Zawgyi Font Version

Samsung ရဲ႕ Galaxy J Series ဖုန္​းေတြဟာဆိုရင္​ အနိမ္​့ပိုင္​း Budget အမ်ိဳးအစားေတြထဲပါ၀င္​ၿပီး အိႏိၵယနဲ႔ ျမန္မာႏိုင္ငံေတြမွာ အဝယ္မ်ားၾကပါတယ္။ တစ္ျခား Budget ဖုန္းေတြလို Built- Quality အားနည္းတာမ်ိဳးမရွိပဲ အရည္အေသြးေကာင္းျပီး ေရရွည္အသံုးခံပါတယ္။ ဒီႏွစ္မွာေတာ့ Glaxy J6, Galaxy J8, Galaxy A6 နဲ႔ A6+ တို႔လိုBudget နဲ႔ Mid-range ဖုန္းေတြကိုထုတ္ထားပါတယ္။ Mid-range ထဲမွာမွ အျမင့္ပိုင္း ဖုန္းတစ္လံုးျဖစ္တဲ့ Galaxy A8+ ကိုလည္းမိတ္ဆက္ထားျပီးပါျပီ။

Samsung ဟာ J6+ ဆိုတဲ့ ဖုန္းအသစ္တစ္လံုးကို ထုတ္လုပ္ေနျပီး Model Number အရ SM-J610 ျဖစ္ကာ ဥေရာပေစ်းကြက္ကိုဦးတည္ေရာင္းခ်ေတာ့မွာျဖစ္တယ္လို႔သိရပါတယ္။ အဆိုပါသတင္းက ေနရာတကာမွာ ပ်ံ႕ႏွံ႔ေနခဲ့တာျဖစ္ျပီး တစ္ကယ္လည္းမွန္ကန္ခဲ့ပါတယ္။ အခုအခါမွာေတာ့ J6 Prime ဆိုတဲ့ Model ေနာက္တစ္မ်ိဳးကိုထုတ္လုပ္ေနျပီလို႔ SamMobile ကေန Galaxy J6 Prime ရဲ႕ Spec ေတြကိုထုတ္ျပန္လိုက္ပါတယ္။ J6+ ကိုေရာင္းခ်ခဲ့တဲ့ ႏိုင္ငံေတြမွာပဲေရာင္းခ်မွာျဖစ္တယ္လိုံသိရပါတယ္။

Galaxy J6 Prime ကို ပံုမွန္ အနက္ေရာင္အျပင္ အနီနဲ႔ မီးခိုး ႏွစ္ေရာင္နဲ႔ပါရရွိႏိုင္မွာပါ။ ပိုမိုၾကီးမားတဲ့ ေျခာက္လက္မ အရြယ္ Display နဲ႔လာမွာျဖစ္ျပီး အရင္ J6 မွာေတာ့ ငါးလက္မခြဲအရြယ္ရွိတဲ့ Display ပဲသံုးေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း Display ရဲ႕ Reaolution ကေတာ့ အရင္လိုပဲ HD+ (1480×720) ပဲရွိမွာပါ။ Infinity Display Design ကိုအသံုးျပဳသြားမွာျဖစ္ျပီး SamMobile ရဲ႕ေျပာၾကားခ်က္အရ Galaxy J6 Prime မွာ AMOLED Display အသံုးမျပဳပဲ LCD ပဲသံုးသြားႏိုင္ေခ်ရွိပါတယ္။

Dual Camera Setup ကိုသံုးထားျပီး ပိုျမင့္တဲ့ Galaxy J8 လိုပဲ 13MP နဲ႔ 5MP Camera ေတြသံုးထားပါတယ္။ အေရွ႕ဘက္ Selfie Camera ကေတာ့ 8MP ရွိပါတယ္။ Fingerprint Sensor ကိုဖုန္းရဲ႕ေဘးေဘာင္မွာတပ္ဆင္ေပးထားမယ္လို႔လည္းသတင္းေတြထြက္ေနပါတယ္။ Xiaomi Redmi 5A မွာလိုမ်ိဳးပဲ Qualcomm ရဲ႕ အနိမ့္ပိုင္း SoC ျဖစ္တဲ့ Snapdragon 425 ကိုသံုးေပးထားပါတယ္။

RAM 3GB, Storage 32GB နဲ႔ RAM 4GB, Storage 64GB ဆိုျပီး Model ႏွစ္မ်ိဳးနဲ႔ေရာင္းခ်မွာျဖစ္ျပီး Micro SD Support လည္းပါပါတယ္။ Dual Sims Support ေပးမွာျဖစ္ျပီး 4G LTE ထိေထာက္ပံ့ေပးပါတယ္။ Battery ပမာဏ 3,300mAh ပါဝင္ျပီး J6 Prime ရဲ႕ Support Page ေတြကို Smasung ရဲ႕Website မွာေတြ႔ေနရျပီမို႔လို႔ မိတ္ဆက္မယ့္ရက္ကေတာ့ေတာ္ေတာ္နီးေနျပီေျပာရမွာပါ။

