Zawgyi

အိႏၵိယ စမတ္ဖုန္းေစ်းကြက္မွာ Low-End နဲ႔ Mid-Range ဖုန္းေတြဟာ High-End ဖုန္းေတြထက္ ေရာင္းအားပိုေကာင္းပါတယ္။ Mid-range စမတ္ဖုန္းေစ်းကြက္မွာ Xiaomi ရဲ႕ Redmi ဖုန္းေတြ မင္းမူေနတာ အခ်ိန္အေတာ္ၾကာေနျပီျဖစ္ျပီး သူ႔ရဲ႕ Price-to-Performance Ratio ကို မွီႏိုင္တဲ့ ဖုန္းက ခပ္ရွားရွားပါပဲ။ Redmi 5 Series ဟာ ဒီႏွစ္အတြင္း အိႏၵိယမွာ ေရာင္းအားအရမ္းေကာင္းတဲ့ဖုန္းတစ္လံုးျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ကြန္ျပဴတာေတြထုတ္ေနတဲ့ ASUS ကုမၸဏီကေနျပီး ထင္မွတ္မထားတဲ့ ေစ်းႏွုန္းနဲ႔ အရည္အေသြးျမင့္ ဖုန္းတစ္လံုးကိုထုတ္လိုက္ပါတယ္။ အဆိုပါ ဖုန္းက ASUS Zenfone Max Pro M1 ပဲျဖစ္ျပီး Redmi 5 Series ကို ပုခံုးခ်င္းယွဥ္ႏိုင္တဲ့ဖုန္းတစ္လံုးျဖစ္ခဲ့ပါတယ္။ အိႏၵိယမွာတင္မကပဲ တစ္ကမၻာလံုးမွာ လူၾကိဳက္မ်ားခဲ့တဲ့ Android One အသံုးျပဳဖုန္းတစ္လံုးျဖစ္ခဲ့ပါတယ္။ အခုဆိုရင္ အဆိုပါ Max Pro M1 ရဲ႕ ေနာက္ထပ္ မ်ိဳးဆက္ျဖစ္တဲ့ Max Pro M2 ရဲ႕ ပံုတစ္ပံုက အင္တာနက္ေပၚမွာ ပ်ံ႕ႏွံ႔လို႔ေနပါျပီ။

အဆိုပါ Max Pro M2 ရဲ႕ Rendered Image ဟာ Resolution အေတာ္ေလး နိမ္႔ျပီး ပံုရိပ္ေဝဝါးေနလို႔ ဖုန္းဒီဇိုင္းကို အေသးစိတ္ေတာ့ ျမင္ရျခင္းမရွိပါဘူး။ ဒါေပမယ့္လည္း ေသခ်ာတာတစ္ခုကေတာ့ Notch ပါဝင္တဲ့ မ်က္ႏွာျပင္ကိုအသံုးျပဳေပးထားတာျဖစ္ျပီး Android ဖုန္းျပီျပီ ေအာက္ဘက္မွာပဲ Chin ပါဝင္ေနတာေတြ႔ရပါတယ္။ Max Pro M1 ကို Notch မပါလို႔ အသံုးျပဳခဲ့ၾကတဲ့ သူေတြဆိုရင္ေတာ့ အခုထြက္လာမယ့္ Max Pro M2 ဟာ ေဝးေဝးကေရွာင္သင့္တဲ့ ဖုန္းတစ္လံုးျဖစ္ေနပါျပီ။ Premium ဖုန္းေတြျဖစ္တဲ့ OnePlus 6 နဲ႔ Mi 8 တို႔လိုဖုန္းေတြမွာ Notch ထည့္လာတာက လက္ခံလို႔ရျပီး Mid-range ဖုန္းေတြမွာ Notch ထည့္လာတာကေတာ့ ဖုန္းထုတ္လုပ္တဲ့ သူေတြက တမင္တကာ Trend လိုက္ေနတယ္လို႔ျမင္မိပါတယ္။ AMOLED, OLED Display အသံုးျပဳဖုန္းေတြမွာ Notch ဆိုတဲ့ အရာကို Software အသံုးျပဳျပီးေဖ်ာက္လို႔ရေပမယ့္ LCD ဖုန္းေတြမွာေတာ့ Notch ေဖ်ာက္တာမ်ိဳးက အက်ိဳးမရွိသလို ဖုန္းကိုလည္း ပိုရုပ္ဆိုးေစပါတယ္။ ဒါ့အျပင္ အခုထြက္ေပၚလာတဲ့ပံုအရဆို Max Pro M2 ရဲ႕ Display ေအာက္ဘက္ Chin လို႔ေခၚတဲ့ ေဘာင္ကလည္း သိသိသာသာ ၾကီးေနတာကိုေတြ႔ရပါေသးတယ္။

