[Zawgyi]

အေမရိကန္ႏိုင္ငံ အိုဟိုင္းယိုးျပည္နယ္ ၿမိဳ႕ေတာ္ကိုလံဘတ္စ္မွာေနထိုင္တဲ့ အမ်ိဳးသားတစ္ဦးက ဝယ္ထားတာ တစ္လမျပည့္ေသးတဲ့ iPhone XS Max ဟာ သူ႔ရဲ႕ ေဘာင္းဘီအိတ္ထဲမွာ မီးေလာင္ေပါက္ကြဲခဲ့တယ္လို႔ အခိုင္အမာေျပာဆိုလိုက္ပါတယ္။ ဒီျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၂ ရက္ေန႔တုန္းက ျဖစ္ပြားခဲ့တယ္လို႔လည္း သိရပါတယ္။

Josh Hillard ကေတာ့ သူ႔ေျခေထာက္ကို ျပင္းထန္တဲ့အပူမထိမိခင္မွာ သူ႔ရဲ႕ေဘာင္းဘီေနာက္အိတ္ထဲကေန ထူးဆန္းတဲ့ အနံ႔တစ္ခုကို သတိထားမိခဲ့တယ္လို႔ ဆိုပါတယ္။ ဒီကိစၥအတြက္လည္း သူဟာ Apple နဲ႔ ဆက္သြယ္ခဲ့ၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ျပန္ၿပီးအစားထိုးလဲလွယ္ေပးမယ့္ ကမ္းလွမ္းခ်က္အစား ဥပေဒေၾကာင္းနဲ႔ပဲ ရင္ဆိုင္သြားမယ္လို႔ သူက ဆိုပါတယ္။

Josh Hillard ဟာ သူ႔ရဲ႕ဖုန္း မီးေလာင္သြားၿပီးတဲ့ေနာက္ Apple Store ကိုသြားခဲ့ေၾကာင္း၊ ဝန္ထမ္းအမ်ိဳးသမီးနဲ႔ မိနစ္ ၂၀ ေလာက္ အေမးအေျဖလုပ္ခဲ့ရေၾကာင္း၊ ဒီေနာက္မွာေတာ့ ဖုန္းကိုအေနာက္ခန္းထဲယူသြားေၾကာင္း၊ ၄၅ မိနစ္ေလာက္ ၾကာေပမယ့္ ဘာမွအေၾကာင္းမျပန္ခဲ့ေၾကာင္း၊ ဒါေၾကာင့္ မန္ေနဂ်ာကိုေတြ႕ၿပီး သူ႔ဖုန္းကို ျပန္ေတာင္းခဲ့ေပမယ့္ သူ႔ဖုန္းကို Engineering Team ဆီပို႔လိုက္ၿပီျဖစ္ေၾကာင္း ဝန္ထမ္းအမ်ိဳးသမီးက ျပန္ေျပာခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ မန္ေနဂ်ာက Josh အေနနဲ႔ ဖုန္းအစားထိုးျပန္ယူဖို႔ပဲေျပာခဲ့ၿပီး အျခားေ႐ြးခ်ယ္ခြင့္မေပးေၾကာင္း စိတ္မေက်နပ္ဖြယ္ရာ အေတြ႕အႀကဳံေတြကို ျပန္လည္ ေျပာဆိုခဲ့ပါတယ္။

Josh Hillard ႀကဳံေတြ႕ခဲ့ရတဲ့ ဒီျဖစ္ရပ္ကို iDropNews က စတင္ေဖာ္ျပခဲ့ၿပီးတဲ့ေနာက္ လူသိမ်ားသြားခဲ့ၿပီး အျခားအြန္လိုင္းမီဒီယာေတြကလည္း ဆက္လက္ကိုးကားေဖာ္ျပခဲ့ၾကပါတယ္။ iPhone မီးေလာင္တာဟာ ဒီတစ္ႀကိမ္က ပထမဆုံး အႀကိမ္ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းကလည္း iPhone X ဟာ iOS 12.1 ကို Update တင္ၿပီးတဲ့ေနာက္ ေပါက္ကြဲခဲ့ေၾကာင္း သတင္းထြက္ေပၚခဲ့ပါေသးတယ္။ ဒီမတိုင္မီကလည္း iPhone မီးေလာင္မႈျဖစ္ပြားတဲ့ သတင္းအခ်ိဳ႕ ရွိခဲ့ဖူးပါတယ္။

