Mobile Phones

iPhone 8 နဲ့ယှဉ်လာမယ့် Huawei Mate 10

July 30, 2017

iPhone 8 နဲ့ယှဉ်လာမယ့် Huawei Mate 10


Share this on:

Bazel-Less Display ထည့်ထားလို့

Apple ရဲ့ အသစ်ထွက်လာမယ့် iPhone 8နဲ့ ယှဉ်နိုင်မယ်လို့ Huawei CEO ကဆိုပါတယ်။

2017 ရဲ့ Smartphone Trend တွေမှာ တွင်ကျယ်လာတဲ့ Bazel-Less Display ကို Huawei Mate 10 မှာ ထည့်ပေးထားမယ်လို့ Huawei CEO Richard Yu က ထုတ်ပြန်လိုက်ပါပြီ။ Mate 10 မှာပါမယ့် Feature တွေက Apple ကို ယှဉ်နိုင်လိမ့်မယ်လို့ သူက မျှော်မှန်းထားပါတယ်။

Bazel-Less ကြောင့် ပိုမိုကျယ်ပြန့်တဲ့ Screen Display နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Battery Life ကလည်း အရင်ဖုန်းတွေထက် ပိုမိုကြာရှည်ခံအောင် လုပ်ပေးထားပါတယ်တဲ့။ Charging Speed ကိုလည်း မယုံနိုင်စရာတွေ့မြင်ရဦးမှာပါ။ 3D Sensor လည်း ပါမှာမို့လို့ Huawei ထဲက ကွဲထွက်လာမယ့် Smartphone တစ်လုံးအနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။

6 inch (1080×2160 Megapixels) မျက်နှာပြင်နဲ့ 18:9 Aspect Ratio ရှိပါတယ်။ ဒါကြောင့် LG G6 နဲ့ Galaxy S8 နဲ့လည်း တစ်ထပ်တည်းပါပဲ။ Richard Yu ပြောကြားချက်အရ Mate 10ကို လာမယ့် September လမှာ ချပြသွားမယ်လို့ သိရှိရပါတယ်။

Review

User Rating

3.9 (14 Votes)
error: Alert: Copyright © 2018. MyTech Myanmar