Zawgyi

Laptop ေတြထုတ္ျပီး နာမည္ၾကီးတဲ့ Lenovo ကေနျပီး တရုတ္ျပည္တြင္းေစ်းကြက္အတြက္ ThinkPlus Pods One လို႔ေခၚတဲ့ Bluetooth Earphones တစ္မ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ ေစ်းႏွုန္းကေတာ့ တရုတ္ယြမ္ ၂၉၉ ယြမ္ရွိျပီး အေမရိကန္ ေဒၚလာနဲ႔ ျပန္တြက္ရက္ေတာ့ $43 ရွိပါတယ္။ ျမန္မာေငြနဲ႔ဆိုရင္ေတာ့ ေျခာက္ေသာင္းေက်ာ္ ခုနစ္ေသာင္းနီးပါးေလာက္ရွိပါတယ္။ သာမာန္ သီခ်င္းနားေထာင္သူတစ္ေယာက္အတြက္ ဆိုရင္ေတာ့ ေျခာက္ေသာင္းခြဲ ခုနစ္ေသာင္းဆိုတာက ေစ်းအရမ္းၾကီးေနေပမယ့္ ဂီတကိုမွ အရည္အေသြးေကာင္းေကာင္းနဲ႔ နားေထာင္တက္သူေတြ အတြက္ကေတာ့ ေပးရတဲ့ ေစ်းနဲ႔ အေတာ္ေလး တန္တယ္လိို႔ ဆိုႏိုင္ပါတယ္။

ThinkPlus Pods မွာ ထူးျခားခ်က္က ဒီဇိုင္းပါပဲ။ အားကစား သမားေတြအၾကိဳက္ Sporty Design မ်ိဳးျဖစ္ျပီး တစ္ကယ္လည္း အားကစားသမားေတြနဲ႔ သင့္ေတာ္တဲ့ ဒီဇိုင္းပါပဲ။ Beats ရဲ႕BeatsX နဲ႔ OnePlus ရဲ႕ Bullets တို႔လိုမ်ိဳး လည္ပင္းမွာပတ္ျပီး နားေထာင္ရတဲ့ Wireless Earphones အမ်ိဳးအစားပါ။ အသံအရည္အေသြးကေတာ့ Dolby လို နာမည္ၾကီး ကုမၸဏီေတြနဲ႔ ပူးေပါင္းေလးရွိတဲ့ Lenovo ပီပီ အေတာ္ေလး ေကာင္းမြန္ေနမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ Bluetooth ဗားရွင္းကေတာ့ လက္ရွိအခ်ိန္ Bluetooth Earphone ေတြထဲမွာ ေတြ႔ရရွားေနေသးတဲ့ Bluetooth 5.0 ကို တပ္ဆင္ေပးထားပါတယ္။ Bluetooth 5.0 အသံုးျပဳထားတဲ့ OnePlus 6T နဲ႔ Mi 8 တို႔လို ဖုန္းေတြနဲ႔ တြဲျပီး အသံုးျပဳရင္ေတာ့ အသံထြက္ အရမ္းေကာင္းမွာပါ။ 100mAh Battery ပါဝင္ျပီး ပါဝါ သံုးစြဲႏွုန္းနည္းတဲ့ Bluetooth 5.0 ေၾကာင့္ ဆယ္နာရီ ဆက္တိုက္ အသံုးျပဳႏိုင္ပါတယ္။ IPX5 အဆင့္ရွိတာေၾကာင့္ ေရစိုခံႏိုင္ျပီး မိုးေရထဲမွာ အသံုးျပဳႏိုင္ပါတယ္။ ဒါေပမယ့္ Earphones ေတြကို နားမွာ အံဝင္ခြင္က် တပ္ဆင္ထားမွ ေရစိုခံမွာပါ။

ThinkPlus Pods ကို အနီနဲ႔ အနက္ဆိုျပီး ႏွစ္ေရာင္ပဲ ထုတ္ထားပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ တရုတ္ျပည္တြင္းမွာပဲ ဝယ္ယူလို႔ရမွာျဖစ္ပါတယ္။ $43 ဆိုတဲ့ ေစ်းဟာ သူ႔ေစ်းႏွုန္း အတန္းအစားထဲမွာ အေကာင္းဆံုးလို႔ ေျပာလို႔ရျပီး တစ္သိန္းဝန္းက်င္ရွိတဲ့ OnePlus Bullets Wireless ရဲ႕ အဓိက ျပိဳင္ဘက္ျဖစ္လာႏိုင္ပါတယ္။

