ပြီးခဲ့တဲ့ မတ်လတုန်းကထွက်ရှိခဲ့တဲ့ Huawei Nova 3E ဖုန်းဟာ မြန်မာငွေ သုံးသိန်းခွဲ ဝန်းကျင်တန်ဖုန်းတွေထဲမှာဆိုရင် အတော်အသင့်ကောင်းတဲ့ဖုန်းလို့ ပြောလို့ရပေမယ့် မျှော်လင့်ထားသလောက်တော့ သိပ်အားမရခဲ့ကြပါဘူး။ ဘာလို့ဒီလိုပြောရလဲဆိုရင် အဓိကကတော့ သူ့ရဲ့ Processor ကြောင့်ပါ။ သူ့ရှေ့မှာထွက်ပြီးသားဖုန်း တစ်လုံးဖြစ်တဲ့ Nova 2I မှာ သုံးထားတဲ့ Hisilicon Kirin 659 ကိုပဲပြန်သုံးထားတော့ သူ့ထက်ကောင်းတဲ့ Processor ကိုမျှော်လင့်ထားတဲ့ ကျွန်တော်တို့လို လူတွေအတွက်တော့ သိပ်အားမရခဲ့ပါဘူး။

ဒါပေမဲ့ ဒီဇိုင်းပိုင်းမှာတော့ P 20 နဲ့တော်တော်လေးဆင်ပြီး iPhone X နဲ့လည်းခပ်ဆင်ဆင်ပါ။ နောက် Camera ကို ဒေါင်လိုက်ပုံစံလုပ်ထားတာရယ် Notch လေးပါနေတာရယ်က iPhone X နဲ့ ဆင်သွားစေတာပါ။ ဒါပေမဲ့ မြင်မြင်ချင်းမှာတင် ဒီဇိုင်းကတော်တော်လေး ဆွဲဆောင်နိုင်နေပါပြီ။ သုံးသိန်းခွဲတန်ဖုန်းထဲမှာ ဆိုရင်တော့ ဒီလောက်ဒီဇိုင်းဟာ တော်တော်လေး မိုက်တယ်လို့ပြောလို့ရပါတယ်။

Battery အနေနဲ့ ဆိုရင် 3000mAh ကိုသုံးထားတော့ အရမ်းကြီးမဆိုးပေမယ့် အကောင်းကြီးတော့ မဟုတ်ပါဘူး။ ဂိမ်းဆော့မယ့်လူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ GPU ကအရမ်းမမြင့်ဘူးဆိုပေမယ့် PUBG တို့ Mobile Legend တို့လို Game မျိုး ကိုတော့ ကောင်းကောင်းဆော့လို့ရပါတယ်။

Camera အနေနဲ့ဆိုရင် Primary Camera ကို Dual Camera 16MP (f/2.2) + 2MP ကိုသုံးထားပြီး Secondary Camera ကိုတော့ 24MP (f/2.0) ကိုသုံးထားပါတယ်။ Low Light မှာရိုက်မယ်ဆိုရင် Noise တွေထနိုင်ပြီး အလင်းထဲမှာဆိုရင်တော့ ပုံတွေက Over Sharping ဖြစ်နေတာကြောင့် Colour အမှန်မရနိုင်ပါဘူး။ Nova 3E အနေနဲ့ဆိုရင် Camera ကို အဲ့ထက်ကောင်းမယ်လို့ မျှော်လင့်ထားတာပါ။ ဒါပေမယ့်လည်း သေချာရိုက်တတ်ရင်တော့ ပုံကောင်းတစ်ပုံရနိုင်ပါတယ်။

Huawei Nova 3E ဟာ ကျွန်တော်တို့မျှော်လင့်ထားသလောက်တော့ မစွမ်းဆောင်နိုင်ပေမယ့် မကောင်းဘူးလို့လည်းပြောမရပါဘူး။ ဒါပေမယ့် ဒီဇိုင်းလှတာ မိုက်တာလေးမှ လိုချင်တယ်ဆိုတဲ့ လူတွေအတွက်ကတော့ Huawei Nova 3E ကလုံးဝ စိတ်ပျက်စေမှာ မဟုတ်ပါဘူး။