[Zawgyi]

Qualcomm နဲ႔ Apple တို႔ တရားရင္ဆိုင္မႈ ျဖစ္ပြားေနတဲ့သတင္းက နည္းပညာေလာကမွာ လူတိုင္းစိတ္ဝင္စားၿပီး ေစာင့္ၾကည့္ၾကရတဲ့ သတင္းတစ္ခုပါ။ Qualcomm က Apple ကို မူပိုင္ခြင့္နဲ႔ပတ္သက္ၿပီး တ႐ုတ္မွာေရာ၊ ဂ်ာမနီမွာပါ iPhone အခ်ိဳ႕ေရာင္းမရေအာင္ လိုက္ၿပီး ပိတ္ပင္ခဲ့တာပါ။ ဒါေပမယ့္ ၿပီးခဲ့တဲ့ရက္ကေပၚထြက္လာတဲ့ သတင္းအရေတာ့ Qualcomm ဟာ FTC (Korean Fair Trade Commission) နဲ႔လည္း တရားရင္ဆိုင္မႈ ျဖစ္ေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္တုန္းက Korean FTC ဟာ အေမရိကန္ Chip ထုတ္လုပ္မႈလုပ္ငန္းႀကီးကို မူပိုင္ခြင့္အလြဲသုံးစားလုပ္မႈ (မူပိုင္ခြင့္ကိုအသုံးခ်ၿပီး ေဈးကြက္ကို လက္ဝါးႀကီးအုပ္လိုမႈ) နဲ႔ ကိုရီးယားဝမ္ေငြ ၁.၀၃ ထရီလီယံ (အေမရိကန္ေဒၚလာ $917.4 သန္း) ဒဏ္ေၾကးခ်မွတ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Qualcomm က Korean FTC ရဲ႕ ဒဏ္ခ်မွတ္မႈကို လက္မခံခဲ့ဘဲ ဒဏ္ေၾကးလည္း မေပးေဆာင္ခဲ့ပါဘူး။ ဒါေၾကာင့္ Korean FTC က ဒီကိစၥကို အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာကေန တရားေရးဆိုင္ရာအထိ သယ္ေဆာင္သြားခဲ့ ပါေတာ့တယ္။ ဒီအမႈအတြက္ Samsung Electronics, Apple, Intel, MediaTek နဲ႔ Huawei တို႔က Korean FTC နဲ႔ ပူးေပါင္းခဲ့ၾကတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္တုန္းက Samsung ဟာ တရားေရးရရင္ဆိုင္မႈကေန ႐ုတ္သိမ္းထြက္ခြာသြားခဲ့ပါတယ္။ (Samsung နဲ႔ Qualcomm တို႔က မူပိုင္ခြင့္အတြက္ cross-licensing agreement လုပ္ခဲ့တာေၾကာင့္ Qualcomm ကို မူပိုင္ခြင့္ အလြဲသုံးစားလုပ္မႈနဲ႔ တရားစြြဲလို႔မရေတာ့လို႔ ႐ုတ္သိမ္းထြက္ခြာခဲ့ရတာပါ။) ဒါေပမယ့္ ဒီတစ္ပတ္မွာ LG က ပါဝင္ပူးေပါင္းလာတာေၾကာင့္ Korean FTC အေနနဲ႔ အင္အားေတာင့္တင္းမႈေတြ ရွိၿမဲရွိေနဆဲျဖစ္ပါတယ္။ LG ကေတာ့ Qualcomm ကို မူပိုင္ခြင့္အလြဲသုံးစားလုပ္မႈနဲ႔ တရားစြဲဆိုထားတဲ့ Korean FTC နဲ႔ ပူးေပါင္းလိုက္တဲ့ ေနာက္ထပ္ ကုမၸဏီသစ္တစ္ခုျဖစ္လာပါတယ္။

ဒါေပမယ့္ LG အေနနဲ႔ အခုလိုမ်ိဳး Korean FTC နဲ႔ ပူးေပါင္းလိုက္ျခင္းေၾကာင့္ အေမရိကန္မွာ Qualcomm နဲ႔ ညႇိႏႈိင္းေနတဲ့လုပ္ငန္းေတြဟာ ေကာင္းေကာင္းမြန္မြန္နဲ႔ ၿပီးဆုံးသြားဖြယ္ မရွိဘူးလို႔ ေလ့လာေစာင့္ၾကည့္သူအခ်ိဳ႕က သုံးသပ္ၾကပါတယ္။ FTC နဲ႔ Qualcomm တို႔ရဲ႕ တရားေရးရင္ဆိုင္မႈဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလကတည္းက အခုအခ်ိန္ထိ ၁၁ ႀကိမ္တိုင္ ၾကားနာစစ္ေဆးမႈကို ျပဳလုပ္ခဲ့ၾကၿပီးျဖစ္ေပမယ့္ တရား႐ုံးရဲ႕ အၿပီးသတ္ စီရင္ခ်က္ခ်ဖို႔က ေနာက္ထပ္ ႏွစ္အနည္းငယ္ အခ်ိန္ယူရဦးမယ္လို႔ သိရပါတယ္။

