Zawgyi

ကမာၻ႔ ပထမဆုံးအျဖစ္ Snapdragon 855 အသုံးျပဳထားတဲ့ Lenovo Z5 Pro GT ကို တ႐ုတ္ျပည္မွာ မေန႔က စတင္ေရာင္းခ်ခဲ့ပါတယ္။ မေရာင္းခင္ကတည္းက အမွာစာေတြအမ်ားႀကီးရထားတဲ့ Z5 Pro GT ဟာ စတင္ေရာင္းခ်ၿပီး ၃၂ စကၠန႔္ အၾကာမွာပဲ ပစၥည္းကုန္သြားပါတယ္။ Z5 Pro GT ကို တ႐ုတ္ျပည္တြင္း ေရွာ့ပင္းေမာလ္ တစ္ခုမွာေရာင္းခ်ေပးခဲ့တာပါ။ အခုလို ေရာင္းအားေကာင္းတဲ့ အေၾကာင္းကို Lenovo ကိုယ္တိုင္က ပိုစတာလုပ္ၿပီး တင္ထားပါေသးတယ္။ ပိုစတာမွာေတာ့ ၃၂ စကၠန႔္အတြင္း အလုံးေရအမ်ားႀကီးေရာင္းလိုက္ရတယ္ဆိုတဲ့ အေၾကာင္းကို ႂကြားလုံးထုတ္ထားတာပါ။

သတင္းထုတ္ျပန္ခ်က္ေတြအရ Lenovo Z5 Pro GT ကို ေရာင္းခ်မယ့္ အခ်ိန္မတိုင္ခင္ထိ အမွာစာေတြ ေရာက္ေနခဲ့ၿပီး စုစုေပါင္း အမွာစာ ႏွစ္သိန္း ႏွစ္ေသာင္းေတာင္ရွိတယ္လို႔ သိရပါတယ္။ ေရာင္းအားအရမ္းေကာင္းသြားတဲ့ အခ်က္ကေတာ့ Snapdragon 855 ပရိုဆက္ဆာ သုံးထားတဲ့ ကမာၻ႔ ပထမဆုံးဖုန္းျဖစ္ၿပီး တစ္ျခား Flagship ေတြထက္ ေစ်းသက္သာေနလို႔ပါပဲ။ Z5 Pro GT ကို RAM ပမာဏ အမ်ားဆုံး အျဖစ္ 12GB ထိ ထုတ္လုပ္ထားတာျဖစ္ေပမယ့္ အခုေလာေလာဆယ္ေတာ့ အမ်ားဆုံး RAM 8GB ထိပဲ ေရာင္းခ်ပါေသးတယ္။

Lenovo Z5 Pro GT ဟာ Snapdragon 710 အသုံးျပဳထားတဲ့ Z5 Pro ရဲ႕ အျမင့္ ဗားရွင္းျဖစ္ပါတယ္။ Z5 Pro GT မွာ 6.39-inch ရွိတဲ့ Super AMOLED Display ကို တပ္ဆင္ေပးထားၿပီး In-Display Fingerprint Sensor လည္း ပါဝင္ပါေသးတယ္။ Slider ဖုန္းတစ္လုံးျဖစ္ၿပီး Slider ထဲမွာေတာ့ 16MP နဲ႕ 8MP တြဲေပးထားတဲ့ Dual Selfie Camera စနစ္တပ္ဆင္ေပးထားပါတယ္။ ေနာက္ေက်ာဘက္ ကင္မရာစနစ္မွာေတာ့ 24MP နဲ႕ 16MP ကင္မရာေတြကို တြဲဖက္ တပ္ဆင္ေပးထားပါတယ္။ ဘက္ထရီပမာဏကေတာ့ 3,500mAh ပါဝင္ၿပီး အျမန္အားသြင္း စနစ္ေတြပါဝင္ပါတယ္။ Operating System ကေတာ့ Android 9, Pie ကို ျပဳျပင္ထားတဲ့ ZUI 10 ကို အသုံးျပဳထားပါတယ္။

Z5 Pro GT ကို 6GB RAM+128GB Storage, 8GB RAM+128GB Storage နဲ႕ 8GB RAM+256GB Storage ဆိုၿပီး ေမာ္ဒယ္သုံးမ်ိဳးခြဲကာ ေရာင္းခ်ေနပါတယ္။ အေရာင္ကေတာ့ အနက္ေရာင္တစ္မ်ိဳးတည္းပဲထုတ္ထားပါေသးတယ္။ နိုင္ငံတကာေစ်းကြက္ကို ေရာင္းခ်မလားဆိုတာလည္း မသိရေသးပါဘူး။ Z5 Pro GT ရဲ႕ ေစ်းႏႈန္းကေတာ့ RAM နဲ႕ Storage ေပၚမူတည္ၿပီး ၆ သိန္းခြဲကေန ၈ သိန္းနီးပါးထိ ရွိနိုင္ပါတယ္။

