[Zawgyi]

ဘယ္ေလာက္ပဲ နည္းပညာေတြ ျမင့္မားၿပီး တန္ဖိုးႀကီးထုတ္ကုန္လို႔ ေျပာေပမယ့္လည္း တစ္ခါတစ္ေလမွာေတာ့ အမွားအယြင္းဆိုတာ ပါဝင္လာတတ္ပါတယ္။ အလားတူပဲ ကမာၻ႔ အဆင့္အတန္းျမင့္ အမွတ္တံဆိပ္ျဖစ္တဲ့ Apple ရဲ႕ ထုတ္ကုန္ေတြမွာလည္း အဆင္မေျပျဖစ္တတ္တဲ့ Issue ေတြ ျဖစ္ေပၚတတ္ပါတယ္။

iPhone X မွာ Touch issue ျဖစ္ေပၚေနသလို MacBook Pro 13 မွာလည္း အခ်က္အလက္ေတြ ဆုံးရႈံးသြားရတဲ့ ျပႆနာ ရွိေနပါတယ္။ အခုအခ်ိန္မွာေတာ့ ကုမၸဏီက ဒီျပႆနာနဲ႔ပတ္သက္ၿပီး တာဝန္ယူတဲ့အေနနဲ႔ အစားျပန္ထိုးေပးတဲ့ အစီအစဥ္တစ္ခုကို ျပဳလုပ္လိုက္ပါၿပီ။ ေနာက္ဆုံးေတာ့ Apple လည္း သူ႔ထုတ္ကုန္ေတြမွာ ျပႆနာေတြ ရွိေနတယ္ဆိုတာကို ဝန္ခံလိုက္ၿပီလို႔ ေျပာရပါေတာ့မယ္။

iPhone X မွာရွိတဲ့ ျပႆနာကို “Ghost touches” လို႔ အမည္ေပးထားပါတယ္။ Panel က ထိေတြ႕လိုက္တာကို ျပန္ၿပီး တုံ႔ျပန္မႈ မလုပ္တာပါ။ အခု ဒီသတင္းကို ဖတ္ေနတဲ့ စာဖတ္သူဟာ iPhone X ကိုင္ေနတယ္၊ ၿပီးေတာ့ ဒီလိုမ်ိဳး Touch လုပ္လိုက္တိုင္း တုံ႔ျပန္မႈ မရတတ္တဲ့ အေျခအေနနဲ႔ ႀကဳံေတြ႕ရတယ္ဆိုရင္ေတာ့ အသစ္တစ္လုံးနဲ႔ ျပန္လဲလို႔ ရၿပီလို႔ သတင္းေကာင္း ပါးခ်င္ပါတယ္။ အျမန္ဆုံးသာ Local service center ကို ပို႔လိုက္ပါ။ သူတို႔က Panel ကို အစားထိုးေပးတာ၊ ဒါမွမဟုတ္ ဖုန္းအသစ္တစ္လုံးနဲ႔ ျပန္လဲေပးတာမ်ိဳးနဲ႔ ဒီျပႆနာကို ေျဖရွင္းေပးပါလိမ့္မယ္။

MacBook Pro 13 ေတြမွာျဖစ္တာကေတာ့ ေဒတာေတြ ေပ်ာက္ကုန္တာပါ။ ၂၀၁၇ ခုႏွစ္၊ ဇြန္လနဲ႔ ၂၀၁၈ ခုႏွစ္ ဇြန္လၾကားမွာ ထုတ္လုပ္တဲ့ MacBook Pro 13 ေတြမွာ ျဖစ္တာလို႔ ဆိုပါတယ္။ SSD မွာ ျပႆနာရွိလို႔ ဒီလိုမ်ိဳး ေဒတာေတြ ေပ်ာက္ကုန္တာလို႔ ေျပာပါတယ္။ ဒီေတာ့ စာဖတ္သူအေနနဲ႔ ကိုယ့္ရဲ႕ MacBook Pro 13 မွာ ေဒတာေတြ ေပ်ာက္တတ္လား ဆိုတာကို ျပန္ၿပီး စစ္ေဆးသင့္ပါတယ္။ အကယ္၍ တစ္ခုခု အမွားအယြင္း ျဖစ္ေနတယ္ဆိုရင္ေတာ့ သက္ဆိုင္ရာ Service Center ကို ပို႔ေဆာင္ၿပီး ေျဖရွင္းလိုက္လို႔ရပါတယ္။