Ref: Gizmo China

Unicode

Laptop တွေထုတ်ပြီး နာမည်ကြီးတဲ့ Lenovo ကနေပြီး တရုတ်ပြည်တွင်းဈေးကွက်အတွက် ThinkPlus Pods One လို့ခေါ်တဲ့ Bluetooth Earphones တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ ဈေးနှုန်းကတော့ တရုတ်ယွမ် ၂၉၉ ယွမ်ရှိပြီး အမေရိကန် ဒေါ်လာနဲ့ ပြန်တွက်ရက်တော့ $43 ရှိပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ ခြောက်သောင်းကျော် ခုနစ်သောင်းနီးပါးလောက်ရှိပါတယ်။ သာမာန် သီချင်းနားထောင်သူတစ်ယောက်အတွက် ဆိုရင်တော့ ခြောက်သောင်းခွဲ ခုနစ်သောင်းဆိုတာက ဈေးအရမ်းကြီးနေပေမယ့် ဂီတကိုမှ အရည်အသွေးကောင်းကောင်းနဲ့ နားထောင်တက်သူတွေ အတွက်ကတော့ ပေးရတဲ့ ဈေးနဲ့ အတော်လေး တန်တယ်လို့ ဆိုနိုင်ပါတယ်။

ThinkPlus Pods မှာ ထူးခြားချက်က ဒီဇိုင်းပါပဲ။ အားကစား သမားတွေအကြိုက် Sporty Design မျိုးဖြစ်ပြီး တစ်ကယ်လည်း အားကစားသမားတွေနဲ့ သင့်တော်တဲ့ ဒီဇိုင်းပါပဲ။ Beats ရဲ့BeatsX နဲ့ OnePlus ရဲ့ Bullets တို့လိုမျိုး လည်ပင်းမှာပတ်ပြီး နားထောင်ရတဲ့ Wireless Earphones အမျိုးအစားပါ။ အသံအရည်အသွေးကတော့ Dolby လို နာမည်ကြီး ကုမ္ပဏီတွေနဲ့ ပူးပေါင်းလေးရှိတဲ့ Lenovo ပီပီ အတော်လေး ကောင်းမွန်နေမယ်လို့ မျှော်လင့်မိပါတယ်။ Bluetooth ဗားရှင်းကတော့ လက်ရှိအချိန် Bluetooth Earphone တွေထဲမှာ တွေ့ရရှားနေသေးတဲ့ Bluetooth 5.0 ကို တပ်ဆင်ပေးထားပါတယ်။ Bluetooth 5.0 အသုံးပြုထားတဲ့ OnePlus 6T နဲ့ Mi 8 တို့လို ဖုန်းတွေနဲ့ တွဲပြီး အသုံးပြုရင်တော့ အသံထွက် အရမ်းကောင်းမှာပါ။ 100mAh Battery ပါဝင်ပြီး ပါဝါ သုံးစွဲနှုန်းနည်းတဲ့ Bluetooth 5.0 ကြောင့် ဆယ်နာရီ ဆက်တိုက် အသုံးပြုနိုင်ပါတယ်။ IPX5 အဆင့်ရှိတာကြောင့် ရေစိုခံနိုင်ပြီး မိုးရေထဲမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Earphones တွေကို နားမှာ အံဝင်ခွင်ကျ တပ်ဆင်ထားမှ ရေစိုခံမှာပါ။

ThinkPlus Pods ကို အနီနဲ့ အနက်ဆိုပြီး နှစ်ရောင်ပဲ ထုတ်ထားပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်ပြည်တွင်းမှာပဲ ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ $43 ဆိုတဲ့ ဈေးဟာ သူ့ဈေးနှုန်း အတန်းအစားထဲမှာ အကောင်းဆုံးလို့ ပြောလို့ရပြီး တစ်သိန်းဝန်းကျင်ရှိတဲ့ OnePlus Bullets Wireless ရဲ့ အဓိက ပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်။

Ref: Gizmo China