[Zawgyi]

iPhone XS နဲ႔ XR တို႔ ၾကားက မတူညီမႈတစ္ခုက XR မွာ 3D Touch ကို ေထာက္ပံ့ေပးျခင္း မရွိတာပါ။ ဒါေပမယ့္ Apple က Haptic Touch ကိုေတာ့ ထည့္သြင္းေပးထားပါတယ္။ အဲဒါက သာမန္ Long-press gesture ေတြကို Haptic feedback ျဖစ္ေစတာပါ။

Haptic Touch ဟာ iPhone XR မွာ ပါဝင္လာတယ္ဆိုေပမယ့္ 3D Touch ေလာက္ေတာ့ အသုံးျပဳရတာ ေခ်ာေမြ႕မႈ မရွိပါဘူး။ အထူးသျဖင့္ မ်က္ႏွာျပင္ကို လက္နဲ႔ဖိရာမွာ ဖိတဲ့အား အျပင္းအေပ်ာ့ကို တြက္ခ်က္မႈ ေႏွးေကြးပါတယ္။ တုံ႔ျပန္မႈက iPhone XS ရဲ႕ 3D Touch ကပိုၿပီးေကာင္းပါတယ္။

3D Touch ဆိုတာကေတာ့ ဖုန္းမ်က္ႏွာျပင္ ခပ္ျပင္းျပင္း ဖိလိုက္ရင္ သက္ဆိုင္ရာ Shortcuts ေတြပြင့္လာတာ၊ ဒါမွမဟုတ္ Links ေတြမွာ Peek ျဖစ္သြားတာပါ။ (Links ကေနတစ္ဆင့္ သက္ဆိုင္ရာ စာမ်က္ႏွာပြင့္လာတာ) ေလ့လာမႈ စစ္တမ္းေတြအရေတာ့ iPhone သုံးစြဲသူအေတာ္မ်ားမ်ားက ဒီ 3D Touch ကို သိပ္ၿပီးေတာ့ အသုံးမခ်ျဖစ္ၾကပါဘူး။ ဒါေပမယ့္လည္း Apple ကေတာ့ iPhone XR ရဲ႕ Haptic Touch မွာ ေနာက္ထပ္ 3D Touch Feature ကို ေထာက္ပံ့ေပးဖို႔ ႀကိဳးစားခဲ့တာပဲ ျဖစ္ပါတယ္။

3D Touch Feature ကို ထည့္သြင္းရတာဟာ Apple အတြက္ ကုန္က်စရိတ္ ပိုတာေၾကာင့္ iPhone တိုင္းမွာ ဒီ Feature မရရွိပါဘူး။ ၿပီးခဲ့တဲ့ ေအာက္တိုဘာတုန္းက အသစ္ထြက္လာတဲ့ iPhone XS နဲ႔ XS Max ေတြမွာ 3D Touch ပါလာခဲ့ေပမယ့္ XR မွာေတာ့ မပါလာခဲ့ပါဘူး။ ဟုတ္ပါတယ္ XR က ေဈးပိုသက္သာတဲ့ အမ်ိဳးအစားမို႔လို႔ပါပဲ။ ဒါေပမယ့္ iOS 12.1.1 မွာေတာ့ Haptic Touch က Notification ကိုပါ တိုးခ်ဲ႕ေပးေတာ့မယ္လို႔ သိရပါတယ္။ Haptic Touch ကို သုံးသည္ျဖစ္ေစ၊ မသုံးသည္ျဖစ္ေစ iPhone XR ပိုင္ရွင္ေတြအတြက္ေတာ့ ဝမ္းသာစရာသတင္း ျဖစ္ပါလိမ့္မယ္။

Ref: The Verge

 

[Unicode]

iPhone XS နဲ့ XR တို့ ကြားက မတူညီမှုတစ်ခုက XR မှာ 3D Touch ကို ထောက်ပံ့ပေးခြင်း မရှိတာပါ။ ဒါပေမယ့် Apple က Haptic Touch ကိုတော့ ထည့်သွင်းပေးထားပါတယ်။ အဲဒါက သာမန် Long-press gesture တွေကို Haptic feedback ဖြစ်စေတာပါ။

Haptic Touch ဟာ iPhone XR မှာ ပါဝင်လာတယ်ဆိုပေမယ့် 3D Touch လောက်တော့ အသုံးပြုရတာ ချောမွေ့မှု မရှိပါဘူး။ အထူးသဖြင့် မျက်နှာပြင်ကို လက်နဲ့ဖိရာမှာ ဖိတဲ့အား အပြင်းအပျော့ကို တွက်ချက်မှု နှေးကွေးပါတယ်။ တုံ့ပြန်မှုက iPhone XS ရဲ့ 3D Touch ကပိုပြီးကောင်းပါတယ်။

3D Touch ဆိုတာကတော့ ဖုန်းမျက်နှာပြင် ခပ်ပြင်းပြင်း ဖိလိုက်ရင် သက်ဆိုင်ရာ Shortcuts တွေပွင့်လာတာ၊ ဒါမှမဟုတ် Links တွေမှာ Peek ဖြစ်သွားတာပါ။ (Links ကနေတစ်ဆင့် သက်ဆိုင်ရာ စာမျက်နှာပွင့်လာတာ) လေ့လာမှု စစ်တမ်းတွေအရတော့ iPhone သုံးစွဲသူအတော်များများက ဒီ 3D Touch ကို သိပ်ပြီးတော့ အသုံးမချဖြစ်ကြပါဘူး။ ဒါပေမယ့်လည်း Apple ကတော့ iPhone XR ရဲ့ Haptic Touch မှာ နောက်ထပ် 3D Touch Feature ကို ထောက်ပံ့ပေးဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

3D Touch Feature ကို ထည့်သွင်းရတာဟာ Apple အတွက် ကုန်ကျစရိတ် ပိုတာကြောင့် iPhone တိုင်းမှာ ဒီ Feature မရရှိပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက အသစ်ထွက်လာတဲ့ iPhone XS နဲ့ XS Max တွေမှာ 3D Touch ပါလာခဲ့ပေမယ့် XR မှာတော့ မပါလာခဲ့ပါဘူး။ ဟုတ်ပါတယ် XR က ဈေးပိုသက်သာတဲ့ အမျိုးအစားမို့လို့ပါပဲ။ ဒါပေမယ့် iOS 12.1.1 မှာတော့ Haptic Touch က Notification ကိုပါ တိုးချဲ့ပေးတော့မယ်လို့ သိရပါတယ်။ Haptic Touch ကို သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ iPhone XR ပိုင်ရှင်တွေအတွက်တော့ ဝမ်းသာစရာသတင်း ဖြစ်ပါလိမ့်မယ်။

Ref: The Verge