Mobile Phones | Reviews | Tips & Stories

အမိုက်စား ဒီဇိုင်းနဲ့ ထုတ်လုပ်လိုက်တဲ့ iPhone 10 (သို့) iPhone X

September 13, 2017

အမိုက်စား ဒီဇိုင်းနဲ့ ထုတ်လုပ်လိုက်တဲ့ iPhone 10 (သို့) iPhone X

Share this on:

သတင်းကြားကြားပြီးချင်တင်မယ်လို့ စိတ်ကူးထားခဲ့ပေမယ့် အခုမှ တင်ပေးဖြစ်လို့ တောင်းပန်ပါတယ်နော်။ ဒါပေမယ့်လည်း iPhone X အကြောင်း သိပြီးသားသူတွေလည်းရှိမယ်။ မသိသေးတဲ့သူတွေလည်းရှိဦးမယ်ထင်လို့ ထပ်ပြီး မျှဝေပေးလိုက်ပါတယ်နော်။

iPhone X မှာ ဘာတွေပိုကောင်းလာသလဲ

iPhone ရဲ့ ၁၀ နှစ်ပြည့်နဲ့အတူ ၂၀၁၇ ခုနှစ်မှာ အကြီးမားဆုံးအပြောင်းအလဲတစ်ခုကို စတင်လိုက်တယ်လို့ ဆိုရမှာပါ။

ဒီဇိုင်း

အရွယ်အစားကတော့ ၅.၈ လက်မရှိပြီး Super Retina Display (OLED) ကိုသုံးထားပါတယ်။ ဒီဇိုင်းပိုင်းဆန်းသစ်မှုတွေနဲ့အတူ Display က Edge to edge Screen အမျိုးအစားဖြစ်လာလို့ Hello to the Future လို့တောင် တင်စားကြပါတယ်။ အရှေ့ဖက်နဲ့အနောက်ဖက်မှာ မှန်သုံးထားတယ်။Samsung ဖုန်းတွေလိုတော့ စခရင်မ်က ခုံးခုံးကြီးမလုပ်ထားပါဘူး။ Stainless Steel ဘောင်ကွပ်ထားပါတယ်။

Battery

ဘက်ထရီပိုင်းကတော့ အရင် iPhone 7 ထက် ၂ နာရီလောက်ပိုခံမှာဖြစ်ပြီး ကြိုးမယ့်အားသွင်းစနစ် ပါဝင်လာမှာဖြစ်ပါတယ်။ Apple ကသူ့ရဲ့ AirPower လို့အမည်ပေးထားတဲ့ Charging Pad ကိုလည်း မိတ်ဆက်ပေးထားပါတယ်။ အဲဒီ AirPower က Apple Watch တို့ Airpods တို့နဲ့ အတူ iPhone X ကိုပါ တပြိုင်တည်းအားသွင်းလို့ရမှာဖြစ်ပါတယ်။ မိနစ် ၃၀ အတွင်း ဘက်ထရီအား ၅၀% ထိပြည့်မှာဖြစ်ပါတယ်။

Home Bottom ကိုဖြုတ်ထားတယ်


Hone Button နဲ့ Touch ID မပါတော့ပါဘူး။ Home Feauture ကိုရောက်ဖို့ ဖုန်းအောက်ဆုံးကဘားလေးကို အပေါ်ကို ပင့်ပေးလိုက်ရတဲ့ Swipe-up-from-the-Bottom Gesture ကိုလည်း ထည့်ပေးထားပါတယ်။

ပိုမိုစိတ်ချရတဲ့ လုံခြုံရေး


အရင် Touch ID အစား Face ID လို့ခေါ်တဲ့ ဖုန်းလုံခြုံရေးနဲ့ပတ်သက်တဲ့ Feature ကိုမိတ်ဆက်ပေးခဲ့ပြီး Touch ID ထက်စာရင် Face ID က ပိုပြီးလုံခြုံမှုရှိမယ်လို့ အာမခံထားပါတယ်။ Password နဲ့လည်း Lock ချလို့ရရပါတယ်။ မျက်နှာ မဲ့တာ ပြုံးတာ ဘယ်လိုအနေအထားနဲ့မဆို မှတ်သားထားနိုင်တာမို့ အမွှာရှိနေရင်တောင် မှားမှာစိတ်ပူစရာမလိုပါဘူး။ Touch ID က လူ ၅၀၀၀၀ (၅သောင်း) မှာ ၁ ယောက်တူနိုင်ပြီး Face ID က လူ တစ်သန်းမှာ တစ်ယောက်သာတူနိုင်တာမို့ ပိုပြီးလုံခြုံစိတ်ချတယ်လို့ဆိုပါတယ်။

ကင်မရာ


12 MP Dual-Lens Camera ကိုသုံးထားပြီး Aperture အနေနဲ့ကတော့ တစ်လုံးက f/1.8 နဲ့ နောက်တစ်လုံးက f/2.4 ပါ။ Telephoto နဲ့ Wide-Angle ကို ရိုက်ကူးနိုင်လို့ ပိုမိုက်တဲ့ ကင်မရာအရည်အသွေးကို မြင်တွေ့ရမှာပါ။ ပိုကြီးပြီး ပိုမြန်တဲ့ Sensor ကိုအသုံးပြုထားပါတယ်။ Lighting Effect တွေလည်းပါသေးတယ်။ HD+ ဖြစ်ပြီး 2436×1125 Resolution ပါ။ အရင် iPhone တွေထက် အများကြီးပိုကောင်းလာပါတယ်။

ဈေးနှုန်း

ဒီဖုန်းကတော့ iPhone ထဲမှာ ဈေးအကြီးဆုံးဖုန်းအမျိုးအစားဖြစ်ပြီး 64GB ကိုအမေရိကန်ဒေါ်လာ ၉၉၉ ရှိပါတယ်။ 256 GB ကိုအမေရိကန်ဒေါ်လာ ၁၁၄၉ ပေးရမှာပါ။ အရောင် ၂ ကတော့ Space Gray နဲ့ Silver ငွေရောင်ပါ။ နိုဝင်ဘာ ၃ ရက်နေ့မှာ ထွက်မှာဖြစ်ပြီး အောက်တိုဘာ ၂၇ ကနေစတင်ကာ Pre-Order ရောင်းချပေးသွားမှာဖြစ်ပါတယ်။

Review

User Rating

3.3 (4 Votes)