[Zawgyi]

Huawei က စခဲ့တဲ့ ေက်ာဘက္ကင္မရာ ၃လံုးက တျခား Brand ေတြမွာပါ ၃လံုးမကလို႔ ၄လံုးေတြထိပါ ျဖစ္ခဲ့တဲ့အထိပါ။ အခုလည္း Lenovo က သူ႔ရဲ႕ဖုန္းေတြထဲမွာ ပထမဆံုးအေနနဲ႔ ေက်ာဘက္ကင္မရာ ၃လံုး သံုးလိုက္တဲ့ Lenovo Z5s ကို မိတ္ဆက္လိုက္ပါျပီ။

Lenovo Z5s ကေတာ့ Lenovo Z5 Pro ကိုမွ ပိုေစ်းသက္သာတဲ့ ဗားရွင္းအေနနဲ႔ ထုတ္ထားတာျဖစ္ေပမယ့္ လြန္ခဲ့တဲ့ ၆လေလာက္က မိတ္ဆက္ခဲ့တဲ့ Lenovo Z5 ထက္ေတာင္ ပိုျမင့္ပါေသးတယ္။ Lenovo က ထုတ္ခဲ့တဲ့ဖုန္းေတြထဲမွာ Waterdrop Notch ကို ပထမဆံုးသံုးတဲ့ဖုန္းဆိုရင္လည္း မမွားပါဘူး။

ဒီ Z5s ေလးကိုပဲ Snapdragon 845 သုံးမယ္ဘာညာလို႔ ဒီတေလာေလးကမွ သတင္းထြက္ခဲ့တာျဖစ္ေပမယ့္ တကယ္ထြက္လာခ်ိန္မွာေတာ့ Adreno 616 GPU သံုးထားတဲ့ Snapdragon 710 နဲ႔ ထြက္လာခဲ့တာျဖစ္ပါတယ္။

ဖုန္းရဲ႕ Screen Size ကေတာ့ 6.3-inch ရိွျပီးေတာ့ Full HD+ LCD Display ကို သံုးထားပါတယ္။ ထိပ္က ကင္မရာေနရာ WaterDrop ေလးနဲ႔ ေအာက္ေဘာင္ေလးကလည္း ေသးေသးေလးပဲက်န္ေတာ့ 19.5:9 Ratio ေတာင္ ျဖစ္သြားပါျပီ။

Notch ထဲမွာေတာ့ 16MP Selfie Camera ေလး ထည့္ေပးထားျပီး Face Unlock လည္း ရတဲ့အျပင္ ပံုေတြကို ပိုျပီးၾကည္လင္ေတာက္ပေစဖို႔ Pixel ေတြေပါင္းစပ္ေပးတဲ့နည္းပညာကိုလည္း သံုးထားပါေသးတယ္။

ကင္မရာအေၾကာင္းဆိုရင္ ေနာက္ေက်ာဘက္ ကင္မရာ ၃လံုးက ပိုစိတ္ဝင္စားဖို႔ေကာင္းပါတယ္။ 16MP Wide-Angle Lens ကေတာ့ Main Sensor ျဖစ္ျပီးေတာ့ 8MP Telephoto Lens (2x Optical Zoom) နဲ႔ 5MP Depth-Sensor ပါပါတယ္။ တျခား Specs အေနနဲ႔ကေတာ့ PDAF, 4K Video ရိုက္လို႔ရတယ္ဆိုတာအျပင္ LED Flash လည္း Dual အေနနဲ႔ ပါဝင္လာတာပါ။

Android Oreo ကို အေျခခံထားတဲ့ ZUI 10 နဲ႔ထြက္လာျပီး Battery ပမာဏကေတာ့ 3300mAh ကိုမွ USB-C 15W Charging နဲ႔ လာတာျဖစ္ပါတယ္။ အေရာင္ေတြကေတာ့ Starry Gray, Titanium Crystal Blue (တကယ္ကခရမ္းေရာင္ပါ) Honey Love Orange ဆိုျပီး ၃မ်ိဳးလာပါတယ္။

4GB/64GB Version ကို တရုတ္ယြမ္ 1398 (ျမန္မာေငြ ၃သိန္း၂ေသာင္းေက်ာ္) နဲ႔ Grey ေရာင္တစ္မ်ိဳးတည္း ရဦးမွာျဖစ္ျပီး 6GB/64GB Version ကိုေတာ့ အေရာင္သံုးမ်ိဳးလံုးရမွာပါ။

ဝမ္းနည္းစြာနဲ႔ပဲ 6/128GB Version ေလးကေတာ့ ေက်ာဘက္မွာ လိေမၼာ္ေရာင္ေလးနဲ႔ျဖစ္ျပီးေတာ့ တရုတ္သရုပ္ေဆာင္ Zhu Yilong ရဲ႕ လက္မွတ္ပါတဲ့ Limited Edition ေလးပါပဲ။ အကုန္လံုးကို Pre-Order စတင္လို႔ရျပီျဖစ္ျပီး ဒီဇင္ဘာ ၂၄မွာ စေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။