Max Pro M2 ဟာ Redmi Note 6 Pro ကို ယွဥ္ျပိဳင္မယ့္ ဖုန္းတစ္လံုးျဖစ္ျပီး Redmi Note 6 Pro နဲ႔ Notch ပါတာခ်င္းလဲတူသြားပါျပီ။ Max Pro M2 မွာ ၂၀၁၈ ရဲ႕ နာမည္ၾကီး Mid-range SoC ျဖစ္တဲ့ Snapdragon 660 ကိုပဲတပ္ဆင္ေပးထားျပီး ေျခာက္လက္မအရြယ္ရွိ 1080x 2280 LCD Display ကိုတပ္ဆင္ထားပါတယ္။ RAM 4GB/6GB ေမာ္ဒယ္ေတြဝယ္ယူႏိုင္ျပီး Internal Storage က 64GB နဲ႔ 128GB အသီးသီးပါဝင္မွာပါ။ Operating System ကေတာ့ Android 8.1 Oreo ကိုပဲအသံုးျပဳေပးထားပါေသးတယ္။ Android 9.0 တစ္ပါတည္း ပါဝင္လာသင့္ေပမယ့္ သူ႔ရဲ႕ျပိဳင္ဘက္ ျဖစ္မယ့္ Redmi ဖုန္းေတြမွာလည္း Android Oreo ကိုပဲအသံုးျပဳထားတဲ့အတြက္ Android Update ေပးဖို႔ အခ်ိန္ဆြဲေနတာျဖစ္ႏိုင္ပါတယ္။ ကင္မရာ သံုးလံုးတြဲပါလာမယ္လို႔ သတင္းထြက္ေနေပမယ့္ ထြက္ရွိထားတဲ့ အခ်က္အလက္ေတြက လံုးဝမွန္ကန္ေနမယ္လို႔ေတာ့ ေျပာလို႔မရေသးပါဘူး။

Ref: XDA

Unicode

အိန္ဒိယ စမတ်ဖုန်းဈေးကွက်မှာ Low-end နဲ့ Mid-range ဖုန်းတွေဟာ High-end ဖုန်းတွေထက် ရောင်းအားပိုကောင်းပါတယ်။ Mid-range စမတ်ဖုန်းဈေးကွက်မှာ Xiaomi ရဲ့ Redmi ဖုန်းတွေ မင်းမူနေတာ အချိန်အတော်ကြာနေပြီဖြစ်ပြီး သူ့ရဲ့ Price-to-Performance Ratio ကို မှီနိုင်တဲ့ ဖုန်းက ခပ်ရှားရှားပါပဲ။ Redmi 5 Series ဟာ ဒီနှစ်အတွင်း အိန္ဒိယမှာ ရောင်းအားအရမ်းကောင်းတဲ့ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကွန်ပြူတာတွေထုတ်နေတဲ့ ASUS ကုမ္ပဏီကနေပြီး ထင်မှတ်မထားတဲ့ ဈေးနှုန်းနဲ့ အရည်အသွေးမြင့် ဖုန်းတစ်လုံးကိုထုတ်လိုက်ပါတယ်။ အဆိုပါ ဖုန်းက ASUS Zenfone Max Pro M1 ပဲဖြစ်ပြီး Redmi 5 Series ကို ပုခုံးချင်းယှဉ်နိုင်တဲ့ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ အိန္ဒိယမှာတင်မကပဲ တစ်ကမ္ဘာလုံးမှာ လူကြိုက်များခဲ့တဲ့ Android One အသုံးပြုဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ အခုဆိုရင် အဆိုပါ Max Pro M1 ရဲ့ နောက်ထပ် မျိုးဆက်ဖြစ်တဲ့ Max Pro M2 ရဲ့ ပုံတစ်ပုံက အင်တာနက်ပေါ်မှာ ပျံ့နှံ့လို့နေပါပြီ။