Ref: GSMarena

 

[Unicode]

ဘယ်လောက်ပဲ နည်းပညာတွေ မြင့်မားပြီး တန်ဖိုးကြီးထုတ်ကုန်လို့ ပြောပေမယ့်လည်း တစ်ခါတစ်လေမှာတော့ အမှားအယွင်းဆိုတာ ပါဝင်လာတတ်ပါတယ်။ အလားတူပဲ ကမ္ဘာ့ အဆင့်အတန်းမြင့် အမှတ်တံဆိပ်ဖြစ်တဲ့ Apple ရဲ့ ထုတ်ကုန်တွေမှာလည်း အဆင်မပြေဖြစ်တတ်တဲ့ Issue တွေ ဖြစ်ပေါ်တတ်ပါတယ်။

iPhone X မှာ Touch issue ဖြစ်ပေါ်နေသလို MacBook Pro 13 မှာလည်း အချက်အလက်တွေ ဆုံးရှုံးသွားရတဲ့ ပြဿနာ ရှိနေပါတယ်။ အခုအချိန်မှာတော့ ကုမ္ပဏီက ဒီပြဿနာနဲ့ပတ်သက်ပြီး တာဝန်ယူတဲ့အနေနဲ့ အစားပြန်ထိုးပေးတဲ့ အစီအစဉ်တစ်ခုကို ပြုလုပ်လိုက်ပါပြီ။ နောက်ဆုံးတော့ Apple လည်း သူ့ထုတ်ကုန်တွေမှာ ပြဿနာတွေ ရှိနေတယ်ဆိုတာကို ဝန်ခံလိုက်ပြီလို့ ပြောရပါတော့မယ်။

iPhone X မှာရှိတဲ့ ပြဿနာကို “Ghost touches” လို့ အမည်ပေးထားပါတယ်။ Panel က ထိတွေ့လိုက်တာကို ပြန်ပြီး တုံ့ပြန်မှု မလုပ်တာပါ။ အခု ဒီသတင်းကို ဖတ်နေတဲ့ စာဖတ်သူဟာ iPhone X ကိုင်နေတယ်၊ ပြီးတော့ ဒီလိုမျိုး Touch လုပ်လိုက်တိုင်း တုံ့ပြန်မှု မရတတ်တဲ့ အခြေအနေနဲ့ ကြုံတွေ့ရတယ်ဆိုရင်တော့ အသစ်တစ်လုံးနဲ့ ပြန်လဲလို့ ရပြီလို့ သတင်းကောင်း ပါးချင်ပါတယ်။ အမြန်ဆုံးသာ Local service center ကို ပို့လိုက်ပါ။ သူတို့က Panel ကို အစားထိုးပေးတာ၊ ဒါမှမဟုတ် ဖုန်းအသစ်တစ်လုံးနဲ့ ပြန်လဲပေးတာမျိုးနဲ့ ဒီပြဿနာကို ဖြေရှင်းပေးပါလိမ့်မယ်။

MacBook Pro 13 တွေမှာဖြစ်တာကတော့ ဒေတာတွေ ပျောက်ကုန်တာပါ။ ၂၀၁၇ ခုနှစ်၊ ဇွန်လနဲ့ ၂၀၁၈ ခုနှစ် ဇွန်လကြားမှာ ထုတ်လုပ်တဲ့ MacBook Pro 13 တွေမှာ ဖြစ်တာလို့ ဆိုပါတယ်။ SSD မှာ ပြဿနာရှိလို့ ဒီလိုမျိုး ဒေတာတွေ ပျောက်ကုန်တာလို့ ပြောပါတယ်။ ဒီတော့ စာဖတ်သူအနေနဲ့ ကိုယ့်ရဲ့ MacBook Pro 13 မှာ ဒေတာတွေ ပျောက်တတ်လား ဆိုတာကို ပြန်ပြီး စစ်ဆေးသင့်ပါတယ်။ အကယ်၍ တစ်ခုခု အမှားအယွင်း ဖြစ်နေတယ်ဆိုရင်တော့ သက်ဆိုင်ရာ Service Center ကို ပို့ဆောင်ပြီး ဖြေရှင်းလိုက်လို့ရပါတယ်။

Ref: GSMarena