တက္ကသိုလ်ကျောင်းသား တစ်ယောက် ဖြစ်လာပြီဆိုရင် Laptop ဟာ အတိုင်းအတာ တစ်ခုထိ အရေးပါနေပါတယ်။ သိပ်မကြာခင်မှာ တက္ကသိုလ်တွေလည်း ပြန်ဖွင့်တော့မှာ ဆိုတော့ ခုမှ တက္ကသိုလ်တက်မယ့် ကျောင်းသားကျောင်းသူတွေ အတွက် Laptop ဝယ်မယ်ဆိုရင် သေချာ ဂရုစိုက်ဝယ်ဖို့လိုပါတယ်။ အခုပြောပြမယ့် Dell XPS 13 ကရော ကျောင်းသားတွေအတွက် တကယ်သင့်တော်ရဲ့လား။

Source: TechRadar

သူကတော့ 8th Generation ကို i5 နဲ့ i7 ဆိုပြီး CPU ၂ မျိုးလာပါတယ်။ Graphic က Intel UHD 620 ဆိုတော့ အကောင်းဆုံးတော့မဟုတ်ပေမယ့် သုံးရတာ အဆင်မပြေတာမျိုးတော့မရှိပါဘူး။ RAM အနေနဲ့ ဆိုရင် 4GB ကနေ 16GB တိုးလို့ရပါတယ်။ Screen အနေနဲ့ဆိုရင် 13.3 inch ကို FHD (1920 x 1080, Non-Touch) နဲ့ UHD (3840 x 2160 Touch) ဆိုပြီး ၂ မျိုးလာပါတယ်။ Storage အနေနဲ့ ဆိုရင် လည်း 128GB ကနေ 1TB အထိတိုးလို့ရပါတယ်။ Camera  က တော့ Widescreen (720p) Webcam 4 Array Digital Microphone နဲ့ပါ။

Source: TechRadar

ဒီဇိုင်းလေးကလည်းမိုက်တယ်၊ Performance လေးလည်းကောင်းတယ်ဆိုတော့ ခြုံပြောရရင် ဝယ်ပျော်သုံးပျော် လို့ပြောလို့ရပါတယ်။ ဈေးကလည်း $999ဆိုတော့ ဒီPerformance နဲ့ ဒီ ဒီဇိုင်းနဲ့ ဒီဈေးကသင့်တယ်လို့ပြောလို့ရပါတယ်။