အခုနောက်ပိုင်းမှာ စမတ်ဖုန်းထုတ်လုပ်သူတွေကနေ Screen ကို ဖုန်းရဲ့ မျက်နှာပြင်အပြည့်နီးပါး နေရာယူနိုင်သမျှယူနိုင်အောင် ထုတ်လုပ်နေကြတာဖြစ်ပြီးတော့ Full Screen Display ဖုန်းဆိုတဲ့ နာမည်ကို အပြိုင်အဆိုင်ရယူနေကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Xiaomi က Mi Mix Series စမတ်ဖုန်းတွေနဲ့ ထုတ်လုပ်နေသလို အခုအချိန်မှာ Huawei ၊ OPPO ၊ Vivo စမတ်ဖုန်းတွေကလည်း Full Screen Display နဲ့ စမတ်ဖုန်းတွေကိုထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းတွေအများစုက Display မှာ Selfie Camera အတွက် Notch ကိုထည့်သွင်းနေရတုန်းပဲဖြစ်ပါတယ်။

ဒါပေမယ့်အချိန်မှာတော့ Lenovo ကနေ တခြား Full Screen Display ဖုန်းနဲ့မတူညီတဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်ဦးမှာဖြစ်ပါတယ်။ အခု သတင်းကို Lenovo ရဲ့ Voice President ကနေ Weibo Account မှာ Lenovo ရဲ့ Full Screen Display ဖုန်းပုံတစ်စိတ်တစ်ပိုင်းကို တင်ခဲ့ပြီးတော့ Screen-to-body Ratio ဘယ်လောက်ထိရှိမလဲဆိုပြီးမေးမြန်းခဲ့တာဖြစ်ပါတယ်။

အခု Lenovo ကနေ ထုတ်ပြလိုက်တဲ့ Teaser ဓါတ်ပုံအရတော့ ဖုန်းရဲ့ Display အပေါ်ဘက်မှာလည်း Notch ပါဝင်တာကို မတွေ့ခဲ့ရပါဘူး။ အဲ့ဒီအတွက် Notch မပါပဲ Selfie Camera ကို ဘယ်လိုထည့်သွင်းမယ်ဆိုတာက စိတ်ဝင်စားစရာပါ။

Lenovo ကတော့ အခုစမတ်ဖုန်းကို လာမယ့် ဂျွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြသွားမယ်လို့ သိရပါတယ်။