Ref: GSMarena

[Unicode]

Qualcomm နဲ့ Apple တို့ တရားရင်ဆိုင်မှု ဖြစ်ပွားနေတဲ့သတင်းက နည်းပညာလောကမှာ လူတိုင်းစိတ်ဝင်စားပြီး စောင့်ကြည့်ကြရတဲ့ သတင်းတစ်ခုပါ။ Qualcomm က Apple ကို မူပိုင်ခွင့်နဲ့ပတ်သက်ပြီး တရုတ်မှာရော၊ ဂျာမနီမှာပါ iPhone အချို့ရောင်းမရအောင် လိုက်ပြီး ပိတ်ပင်ခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ကပေါ်ထွက်လာတဲ့ သတင်းအရတော့ Qualcomm ဟာ FTC (Korean Fair Trade Commission) နဲ့လည်း တရားရင်ဆိုင်မှု ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက Korean FTC ဟာ အမေရိကန် Chip ထုတ်လုပ်မှုလုပ်ငန်းကြီးကို မူပိုင်ခွင့်အလွဲသုံးစားလုပ်မှု (မူပိုင်ခွင့်ကိုအသုံးချပြီး ဈေးကွက်ကို လက်ဝါးကြီးအုပ်လိုမှု) နဲ့ ကိုရီးယားဝမ်ငွေ ၁.၀၃ ထရီလီယံ (အမေရိကန်ဒေါ်လာ $917.4 သန်း) ဒဏ်ကြေးချမှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Qualcomm က Korean FTC ရဲ့ ဒဏ်ချမှတ်မှုကို လက်မခံခဲ့ဘဲ ဒဏ်ကြေးလည်း မပေးဆောင်ခဲ့ပါဘူး။ ဒါကြောင့် Korean FTC က ဒီကိစ္စကို အုပ်ချုပ်မှုပိုင်းဆိုင်ရာကနေ တရားရေးဆိုင်ရာအထိ သယ်ဆောင်သွားခဲ့ ပါတော့တယ်။ ဒီအမှုအတွက် Samsung Electronics, Apple, Intel, MediaTek နဲ့ Huawei တို့က Korean FTC နဲ့ ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်တုန်းက Samsung ဟာ တရားရေးရရင်ဆိုင်မှုကနေ ရုတ်သိမ်းထွက်ခွာသွားခဲ့ပါတယ်။ (Samsung နဲ့ Qualcomm တို့က မူပိုင်ခွင့်အတွက် cross-licensing agreement လုပ်ခဲ့တာကြောင့် Qualcomm ကို မူပိုင်ခွင့် အလွဲသုံးစားလုပ်မှုနဲ့ တရားစွွဲလို့မရတော့လို့ ရုတ်သိမ်းထွက်ခွာခဲ့ရတာပါ။) ဒါပေမယ့် ဒီတစ်ပတ်မှာ LG က ပါဝင်ပူးပေါင်းလာတာကြောင့် Korean FTC အနေနဲ့ အင်အားတောင့်တင်းမှုတွေ ရှိမြဲရှိနေဆဲဖြစ်ပါတယ်။ LG ကတော့ Qualcomm ကို မူပိုင်ခွင့်အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဆိုထားတဲ့ Korean FTC နဲ့ ပူးပေါင်းလိုက်တဲ့ နောက်ထပ် ကုမ္ပဏီသစ်တစ်ခုဖြစ်လာပါတယ်။

ဒါပေမယ့် LG အနေနဲ့ အခုလိုမျိုး Korean FTC နဲ့ ပူးပေါင်းလိုက်ခြင်းကြောင့် အမေရိကန်မှာ Qualcomm နဲ့ ညှိနှိုင်းနေတဲ့လုပ်ငန်းတွေဟာ ကောင်းကောင်းမွန်မွန်နဲ့ ပြီးဆုံးသွားဖွယ် မရှိဘူးလို့ လေ့လာစောင့်ကြည့်သူအချို့က သုံးသပ်ကြပါတယ်။ FTC နဲ့ Qualcomm တို့ရဲ့ တရားရေးရင်ဆိုင်မှုဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက အခုအချိန်ထိ ၁၁ ကြိမ်တိုင် ကြားနာစစ်ဆေးမှုကို ပြုလုပ်ခဲ့ကြပြီးဖြစ်ပေမယ့် တရားရုံးရဲ့ အပြီးသတ် စီရင်ချက်ချဖို့က နောက်ထပ် နှစ်အနည်းငယ် အချိန်ယူရဦးမယ်လို့ သိရပါတယ်။

Ref: GSMarena