Zawgyi

သတင္းေပးပို႔ခ်က္တစ္ခုအရ LG ဟာ Apple အတြက္ OLED Display ေတြကို အစုလိုက္အျပံဳလိုက္ ထုတ္လုပ္ေနျပီလို႔သိရပါတယ္။ အဆိုပါ OLED Display ေတြကို iPhone အသစ္ေတြမွာ အသံုးျပဳသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ပထမတစ္သုတ္ အျဖစ္ OLED Display ေပါင္း ေလးသိန္းကို လာမယ့္ ဒီဇင္ဘာလ မွာ Apple ကိုေပးပို႔မွာျဖစ္ပါတယ္။ အဆိုပါ သတင္းေပးပို႔ခ်က္အရ LG ဟာ ေအာက္တိုဘာလ ကတည္းကစျပီး OLED Display ေတြထုတ္လုပ္ဖို႔ ကုန္ၾကမ္းေတြဝယ္ေနခဲ့ျပီး ႏိုဝင္ဘာလ အစကတည္းက OLED Display ေတြ စတင္ထုတ္လုပ္ေနျပီလို႔ သိရပါတယ္။ ဒီဇင္ဘာလ မကုန္ခင္ အျပီးသပ္ထုတ္လုပ္ရမွာျဖစ္ျပီး ဒီဇင္ဘာလ အလယ္ေလာက္မွာ Apple ကိုစတင္ တင္ပို႔ေတာ့မွာပါ။ Apple စီကို အခ်ိန္မွီ တင္ပို႔ဖို႔ဆိုရင္ေတာ့ LG ရဲ႕ ထုတ္လုပ္ႏွုန္းကို ျမွင့္တင္ရမွာျဖစ္ျပီး အခုဆိုရင္ ေတာင္ကိုရီးယား ပါဂ်ဳးျမိဳ႕မွာရွိတဲ့ LG ရဲ႕ စက္ရံုတစ္ခုမွာ အၾကီးအက်ယ္ ထုတ္လုပ္ေနျပီလို႔သိရပါတယ္။

Apple ဟာ LG ကေန မွာယူထားတဲ့ OLED Display ပမာဏနဲ႔ အဆိုပါ OLED Display ေစ်းႏွုန္းအေသးစိတ္ကိုေတာ့ ေသခ်ာသိရျခင္းမရွိပါဘူး။ ဒါေပမယ့္ ေစ်းကြက္ဆန္းစစ္ေလ့လာတဲ့ သူေတြရဲ႕ ေျပာစကားအရေတာ့ Apple ဟာ OLED Display ေပါင္း ေလးသိန္းမွာယူထားျပီး Display တစ္ခုကို $89.29 နဲ႔ သေဘာတူညီထားတယ္လို႔သိရပါတယ္။ OLED Display ေလးသိန္းစာအတြက္ ေစ်းႏွုန္းကေတာ့ ေဒၚလာ သံုးဆယ့္ငါးသန္း ရွိပါတယ္။ LG ဟာ Apple ရဲ႕ အဓိက OLED Display ေထာက္ပံ့ေနျပီး Apple Watch နဲ႔ တစ္ျခား OLED Display အသံုးျပဳ ပစၥည္းေတြအတြက္ LG ရဲ႕ OLED ေတြကို အသံုးျပဳေနေပမယ့္ Samsung ဆီကလည္း OLED Display ေတြမွာယူထားပါေသးတယ္။ Apple ရဲ႕ တရားဝင္ သတင္းထုတ္ျပန္ခ်က္အရ 2018 iPhone အသစ္ေတြမွာ LG ရဲ႕ OLED နဲ႔ LCD Display ေတြကို အသံုးျပဳထားျပီး ထပ္မံထုတ္လုပ္ဖို႕အတြက္ေတာ့ LG ဘက္ကေန လံုေလာက္တဲ့ ပမာဏ ေထာက္ပ့ံမေပးႏိုင္တဲ့အတြက္ Samsung ဆီကေန ထပ္မံ မွာယူရတာျဖစ္ပါတယ္။

Ref: Gizmo China

Unicode

သတင်းပေးပို့ချက်တစ်ခုအရ LG ဟာ Apple အတွက် OLED Display တွေကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နေပြီလို့သိရပါတယ်။ အဆိုပါ OLED Display တွေကို iPhone အသစ်တွေမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမတစ်သုတ် အဖြစ် OLED Display ပေါင်း လေးသိန်းကို လာမယ့် ဒီဇင်ဘာလ မှာ Apple ကိုပေးပို့မှာဖြစ်ပါတယ်။ အဆိုပါ သတင်းပေးပို့ချက်အရ LG ဟာ အောက်တိုဘာလ ကတည်းကစပြီး OLED Display တွေထုတ်လုပ်ဖို့ ကုန်ကြမ်းတွေဝယ်နေခဲ့ပြီး နိုဝင်ဘာလ အစကတည်းက OLED Display တွေ စတင်ထုတ်လုပ်နေပြီလို့ သိရပါတယ်။ ဒီဇင်ဘာလ မကုန်ခင် အပြီးသပ်ထုတ်လုပ်ရမှာဖြစ်ပြီး ဒီဇင်ဘာလ အလယ်လောက်မှာ Apple ကိုစတင် တင်ပို့တော့မှာပါ။ Apple စီကို အချိန်မှီ တင်ပို့ဖို့ဆိုရင်တော့ LG ရဲ့ ထုတ်လုပ်နှုန်းကို မြှင့်တင်ရမှာဖြစ်ပြီး အခုဆိုရင် တောင်ကိုရီးယား ပါဂျုးမြို့မှာရှိတဲ့ LG ရဲ့ စက်ရုံတစ်ခုမှာ အကြီးအကျယ် ထုတ်လုပ်နေပြီလို့သိရပါတယ်။

Apple ဟာ LG ကနေ မှာယူထားတဲ့ OLED Display ပမာဏနဲ့ အဆိုပါ OLED Display ဈေးနှုန်းအသေးစိတ်ကိုတော့ သေချာသိရခြင်းမရှိပါဘူး။ ဒါပေမယ့် ဈေးကွက်ဆန်းစစ်လေ့လာတဲ့ သူတွေရဲ့ ပြောစကားအရတော့ Apple ဟာ OLED Display ပေါင်း လေးသိန်းမှာယူထားပြီး Display တစ်ခုကို $89.29 နဲ့ သဘောတူညီထားတယ်လို့သိရပါတယ်။ OLED Display လေးသိန်းစာအတွက် ဈေးနှုန်းကတော့ ဒေါ်လာ သုံးဆယ့်ငါးသန်း ရှိပါတယ်။ LG ဟာ Apple ရဲ့ အဓိက OLED Display ထောက်ပံ့နေပြီး Apple Watch နဲ့ တစ်ခြား OLED Display အသုံးပြု ပစ္စည်းတွေအတွက် LG ရဲ့ OLED တွေကို အသုံးပြုနေပေမယ့် Samsung ဆီကလည်း OLED Display တွေမှာယူထားပါသေးတယ်။ Apple ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ 2018 iPhone အသစ်တွေမှာ LG ရဲ့ OLED နဲ့ LCD Display တွေကို အသုံးပြုထားပြီး ထပ်မံထုတ်လုပ်ဖို့အတွက်တော့ LG ဘက်ကနေ လုံလောက်တဲ့ ပမာဏ ထောက်ပံ့မပေးနိုင်တဲ့အတွက် Samsung ဆီကနေ ထပ်မံ မှာယူရတာဖြစ်ပါတယ်။

Ref: Gizmo China