Unicode Version

Samsung ရဲ့ Galaxy J Series ဖုန်းတွေဟာဆိုရင် အနိမ့်ပိုင်း Budget အမျိုးအစားတွေထဲပါဝင်ပြီး အိန္ဒိယနဲ့ မြန်မာနိုင်ငံတွေမှာ အဝယ်များကြပါတယ်။ တစ်ခြား Budget ဖုန်းတွေလို Built- Quality အားနည်းတာမျိုးမရှိပဲ အရည်အသွေးကောင်းပြီး ရေရှည်အသုံးခံပါတယ်။ ဒီနှစ်မှာတော့ Glaxy J6, Galaxy J8, Galaxy A6 နဲ့ A6+ တို့လိုBudget နဲ့ Mid-range ဖုန်းတွေကိုထုတ်ထားပါတယ်။ Mid-range ထဲမှာမှ အမြင့်ပိုင်း ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A8+ ကိုလည်းမိတ်ဆက်ထားပြီးပါပြီ။

Samsung ဟာ J6+ ဆိုတဲ့ ဖုန်းအသစ်တစ်လုံးကို ထုတ်လုပ်နေပြီး Model Number အရ SM-J610 ဖြစ်ကာ ဥရောပဈေးကွက်ကိုဦးတည်ရောင်းချတော့မှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါသတင်းက နေရာတကာမှာ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး တစ်ကယ်လည်းမှန်ကန်ခဲ့ပါတယ်။ အခုအခါမှာတော့ J6 Prime ဆိုတဲ့ Model နောက်တစ်မျိုးကိုထုတ်လုပ်နေပြီလို့ SamMobile ကနေ Galaxy J6 Prime ရဲ့ Spec တွေကိုထုတ်ပြန်လိုက်ပါတယ်။ J6+ ကိုရောင်းချခဲ့တဲ့ နိုင်ငံတွေမှာပဲရောင်းချမှာဖြစ်တယ်လိုံသိရပါတယ်။

Galaxy J6 Prime ကို ပုံမှန် အနက်ရောင်အပြင် အနီနဲ့ မီးခိုး နှစ်ရောင်နဲ့ပါရရှိနိုင်မှာပါ။ ပိုမိုကြီးမားတဲ့ ခြောက်လက်မ အရွယ် Display နဲ့လာမှာဖြစ်ပြီး အရင် J6 မှာတော့ ငါးလက်မခွဲအရွယ်ရှိတဲ့ Display ပဲသုံးပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း Display ရဲ့ Reaolution ကတော့ အရင်လိုပဲ HD+ (1480×720) ပဲရှိမှာပါ။ Infinity Display Design ကိုအသုံးပြုသွားမှာဖြစ်ပြီး SamMobile ရဲ့ပြောကြားချက်အရ Galaxy J6 Prime မှာ AMOLED Display အသုံးမပြုပဲ LCD ပဲသုံးသွားနိုင်ချေရှိပါတယ်။

Dual Camera Setup ကိုသုံးထားပြီး ပိုမြင့်တဲ့ Galaxy J8 လိုပဲ 13MP နဲ့ 5MP Camera တွေသုံးထားပါတယ်။ အရှေ့ဘက် Selfie Camera ကတော့ 8MP ရှိပါတယ်။ Fingerprint Sensor ကိုဖုန်းရဲ့ဘေးဘောင်မှာတပ်ဆင်ပေးထားမယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ Xiaomi Redmi 5A မှာလိုမျိုးပဲ Qualcomm ရဲ့ အနိမ့်ပိုင်း SoC ဖြစ်တဲ့ Snapdragon 425 ကိုသုံးပေးထားပါတယ်။

RAM 3GB, Storage 32GB နဲ့ RAM 4GB, Storage 64GB ဆိုပြီး Model နှစ်မျိုးနဲ့ရောင်းချမှာဖြစ်ပြီး Micro SD Support လည်းပါပါတယ်။ Dual Sims Support ပေးမှာဖြစ်ပြီး 4G LTE ထိထောက်ပံ့ပေးပါတယ်။ Battery ပမာဏ 3,300mAh ပါဝင်ပြီး J6 Prime ရဲ့ Support Page တွေကို Smasung ရဲ့Website မှာတွေ့နေရပြီမို့လို့ မိတ်ဆက်မယ့်ရက်ကတော့တော်တော်နီးနေပြီပြောရမှာပါ။

Ref: XDA News