Ref: Gizmo China

Unicode

စတင်ရောင်းချပြီး ၃၂ စက္ကန့်အတွင်း ပစ္စည်းကုန်သွားတဲ့ Lenovo Z5 Pro GT

ကမ္ဘာ့ ပထမဆုံးအဖြစ် Snapdragon 855 အသုံးပြုထားတဲ့ Lenovo Z5 Pro GT ကို တရုတ်ပြည်မှာ မနေ့က စတင်ရောင်းချခဲ့ပါတယ်။ မရောင်းခင်ကတည်းက အမှာစာတွေအများကြီးရထားတဲ့ Z5 Pro GT ဟာ စတင်ရောင်းချပြီး ၃၂ စက္ကန့် အကြာမှာပဲ ပစ္စည်းကုန်သွားပါတယ်။ Z5 Pro GT ကို တရုတ်ပြည်တွင်း ရှော့ပင်းမောလ် တစ်ခုမှာရောင်းချပေးခဲ့တာပါ။ အခုလို ရောင်းအားကောင်းတဲ့ အကြောင်းကို Lenovo ကိုယ်တိုင်က ပိုစတာလုပ်ပြီး တင်ထားပါသေးတယ်။ ပိုစတာမှာတော့ ၃၂ စက္ကန့်အတွင်း အလုံးရေအများကြီးရောင်းလိုက်ရတယ်ဆိုတဲ့ အကြောင်းကို ကြွားလုံးထုတ်ထားတာပါ။

သတင်းထုတ်ပြန်ချက်တွေအရ Lenovo Z5 Pro GT ကို ရောင်းချမယ့် အချိန်မတိုင်ခင်ထိ အမှာစာတွေ ရောက်နေခဲ့ပြီး စုစုပေါင်း အမှာစာ နှစ်သိန်း နှစ်သောင်းတောင်ရှိတယ်လို့ သိရပါတယ်။ ရောင်းအားအရမ်းကောင်းသွားတဲ့ အချက်ကတော့ Snapdragon 855 ပရိုဆက်ဆာ သုံးထားတဲ့ ကမ္ဘာ့ ပထမဆုံးဖုန်းဖြစ်ပြီး တစ်ခြား Flagship တွေထက် စျေးသက်သာနေလို့ပါပဲ။ Z5 Pro GT ကို RAM ပမာဏ အများဆုံး အဖြစ် 12GB ထိ ထုတ်လုပ်ထားတာဖြစ်ပေမယ့် အခုလောလောဆယ်တော့ အများဆုံး RAM 8GB ထိပဲ ရောင်းချပါသေးတယ်။

Lenovo Z5 Pro GT ဟာ Snapdragon 710 အသုံးပြုထားတဲ့ Z5 Pro ရဲ့ အမြင့် ဗားရှင်းဖြစ်ပါတယ်။ Z5 Pro GT မှာ 6.39-inch ရှိတဲ့ Super AMOLED Display ကို တပ်ဆင်ပေးထားပြီး In-Display Fingerprint Sensor လည်း ပါဝင်ပါသေးတယ်။ Slider ဖုန်းတစ်လုံးဖြစ်ပြီး Slider ထဲမှာတော့ 16MP နဲ့ 8MP တွဲပေးထားတဲ့ Dual Selfie Camera စနစ်တပ်ဆင်ပေးထားပါတယ်။ နောက်ကျောဘက် ကင်မရာစနစ်မှာတော့ 24MP နဲ့ 16MP ကင်မရာတွေကို တွဲဖက် တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီပမာဏကတော့ 3,500mAh ပါဝင်ပြီး အမြန်အားသွင်း စနစ်တွေပါဝင်ပါတယ်။ Operating System ကတော့ Android 9, Pie ကို ပြုပြင်ထားတဲ့ ZUI 10 ကို အသုံးပြုထားပါတယ်။

Z5 Pro GT ကို 6GB RAM+128GB Storage, 8GB RAM+128GB Storage နဲ့ 8GB RAM+256GB Storage ဆိုပြီး မော်ဒယ်သုံးမျိုးခွဲကာ ရောင်းချနေပါတယ်။ အရောင်ကတော့ အနက်ရောင်တစ်မျိုးတည်းပဲထုတ်ထားပါသေးတယ်။ နိုင်ငံတကာစျေးကွက်ကို ရောင်းချမလားဆိုတာလည်း မသိရသေးပါဘူး။ Z5 Pro GT ရဲ့ စျေးနှုန်းကတော့ RAM နဲ့ Storage ပေါ်မူတည်ပြီး ၆ သိန်းခွဲကနေ ၈ သိန်းနီးပါးထိ ရှိနိုင်ပါတယ်။

Ref: Gizmo China