Ref: 9to5Mmac

[Unicode]

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် မြို့တော်ကိုလံဘတ်စ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက ဝယ်ထားတာ တစ်လမပြည့်သေးတဲ့ iPhone XS Max ဟာ သူ့ရဲ့ ဘောင်းဘီအိတ်ထဲမှာ မီးလောင်ပေါက်ကွဲခဲ့တယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တုန်းက ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

Josh Hillard ကတော့ သူ့ခြေထောက်ကို ပြင်းထန်တဲ့အပူမထိမိခင်မှာ သူ့ရဲ့ဘောင်းဘီနောက်အိတ်ထဲကနေ ထူးဆန်းတဲ့ အနံ့တစ်ခုကို သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စအတွက်လည်း သူဟာ Apple နဲ့ ဆက်သွယ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြန်ပြီးအစားထိုးလဲလှယ်ပေးမယ့် ကမ်းလှမ်းချက်အစား ဥပဒေကြောင်းနဲ့ပဲ ရင်ဆိုင်သွားမယ်လို့ သူက ဆိုပါတယ်။

Josh Hillard ဟာ သူ့ရဲ့ဖုန်း မီးလောင်သွားပြီးတဲ့နောက် Apple Store ကိုသွားခဲ့ကြောင်း၊ ဝန်ထမ်းအမျိုးသမီးနဲ့ မိနစ် ၂၀ လောက် အမေးအဖြေလုပ်ခဲ့ရကြောင်း၊ ဒီနောက်မှာတော့ ဖုန်းကိုအနောက်ခန်းထဲယူသွားကြောင်း၊ ၄၅ မိနစ်လောက် ကြာပေမယ့် ဘာမှအကြောင်းမပြန်ခဲ့ကြောင်း၊ ဒါကြောင့် မန်နေဂျာကိုတွေ့ပြီး သူ့ဖုန်းကို ပြန်တောင်းခဲ့ပေမယ့် သူ့ဖုန်းကို Engineering team ဆီပို့လိုက်ပြီဖြစ်ကြောင်း ဝန်ထမ်းအမျိုးသမီးက ပြန်ပြောခဲ့ပါတယ်။ ဒီနောက်မှာတော့ မန်နေဂျာက Josh အနေနဲ့ ဖုန်းအစားထိုးပြန်ယူဖို့ပဲပြောခဲ့ပြီး အခြားရွေးချယ်ခွင့်မပေးကြောင်း စိတ်မကျေနပ်ဖွယ်ရာ အတွေ့အကြုံတွေကို ပြန်လည် ပြောဆိုခဲ့ပါတယ်။

Josh Hillard ကြုံတွေ့ခဲ့ရတဲ့ ဒီဖြစ်ရပ်ကို iDropNews က စတင်ဖော်ပြခဲ့ပြီးတဲ့နောက် လူသိများသွားခဲ့ပြီး အခြားအွန်လိုင်းမီဒီယာတွေကလည်း ဆက်လက်ကိုးကားဖော်ပြခဲ့ကြပါတယ်။ iPhone မီးလောင်တာဟာ ဒီတစ်ကြိမ်က ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း iPhone X ဟာ iOS 12.1 ကို Update တင်ပြီးတဲ့နောက် ပေါက်ကွဲခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ဒီမတိုင်မီကလည်း iPhone မီးလောင်မှုဖြစ်ပွားတဲ့ သတင်းအချို့ ရှိခဲ့ဖူးပါတယ်။

Ref: 9to5Mmac