့်သွင်းပေးထားဦးမှာပါ။

Bezel-Less Screen ကြောင့် Home Button မပါတော့ပါဘူး။ ဖုန်းကို အပေါ်ကိုတစ်ချက်ဆွဲပွတ်လိုက်ရုံနဲ့ Home Screen ကို ရောက်သွားမှာ ဖြစ်ပါတယ်။

Fingerprint ID ထက် Face ID အစားထိုးဝင်လာလို့ အလွယ်တကူ ဖွင့်နိုင်မှာပါ။ လက်ဗွေရာထက်လည်း ပိုမိုလုံခြုံစိတ်ချရမယ်လို့ ပြောပါတယ်။ 12 MP Dual Lens ကြောင့် ကျယ်ပြန့်တိကျတဲ့ ပုံလေးတွေ ရိုက်ကူးနိုင်ပါတယ်။ Lighting ကလည်း Automatic ချိန်ပေးပြီးသားပါ။

Animation နဲ့ Emoji ပေါင်းထားတဲ့ Animoji လေးတွေကတော့ iPhone X မှာသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ iPhone 7 ထက် နှစ်နာရီခန့် ပိုမို ကြာရှည် အသုံးခံမှာဖြစ်ပြီး Battery Life ပိုမိုကောင်းမွန်လာမယ်လို့ ဆိုပါတယ်။ နာရီဝက်အားသွင်းရုံနဲ့ 50% အားပြည့်မယ်လို့လည်း သက်သေပြထားပါတယ်။ Air Power Pad ကလည်း တခြား iDevice တွေကို အားသွင်းနိုင်မယ်လို့ သိရပါတယ်။