Ref: GsmArena

[Unicode]

Huawei က စခဲ့တဲ့ ကျောဘက်ကင်မရာ ၃လုံးက တခြား Brand တွေမှာပါ ၃လုံးမကလို့ ၄လုံးတွေထိပါ ဖြစ်ခဲ့တဲ့အထိပါ။ အခုလည်း Lenovo က သူ့ရဲ့ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ ကျောဘက်ကင်မရာ ၃လုံး သုံးလိုက်တဲ့ Lenovo Z5s ကို မိတ်ဆက်လိုက်ပါပြီ။

Lenovo Z5s ကတော့ Lenovo Z5 Pro ကိုမှ ပိုဈေးသက်သာတဲ့ ဗားရှင်းအနေနဲ့ ထုတ်ထားတာဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၆လလောက်က မိတ်ဆက်ခဲ့တဲ့ Lenovo Z5 ထက်တောင် ပိုမြင့်ပါသေးတယ်။ Lenovo က ထုတ်ခဲ့တဲ့ဖုန်းတွေထဲမှာ Waterdrop notch ကို ပထမဆုံးသုံးတဲ့ဖုန်းဆိုရင်လည်း မမှားပါဘူး။

ဒီ Z5s လေးကိုပဲ Snapdragon 845 သုံးမယ်ဘာညာလို့ ဒီတလောလေးကမှ သတင်းထွက်ခဲ့တာဖြစ်ပေမယ့် တကယ်ထွက်လာချိန်မှာတော့ Adreno 616 GPU သုံးထားတဲ့ Snapdragon 710 နဲ့ ထွက်လာခဲ့တာဖြစ်ပါတယ်။

ဖုန်းရဲ့ Screen Size ကတော့ 6.3-inch ရှိပြီးတော့ Full HD+ LCD Display ကို သုံးထားပါတယ်။ ထိပ်က ကင်မရာနေရာ WaterDrop လေးနဲ့ အောက်ဘောင်လေးကလည်း သေးသေးလေးပဲကျန်တော့ 19.5:9 Ratio တောင် ဖြစ်သွားပါပြီ။

Notch ထဲမှာတော့ 16MP Selfie Camera လေး ထည့်ပေးထားပြီး Face Unlock လည်း ရတဲ့အပြင် ပုံတွေကို ပိုပြီးကြည်လင်တောက်ပစေဖို့ Pixel တွေပေါင်းစပ်ပေးတဲ့နည်းပညာကိုလည်း သုံးထားပါသေးတယ်။

ကင်မရာအကြောင်းဆိုရင် နောက်ကျောဘက် ကင်မရာ ၃လုံးက ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ 16MP Wide-Angle Lens ကတော့ Main Sensor ဖြစ်ပြီးတော့ 8MP Telephoto Lens (2x Optical Zoom) နဲ့ 5MP Depth-Sensor ပါပါတယ်။ တခြား Specs အနေနဲ့ကတော့ PDAF, 4K Video ရိုက်လို့ရတယ်ဆိုတာအပြင် LED Flash လည်း Dual အနေနဲ့ ပါဝင်လာတာပါ။

Android Oreo ကို အခြေခံထားတဲ့ ZUI 10 နဲ့ထွက်လာပြီး Battery ပမာဏကတော့ 3300mAh ကိုမှ USB-C 15W Charging နဲ့ လာတာဖြစ်ပါတယ်။ အရောင်တွေကတော့ Starry Gray, Titanium Crystal Blue (တကယ်ကခရမ်းရောင်ပါ) Honey Love Orange ဆိုပြီး ၃မျိုးလာပါတယ်။

4GB/64GB Version ကို တရုတ်ယွမ် 1398 (မြန်မာငွေ ၃သိန်း၂သောင်းကျော်) နဲ့ Grey ရောင်တစ်မျိုးတည်း ရဦးမှာဖြစ်ပြီး 6GB/64GB Version ကိုတော့ အရောင်သုံးမျိုးလုံးရမှာပါ။

ဝမ်းနည်းစွာနဲ့ပဲ 6/128GB Version လေးကတော့ ကျောဘက်မှာ လိမ္မော်ရောင်လေးနဲ့ဖြစ်ပြီးတော့ တရုတ်သရုပ်ဆောင် Zhu Yilong ရဲ့ လက်မှတ်ပါတဲ့ Limited Edition လေးပါပဲ။ အကုန်လုံးကို Pre-Order စတင်လို့ရပြီဖြစ်ပြီး ဒီဇင်ဘာ ၂၄မှာ စရောင်းချပေးသွားမှာဖြစ်ပါတယ်။

Ref: GsmArena