[Zawgyi]

ဒီတစ္ခါေတာ့ တရားဝင္ျဖစ္သြားပါၿပီ။ Lenovo က သူ႔ရဲ႕ Z5s ကို လာမယ့္ ဒီဇင္ဘာ ၁၈ ရက္ေန႔က်ရင္ ပီကင္းမွာရွိတဲ့ Global Headquaters မွာ ထုတ္ျပန္ေၾကညာမယ္လို႔ သိရပါတယ္။ အရင္တုန္းကေတာ့ Z5s နဲ႔ ပတ္သက္ၿပီး ပိုစတာအခ်ိဳ႕နဲ႔ ေၾကာ္ျငာခဲ့တာက ဒီဇင္ဘာ ၆ ရက္ပါ။ ဒါေပမယ့္ အခုေတာ့ ဒီဇင္ဘာ ၁၈ ရက္လို႔ပဲ ေျပာင္းလဲမွတ္သားရမွာပါ။

Lenovo ရဲ႕ ပိုစတာေတြမွာေတာ့ Z5s နဲ႔ပတ္သက္ၿပီး အျပည့္အစုံ ေဖာ္ျပထားျခင္းကို မေတြ႕ရပါဘူး။ ဒါေပမယ့္ Z5s ကို အသုံးျပဳရ ပိုျမန္ဆန္ေအာင္ ျပဳလုပ္ထားၿပီး အေနာက္ဘက္မွာ ကင္မရာလည္း သုံးလုံးတပ္ဆင္ေပးထားတယ္လို႔ ေျပာႏိုင္ပါတယ္။ (ေျပာရမယ္ဆိုရင္ေတာ့ Huawei P20 Pro နဲ႔ ခပ္ဆင္ဆင္တူေနပါတယ္)

Lenovo Z5s အေၾကာင္း နည္းနည္းပဲသိေပမယ့္ သိသေလာက္ေျပာရမယ္ဆိုရင္ေတာ့ 6.3-inch မ်က္ႏွာျပင္ ျဖစ္ပါလိမ့္မယ္။ Notch တစ္မ်ိဳးမ်ိဳးလည္း ပါဝင္လာပါလိမ့္မယ္။ ၿပီးေတာ့ 3,210mAh ဘက္ထရီလည္း ပါဝင္လာပါလိမ့္မယ္။ ဒီအခ်က္အလက္ေတြကေတာ့ ေသခ်ာေနခဲ့ပါၿပီ။

Z5s အေနနဲ႔ Snapdragon 710 ကို အသုံးျပဳထားႏိုင္ပါတယ္။ ဒါမွမဟုတ္ရင္လည္း Snapdragon 845 ကို အသုံးျပဳထားတာ ျဖစ္ႏိုင္ပါတယ္။ အေစာပိုင္းတုန္းကေတာ့ Snapdragon 855 အသုံးျပဳႏိုင္တယ္လို႔ ေကာလာဟလ ထြက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ အဲဒီေလာက္ထိ အသုံးျပဳႏိုင္ေျခနည္းတာေၾကာင့္ 855 ကေတာ့ မျဖစ္ႏိုင္ဘူးလို႔ပဲ မွတ္ယူရမွာပါ။

ကင္မရာသုံးလုံးမွာ အဓိကကင္မရာက 16MP, f/2.0 နဲ႔ ဒုတိယကင္မရာက 8MP၊ တတိယကင္မရာအေၾကာင္းေတာ့ မသိႏိုင္ေသးပါဘူး။ အေရွ႕ဘက္မွာေတာ့ ကင္မရာတစ္လုံးပဲ သုံးထားမွာျဖစ္ၿပီး 8MP, f/2.0 လို႔ ဆိုထားပါတယ္။ ဒါေပမယ့္ ဒီအခ်က္အလက္ေတြကလည္း အတည္ျပဳလို႔မရေသးတဲ့ ေကာလာဟလေတြပဲျဖစ္တာေၾကာင့္ တရားဝင္ေၾကညာခ်ိန္ကိုပဲ ေစာင့္ၾကည့္ရမွာပါ။

 

Ref: GSMarena

 

[Unicode]

ဒီတစ်ခါတော့ တရားဝင်ဖြစ်သွားပါပြီ။ Lenovo က သူ့ရဲ့ Z5s ကို လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့ကျရင် ပီကင်းမှာရှိတဲ့ Global Headquaters မှာ ထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။ အရင်တုန်းကတော့ Z5s နဲ့ ပတ်သက်ပြီး ပိုစတာအချို့နဲ့ ကြော်ငြာခဲ့တာက ဒီဇင်ဘာ ၆ ရက်ပါ။ ဒါပေမယ့် အခုတော့ ဒီဇင်ဘာ ၁၈ ရက်လို့ပဲ ပြောင်းလဲမှတ်သားရမှာပါ။

Lenovo ရဲ့ ပိုစတာတွေမှာတော့ Z5s နဲ့ပတ်သက်ပြီး အပြည့်အစုံ ဖော်ပြထားခြင်းကို မတွေ့ရပါဘူး။ ဒါပေမယ့် Z5s ကို အသုံးပြုရ ပိုမြန်ဆန်အောင် ပြုလုပ်ထားပြီး အနောက်ဘက်မှာ ကင်မရာလည်း သုံးလုံးတပ်ဆင်ပေးထားတယ်လို့ ပြောနိုင်ပါတယ်။ (ပြောရမယ်ဆိုရင်တော့ Huawei P20 Pro နဲ့ ခပ်ဆင်ဆင်တူနေပါတယ်)

Lenovo Z5s အကြောင်း နည်းနည်းပဲသိပေမယ့် သိသလောက်ပြောရမယ်ဆိုရင်တော့ 6.3-inch မျက်နှာပြင် ဖြစ်ပါလိမ့်မယ်။ Notch တစ်မျိုးမျိုးလည်း ပါဝင်လာပါလိမ့်မယ်။ ပြီးတော့ 3,210mAh ဘက်ထရီလည်း ပါဝင်လာပါလိမ့်မယ်။ ဒီအချက်အလက်တွေကတော့ သေချာနေခဲ့ပါပြီ။

Z5s အနေနဲ့ Snapdragon 710 ကို အသုံးပြုထားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း Snapdragon 845 ကို အသုံးပြုထားတာ ဖြစ်နိုင်ပါတယ်။ အစောပိုင်းတုန်းကတော့ Snapdragon 855 အသုံးပြုနိုင်တယ်လို့ ကောလာဟလ ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီလောက်ထိ အသုံးပြုနိုင်ခြေနည်းတာကြောင့် 855 ကတော့ မဖြစ်နိုင်ဘူးလို့ပဲ မှတ်ယူရမှာပါ။

ကင်မရာသုံးလုံးမှာ အဓိကကင်မရာက 16MP, f/2.0 နဲ့ ဒုတိယကင်မရာက 8MP၊ တတိယကင်မရာအကြောင်းတော့ မသိနိုင်သေးပါဘူး။ အရှေ့ဘက်မှာတော့ ကင်မရာတစ်လုံးပဲ သုံးထားမှာဖြစ်ပြီး 8MP, f/2.0 လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေကလည်း အတည်ပြုလို့မရသေးတဲ့ ကောလာဟလတွေပဲဖြစ်တာကြောင့် တရားဝင်ကြေညာချိန်ကိုပဲ စောင့်ကြည့်ရမှာပါ။

 

Ref: GSMarena