ဧျပီလမွာ ဆမ္ေဆာင္းမွ သူတုိ႔ရဲ႕ Galaxy S6 မိသားစုဝင္ ဖုန္းေတြအတြက္ လစဥ္ Security Update ထုတ္လုပ္ေပးမႈကို ရပ္တန္႔ခဲ့ေပမယ့္ Galaxy S6 နဲ႔ S6 Edge Plus တုိ႔ကေတာ့ ဆက္လက္ရရွိေနခဲ့ပါတယ္။ ယေန႔ အဆုိပါဖုန္းမ်ားနဲ႔ Note 5 တုိ႔အတြက္ စက္တင္ဘာ Security Patch ထြက္လာမွာျဖစ္ျပီး ၄င္းဟာ သူတုိ႔ ရရွိမယ့္ ေနာက္ဆုံး Update ပါပဲ။

ဆမ္ေဆာင္းက သူတုိ႔ရဲ႕ စမတ္ဖုန္းေတြကို ပုံမွန္အားျဖင့္ ႏွစ္ႏွစ္ထိ Software Support ဆက္ေပးပါတယ္။ ဒီဖုန္းေတြက ၂၀၁၅ မွာ မိတ္ဆက္ခဲ့တာ ျဖစ္တဲ့အတြက္ သက္တမ္းကို ေတာ္ေတာ္ေလး ေက်ာ္ေနခဲ့ပါျပီ။ ဒါေပမဲ့ စနစ္အတြင္းမွာ Critical ျဖစ္ေလာက္ေအာင္ ထိခုိက္ႏုိင္တာေတြ႕ရင္ေတာ့ ျပန္လည္ျပင္ဆင္ေပးသြားဦးမွာ ျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္မွာ မိတ္ဆက္ခဲ့တဲ့ Flagship ေတြကို Update စာရင္းကေန ပယ္ဖ်က္ဖို႔ ေနာက္ဆုံး Update ထုတ္ေပးခဲ့တဲ့ေနာက္ မ်ဳိးဆက္သစ္ေတြအတြက္လည္း လာမယ့္ရက္ပုိင္းအတြင္းမွာ OTA Update ရလာဖို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – https://www.gsmarena.com/samsung_galaxy_s6_edge_galaxy_note5_stop_receiving_monthly_updates-news-33112.php

Unicode

ဧပြီလမှာ ဆမ်ဆောင်းမှ သူတို့ရဲ့ Galaxy S6 မိသားစုဝင် ဖုန်းတွေအတွက် လစဉ် Security Update ထုတ်လုပ်ပေးမှုကို ရပ်တန့်ခဲ့ပေမယ့် Galaxy S6 နဲ့ S6 Edge Plus တို့ကတော့ ဆက်လက်ရရှိနေခဲ့ပါတယ်။ ယနေ့ အဆိုပါဖုန်းများနဲ့ Note 5 တို့အတွက် စက်တင်ဘာ Security Patch ထွက်လာမှာဖြစ်ပြီး ၎င်းဟာ သူတို့ ရရှိမယ့် နောက်ဆုံး Update ပါပဲ။

ဆမ်ဆောင်းက သူတို့ရဲ့ စမတ်ဖုန်းတွေကို ပုံမှန်အားဖြင့် နှစ်နှစ်ထိ Software Support ဆက်ပေးပါတယ်။ ဒီဖုန်းတွေက ၂၀၁၅ မှာ မိတ်ဆက်ခဲ့တာ ဖြစ်တဲ့အတွက် သက်တမ်းကို တော်တော်လေး ကျော်နေခဲ့ပါပြီ။ ဒါပေမဲ့ စနစ်အတွင်းမှာ Critical ဖြစ်လောက်အောင် ထိခိုက်နိုင်တာတွေ့ရင်တော့ ပြန်လည်ပြင်ဆင်ပေးသွားဦးမှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Flagship တွေကို Update စာရင်းကနေ ပယ်ဖျက်ဖို့ နောက်ဆုံး Update ထုတ်ပေးခဲ့တဲ့နောက် မျိုးဆက်သစ်တွေအတွက်လည်း လာမယ့်ရက်ပိုင်းအတွင်းမှာ OTA Update ရလာဖို့ မျှော်လင့်ရပါတယ်။