[Zawgyi]

Lenovo ဟာ မၾကာခင္မွာ မိတ္ဆက္ေရာင္းခ်ေတာ့မယ့္ Z5s အတြက္ ပ႐ိုမိုးရွင္း ပိုစတာ ေလးခုကို Weibo ေပၚတင္ေပးခဲ့ပါတယ္။ Lenovo ရဲ႕ ပိုစတာေတြက Z5s အေနနဲ႔ 8GB RAM ထက္ ပိုတဲ့ပမာဏျဖစ္လိမ့္မယ္လို႔ ေျပာေနသလိုပါပဲ။ ဒီေတာ့ Z5s အေနနဲ႔ RAM 8GB ထက္ ပိုလာမွာလား။ 10GB ျဖစ္လာမလားဆိုတဲ့ အေတြးကို ျဖစ္ေပၚေစပါတယ္။

အကယ္၍ Lenovo Z5s သာ 10GB RAM ဆိုရင္ ဂိမ္းကစားဖို႔အတြက္ အေတာ္ေလး ေကာင္းမြန္တဲ့ ဖုန္းတစ္လုံး ျဖစ္လာႏိုင္သလို Dual Personal Assistants လည္း ျဖစ္ႏိုင္ပါတယ္။ Lenovo Z5s ဟာ လာမယ့္ ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာ တရားဝင္ မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။

Lenovo Z5s က ေက်ာဘက္ကင္မရာ သုံးလုံးနဲ႔ဆိုတာ အားလုံးလည္း သိၿပီးသား ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ လက္ရွိအေျခအေနေပၚ မူတည္ၿပီး တြက္ခ်က္မႈေတြအရ Z5s ကို Snapdragon 678 သုံးထားႏိုင္ဖြယ္ရွိတယ္လို႔လည္း ခန႔္မွန္းရပါတယ္။ (မူလ ခန႔္မွန္းမႈေတြကေတာ့ Snapdragon 710 သုံးထားတာပဲ ျဖစ္ႏိုင္မယ္လို႔ ေဖာ္ျပထားတာပါ)

Lenovo Z5s ရဲ႕မ်က္ႏွာျပင္က 6.3-inch ျဖစ္မယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ Lenovo က လႊင့္တင္လိုက္တဲ့ ပိုစတာေတြမွာေတာ့ Notch ထားရွိမယ့္ေနရာေတြကို ဖုံးကြယ္ထားတာ ေတြ႕ရပါတယ္။ ဒီေတာ့ Notch က ဘယ္လိုပုံစံ ျဖစ္လာႏိုင္သလဲ။ ဒါမွမဟုတ္ Notch လုံးဝမပါတာမ်ိဳး ျဖစ္လာႏိုင္မလား၊ မူလက သိထားသလို Hole in display ပဲလား ပိတ္ကားေပၚဆက္လက္ ရႈစားရမွာပါ။ အတြင္းပိုင္းမွာေတာ့ 3,210mAh ဘက္ထရီသုံးထားမယ္လို႔ သိရပါတယ္။ Fingerprint Scanner ကလည္းေက်ာဘက္မွာပါ။

Ref: GSMarena

[Unicode]

Lenovo ဟာ မကြာခင်မှာ မိတ်ဆက်ရောင်းချတော့မယ့် Z5s အတွက် ပရိုမိုးရှင်း ပိုစတာ လေးခုကို Weibo ပေါ်တင်ပေးခဲ့ပါတယ်။ Lenovo ရဲ့ ပိုစတာတွေက Z5s အနေနဲ့ 8GB RAM ထက် ပိုတဲ့ပမာဏဖြစ်လိမ့်မယ်လို့ ပြောနေသလိုပါပဲ။ ဒီတော့ Z5s အနေနဲ့ RAM 8GB ထက် ပိုလာမှာလား။ 10GB ဖြစ်လာမလားဆိုတဲ့ အတွေးကို ဖြစ်ပေါ်စေပါတယ်။

အကယ်၍ Lenovo Z5s သာ 10GB RAM ဆိုရင် ဂိမ်းကစားဖို့အတွက် အတော်လေး ကောင်းမွန်တဲ့ ဖုန်းတစ်လုံး ဖြစ်လာနိုင်သလို Dual Personal Assistants လည်း ဖြစ်နိုင်ပါတယ်။ Lenovo Z5s ဟာ လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။

Lenovo Z5s က ကျောဘက်ကင်မရာ သုံးလုံးနဲ့ဆိုတာ အားလုံးလည်း သိပြီးသား ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ လက်ရှိအခြေအနေပေါ် မူတည်ပြီး တွက်ချက်မှုတွေအရ Z5s ကို Snapdragon 678 သုံးထားနိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းရပါတယ်။ (မူလ ခန့်မှန်းမှုတွေကတော့ Snapdragon 710 သုံးထားတာပဲ ဖြစ်နိုင်မယ်လို့ ဖော်ပြထားတာပါ)

Lenovo Z5s ရဲ့မျက်နှာပြင်က 6.3-inch ဖြစ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Lenovo က လွှင့်တင်လိုက်တဲ့ ပိုစတာတွေမှာတော့ Notch ထားရှိမယ့်နေရာတွေကို ဖုံးကွယ်ထားတာ တွေ့ရပါတယ်။ ဒီတော့ Notch က ဘယ်လိုပုံစံ ဖြစ်လာနိုင်သလဲ။ ဒါမှမဟုတ် Notch လုံးဝမပါတာမျိုး ဖြစ်လာနိုင်မလား၊ မူလက သိထားသလို Hole in display ပဲလား ပိတ်ကားပေါ်ဆက်လက် ရှုစားရမှာပါ။ အတွင်းပိုင်းမှာတော့ 3,210mAh ဘက်ထရီသုံးထားမယ်လို့ သိရပါတယ်။ Fingerprint Scanner ကလည်းကျောဘက်မှာပါ။

Ref: GSMarena