[Zawgyi]

ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာ Lenovo ဟာ သူတုိ႔ရဲ႕ Z5 Pro GT စမတ္ဖုန္းကို ကမာၻေပၚမွာ ပထမဆုံး Snapdragon 855 အသုံးျပဳထားတဲ့ဖုန္းအျဖစ္ မိတ္ဆက္ခဲ့ေပမယ့္ တရုတ္ေစ်းကြက္ကိုသာ အဓိက ျဖန္႔ေဝခဲ့တာေၾကာင့္ ႏုိင္ငံတကာေစ်းကြက္မွာ လူသိမမ်ားခဲ့ပါဘူး။ ေနာက္ႏွစ္လအၾကာမွာေတာ့ ကုမၸဏီဟာ ထုတ္ကုန္သစ္တစ္ခုကို ထပ္မိတ္ဆက္ဖို႔ အသင့္ျဖစ္ေနၿပီး ဒီတစ္ခါေတာ့ Lenovo Z6 Pro ဖုန္းပဲျဖစ္ပါတယ္။

Lenovo Z6 Pro စမတ္ဖုန္းအသစ္ဟာ လာမယ့္ MWC 2019 ပြဲမွာ အမ်ားေရွ႕ကို ေရာက္လာမယ္လို႔ ကုမၸဏီရဲ႕ ဥကၠဌက သူ႕ရဲ႕တရုတ္ဆုိရွယ္အေကာင့္မွာ တင္လာခဲ့ပါတယ္။ သူတင္လာတဲ့ ပုံထဲမွာေတာ့ အခ်က္အလက္ေတြ သိပ္မပါခဲ့ေပမယ့္ စက္ဝုိင္းပုံစံေတြက ႀကိဳးမဲ့အားသြင္းစနစ္ကို Tease လုပ္လာတာ ျဖစ္ႏုိင္ပါတယ္။

ဒါ့အျပင္ MWC ပြဲက်င္းပရက္ေတြျဖစ္တဲ့ ေဖေဖာ္ဝါရီ ၂၅ နဲ႔ ၂၈ တုိ႔ကို ေန႔စြဲအေနနဲ႔ ေဖာ္ျပထားတာေၾကာင့္ ျပပြဲႀကီးရဲ႕ Lenovo Booth မွာ ဒီဖုန္းကို ျမင္ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ ပြဲမတုိင္ခင္ ႀကဳိၿပီးမိတ္ဆက္လာမလား ဆုိတာကိုေတာ့ မသိရေသးပါဘူး။

Lenovo Z5 Pro ဟာ ဆယ္ဖီ Slider နဲ႔ ႏုိဝင္ဘာလတုန္းက မိတ္ဆက္လာခဲ့ၿပီး Z6 Pro ကေရာ ယခင္မ်ဳိးဆက္ရဲ႕ အုိင္ဒီယာကို ဆက္ခံလာမလား ဒါမွမဟုတ္ အသစ္ၾကံစည္လာမလားဆုိတာ စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။ ဒါေပမယ့္ တရုတ္ျပည္တြင္းမွာပဲ ထြက္ရွိေသးတဲ့ Z5 Pro GT ရဲ႕ ဂလိုဘယ္ဗားရွင္းအျဖစ္ အစိတ္အပုိင္းအခ်ဳိ႕ကို အဆင့္ျမွင့္တင္ၿပီး မိတ္ဆက္လာတာလည္း ျဖစ္ႏုိင္ပါေသးတယ္။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ Lenovo ဟာ သူတို့ရဲ့ Z5 Pro GT စမတ်ဖုန်းကို ကမ္ဘာပေါ်မှာ ပထမဆုံး Snapdragon 855 အသုံးပြုထားတဲ့ဖုန်းအဖြစ် မိတ်ဆက်ခဲ့ပေမယ့် တရုတ်ဈေးကွက်ကိုသာ အဓိက ဖြန့်ဝေခဲ့တာကြောင့် နိုင်ငံတကာဈေးကွက်မှာ လူသိမများခဲ့ပါဘူး။ နောက်နှစ်လအကြာမှာတော့ ကုမ္ပဏီဟာ ထုတ်ကုန်သစ်တစ်ခုကို ထပ်မိတ်ဆက်ဖို့ အသင့်ဖြစ်နေပြီး ဒီတစ်ခါတော့ Lenovo Z6 Pro ဖုန်းပဲဖြစ်ပါတယ်။

Lenovo Z6 Pro စမတ်ဖုန်းအသစ်ဟာ လာမယ့် MWC 2019 ပွဲမှာ အများရှေ့ကို ရောက်လာမယ်လို့ ကုမ္ပဏီရဲ့ ဥက္ကဌက သူ့ရဲ့တရုတ်ဆိုရှယ်အကောင့်မှာ တင်လာခဲ့ပါတယ်။ သူတင်လာတဲ့ ပုံထဲမှာတော့ အချက်အလက်တွေ သိပ်မပါခဲ့ပေမယ့် စက်ဝိုင်းပုံစံတွေက ကြိုးမဲ့အားသွင်းစနစ်ကို Tease လုပ်လာတာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် MWC ပွဲကျင်းပရက်တွေဖြစ်တဲ့ ဖေဖော်ဝါရီ ၂၅ နဲ့ ၂၈ တို့ကို နေ့စွဲအနေနဲ့ ဖော်ပြထားတာကြောင့် ပြပွဲကြီးရဲ့ Lenovo Booth မှာ ဒီဖုန်းကို မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲမတိုင်ခင် ကြိုပြီးမိတ်ဆက်လာမလား ဆိုတာကိုတော့ မသိရသေးပါဘူး။

Lenovo Z5 Pro ဟာ ဆယ်ဖီ Slider နဲ့ နိုဝင်ဘာလတုန်းက မိတ်ဆက်လာခဲ့ပြီး Z6 Pro ကရော ယခင်မျိုးဆက်ရဲ့ အိုင်ဒီယာကို ဆက်ခံလာမလား ဒါမှမဟုတ် အသစ်ကြံစည်လာမလားဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဒါပေမယ့် တရုတ်ပြည်တွင်းမှာပဲ ထွက်ရှိသေးတဲ့ Z5 Pro GT ရဲ့ ဂလိုဘယ်ဗားရှင်းအဖြစ် အစိတ်အပိုင်းအချို့ကို အဆင့်မြှင့်တင်ပြီး မိတ်ဆက်လာတာလည်း ဖြစ်နိုင်ပါသေးတယ်။

Ref – GSM Arena