အဆိုပါ Max Pro M2 ရဲ့ Rendered Image ဟာ Resolution အတော်လေး နိမ့်ပြီး ပုံရိပ်ဝေဝါးနေလို့ ဖုန်းဒီဇိုင်းကို အသေးစိတ်တော့ မြင်ရခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း သေချာတာတစ်ခုကတော့ Notch ပါဝင်တဲ့ မျက်နှာပြင်ကိုအသုံးပြုပေးထားတာဖြစ်ပြီး Android ဖုန်းပြီပြီ အောက်ဘက်မှာပဲ Chin ပါဝင်နေတာတွေ့ရပါတယ်။ Max Pro M1 ကို Notch မပါလို့ အသုံးပြုခဲ့ကြတဲ့ သူတွေဆိုရင်တော့ အခုထွက်လာမယ့် Max Pro M2 ဟာ ဝေးဝေးကရှောင်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်နေပါပြီ။ Premium ဖုန်းတွေဖြစ်တဲ့ OnePlus 6 နဲ့ Mi 8 တို့လိုဖုန်းတွေမှာ Notch ထည့်လာတာက လက်ခံလို့ရပြီး Mid-range ဖုန်းတွေမှာ Notch ထည့်လာတာကတော့ ဖုန်းထုတ်လုပ်တဲ့ သူတွေက တမင်တကာ Trend လိုက်နေတယ်လို့မြင်မိပါတယ်။ AMOLED, OLED Display အသုံးပြုဖုန်းတွေမှာ Notch ဆိုတဲ့ အရာကို Software အသုံးပြုပြီးဖျောက်လို့ရပေမယ့် LCD ဖုန်းတွေမှာတော့ Notch ဖျောက်တာမျိုးက အကျိုးမရှိသလို ဖုန်းကိုလည်း ပိုရုပ်ဆိုးစေပါတယ်။ ဒါ့အပြင် အခုထွက်ပေါ်လာတဲ့ပုံအရဆို Max Pro M2 ရဲ့ Display အောက်ဘက် Chin လို့ခေါ်တဲ့ ဘောင်ကလည်း သိသိသာသာ ကြီးနေတာကိုတွေ့ရပါသေးတယ်။

Max Pro M2 ဟာ Redmi Note 6 Pro ကို ယှဉ်ပြိုင်မယ့် ဖုန်းတစ်လုံးဖြစ်ပြီး Redmi Note 6 Pro နဲ့ Notch ပါတာချင်းလဲတူသွားပါပြီ။ Max Pro M2 မှာ ၂၀၁၈ ရဲ့ နာမည်ကြီး Mid-range SoC ဖြစ်တဲ့ Snapdragon 660 ကိုပဲတပ်ဆင်ပေးထားပြီး ခြောက်လက်မအရွယ်ရှိ 1080x 2280 LCD Display ကိုတပ်ဆင်ထားပါတယ်။ RAM 4GB/6GB မော်ဒယ်တွေဝယ်ယူနိုင်ပြီး Internal Storage က 64GB နဲ့ 128GB အသီးသီးပါဝင်မှာပါ။ Operating System ကတော့ Android 8.1 Oreo ကိုပဲအသုံးပြုပေးထားပါသေးတယ်။ Android 9.0 တစ်ပါတည်း ပါဝင်လာသင့်ပေမယ့် သူ့ရဲ့ပြိုင်ဘက် ဖြစ်မယ့် Redmi ဖုန်းတွေမှာလည်း Android Oreo ကိုပဲအသုံးပြုထားတဲ့အတွက် Android Update ပေးဖို့ အချိန်ဆွဲနေတာဖြစ်နိုင်ပါတယ်။ ကင်မရာ သုံးလုံးတွဲပါလာမယ်လို့ သတင်းထွက်နေပေမယ့် ထွက်ရှိထားတဲ့ အချက်အလက်တွေက လုံးဝမှန်ကန်နေမယ်လို့တော့ ပြောလို့မရသေးပါဘူး။

Ref: XDA