တရုတ္အင္တာနက္ကုမၸဏီၾကီး Alibaba ရဲ႕ ပူးတြဲတည္ေထာင္သူနဲ႔ လက္ရွိ ဥကၠဌျဖစ္သူ ဂ်က္မာ ဟာ လက္ရွိ လုပ္ငန္းကေန အနားယူေတာ့မယ္လို႔ ဒီေသာၾကာေန႔မွာ ေၾကျငာခဲ့ပါတယ္။ အနားယူရတဲ့ အေၾကာင္းရင္း ကေတာ့ ပညာေရးဦးစားေပး အမ်ားအက်ဳိးျပဳလုပ္ငန္းေတြကို ေဇာက္ခ်လုပ္ကိုင္သြားဖို႔လို႔ ဆုိပါတယ္။

ေက်ာင္းဆရာေဟာင္း တစ္ဦးျဖစ္တဲ့ ဂ်က္မာဟာ လက္ရွိမွာ အသက္ ၅၃ သာရွိေသးျပီး သူ႕ရဲ႕ လူသိအမ်ားဆုံး လုပ္ငန္းျဖစ္တဲ့ Alibaba ကို ၁၉၉၉ ခုႏွစ္မွာ အျခားပါတနာ ၁၇ ေယာက္နဲ႔ ပူးေပါင္းျပီး စတင္ တည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာ ေဒၚလာ ၄၂၀ ဘီလီယံ တန္ေၾကးရွိတဲ့ Alibaba လုပ္ငန္းစုၾကီးဟာ သုံးစြဲသူ သန္းငါးရာကို အင္တာနက္ေပၚကေန လိုအပ္သမွ်အကုန္ ဝယ္ယူႏုိင္ေအာင္ ဝန္ေဆာင္မႈေပးေနတာ ျဖစ္ျပီး ယခုအခါ အြန္လိုင္းေငြေပးေျခမႈ၊ အြန္လိုင္းဘဏ္စနစ္၊ Cloud နည္းပညာ၊ ဒစ္ဂ်စ္တယ္မီဒီယာနဲ႔ ေဖ်ာ္ေျဖေရး က႑ေတြမွာ အေျခခ် လုပ္ကိုင္ေနပါျပီ။

Alibaba မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အေတာအတြင္း ဂ်က္မာဟာ တရုတ္ႏုိင္ငံရဲ႕ အခ်မ္းသာဆုံး ပုဂၢဳိလ္ ျဖစ္လာခဲ့ျပီး စုစုေပါင္းပုိင္ဆုိင္မႈ အေမရိကန္ေဒၚလာ ၄၀ ဘီလီယံခန္႔ ပုိင္ဆုိင္ေနပါတယ္။ အနားယူျပီးတဲ့အခါမွာ Alibaba ဘုတ္အဖြဲ႕မွာေတာ့ ဆက္ရွိေနဦးမွာပါ။ လာမယ့္အပတ္မွာ သူ႕ေနရာအတြက္ ဆက္ခံသူကို ေၾကျငာသြားမွာျဖစ္တယ္လို႔ တရုတ္ျပည္တြင္းမီဒီယာတစ္ခုက စေနေန႔မွာ ေဖာ္ျပခဲ့ပါတယ္။

Ref – https://www.cnet.com/news/alibabas-co-founder-jack-ma-to-retire

Unicode

တရုတ်အင်တာနက်ကုမ္ပဏီကြီး Alibaba ရဲ့ ပူးတွဲတည်ထောင်သူနဲ့ လက်ရှိ ဥက္ကဌဖြစ်သူ ဂျက်မာ ဟာ လက်ရှိ လုပ်ငန်းကနေ အနားယူတော့မယ်လို့ ဒီသောကြာနေ့မှာ ကြေငြာခဲ့ပါတယ်။ အနားယူရတဲ့ အကြောင်းရင်း ကတော့ ပညာရေးဦးစားပေး အများအကျိုးပြုလုပ်ငန်းတွေကို ဇောက်ချလုပ်ကိုင်သွားဖို့လို့ ဆိုပါတယ်။

ကျောင်းဆရာဟောင်း တစ်ဦးဖြစ်တဲ့ ဂျက်မာဟာ လက်ရှိမှာ အသက် ၅၃ သာရှိသေးပြီး သူ့ရဲ့ လူသိအများဆုံး လုပ်ငန်းဖြစ်တဲ့ Alibaba ကို ၁၉၉၉ ခုနှစ်မှာ အခြားပါတနာ ၁၇ ယောက်နဲ့ ပူးပေါင်းပြီး စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒေါ်လာ ၄၂၀ ဘီလီယံ တန်ကြေးရှိတဲ့ Alibaba လုပ်ငန်းစုကြီးဟာ သုံးစွဲသူ သန်းငါးရာကို အင်တာနက်ပေါ်ကနေ လိုအပ်သမျှအကုန် ဝယ်ယူနိုင်အောင် ဝန်ဆောင်မှုပေးနေတာ ဖြစ်ပြီး ယခုအခါ အွန်လိုင်းငွေပေးခြေမှု၊ အွန်လိုင်းဘဏ်စနစ်၊ Cloud နည်းပညာ၊ ဒစ်ဂျစ်တယ်မီဒီယာနဲ့ ဖျော်ဖြေရေး ကဏ္ဍတွေမှာ အခြေချ လုပ်ကိုင်နေပါပြီ။

Alibaba မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတောအတွင်း ဂျက်မာဟာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီး စုစုပေါင်းပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံခန့် ပိုင်ဆိုင်နေပါတယ်။ အနားယူပြီးတဲ့အခါမှာ Alibaba ဘုတ်အဖွဲ့မှာတော့ ဆက်ရှိနေဦးမှာပါ။ လာမယ့်အပတ်မှာ သူ့နေရာအတွက် ဆက်ခံသူကို ကြေငြာသွားမှာဖြစ်တယ်လို့ တရုတ်ပြည်တွင်းမီဒီယာတစ်ခုက စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။