Zawgyi



Ref: Android Authority

Unicode

Mate 20 Series ကို ဒီနေ့ပဲ လန်ဒန်မြို့မှာ မိတ်ဆက်တော့မှာပါ။ HUAWEI ရဲ့ နောက်ဆုံးထွက် Flagship တွေဖြစ်ပြီး နာမည်ကြီး Leica Lens တွေကိုသုံးထားလို့ ကင်မရာ အရည်အသွေး အရမ်းကောင်းမယ့် ဖုန်းတွေအဖြစ်နာမည်ကြီးနေပါပြီ။ တရားဝင် မိတ်မဆက်ရသေးခင်မှာပဲ Mate 20 Pro ကို Unboxing လုပ်ပြထားတဲ့ Video တစ်ခု Youtube မှာ ပျံ့နှံ့လို့နေပါပြီ။
https://youtu.be/vkrv_ATrOiE
အပေါ်မှာပြထားတဲ့ အတိုင်းပဲ အဆိုပါ Youtube Video ဟာ အင်္ဂလိပ်စကားနဲ့ ပြောသွားတာမဟုတ်ပဲ အက်စတိုးနီးယန်း လို့ခေါ်တဲ့ ဥရောပ ဘာသာစကား တစ်မျိုးနဲ့ ပြောသွားတာပါ။ အင်္ဂလိပ် စာတန်းလည်း မထိုးပေးထားတဲ့ အတွက် Video ထဲကလူ ဘာတွေပြောသွားတယ်ဆိုတာ နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ကျော်ဘက် ကင်မရာလေးလုံးနဲ့ Mate 20 Pro ရဲ့ ဖုန်းကိုယ်ထည်ကိုတော့ သေချာမြင်လိုက်ရပါတယ်။ In-Display Fingerprint Scanner ကိုလည်း အသုံးပြုပြသွားပါတယ်။ အနီးကပ်ပုံတွေလည်း ရိုက်ပြသွားပြီး ဖုန်းဒီဇိုင်း အတော်လေး လန်းတာကိုတွေ့ရပါတယ်။

Mate 20 Series ကို ဒီနေ့ည ပြည်တွင်းအချိန် ခုနစ်နာရီမှာ Live Stream ကြည့်ရှနိုင်မှာပါ။ HUAWEI ရဲ့ ကိုယ်ပိုင် နောက်ဆုံးထုတ် Flagship SoC ဖြစ်တဲ့ Kirin 980 ကိုအသုံးပြုပေးထားပါတယ်။ ထူးချက်အနေနဲ့ Mate 20 Pro မှာ Android Pie အခြေခံ EMUI 9.0 အသုံးပြုပေးထားမှာပါ။ Display ပိုင်းအနေနဲ့ လည်း Resolution အရမ်းမြင့်မားတဲ့ QHD+ 6.3-inch Display ကိုအသုံးပြုပေးထားပါတယ်။ Battery ပိုင်းမှာလည်း 4,200mAh ကိုအသုံးပြုပေးထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref: Android Authority