[Zawgyi]

လြန္ခဲ့တဲ့ တစ္ပတ္ေက်ာ္က LG ဟာ ထုတ္ကုန္နာမည္သုံးခုကို မူပိုင္ခြင့္တင္ခဲ့ပါတယ္။ နာမည္ေတြကေတာ့ LG Flex, Foldi နဲ႔ Duplex တို႔ပဲ ျဖစ္ပါတယ္။ ဒီနာမည္သုံးခုကို မွတ္ပုံတင္ခဲ့ၿပီး ေနာက္တစ္ရက္မွာေတာ့ LG Bendi ဆိုတဲ့ အမည္တစ္ခုကိုလည္း ထပ္မံျဖည့္စြက္ၿပီး မွတ္ပုံတင္ခဲ့ပါေသးတယ္။

ဒီလို အမွတ္တံဆိပ္နာမည္ေတြကို မွတ္ပုံတင္လိုက္တဲ့အတြက္ သိပ္မၾကာခင္မွာပဲ မိတ္ဆက္ျပသေတာ့မယ္လို႔ ယူဆရပါတယ္။ ဒီႏွစ္ဆန္းပိုင္းေလာက္ကတည္းက ေၾကညာခဲ့တဲ့ LG ရဲ႕ Foldable ဖုန္းဟာ ဘယ္လိုပုံ ျဖစ္မလဲဆိုတာကိုတရားဝင္မသိရေသးေပမယ့္ ဒီရက္ပိုင္းမွာေတာ့ ဒီဇိုင္း႐ုပ္ပုံေတြ ေပါက္ၾကားလာခဲ့တယ္။

ဒီ႐ုပ္ပုံေတြမွာေတာ့ LG ရဲ႕ Foldable ဒီဇိုင္းက တစ္မ်ိဳးထူးျခားေနပါတယ္။ မ်က္ႏွာျပင္ဟာ အတြင္းဘက္ကို ေခါက္သိမ္းတဲ့ ပုံစံမဟုတ္ဘဲ အျပင္ဘက္ကိုပဲ ေခါက္လိုက္တဲ့ ပုံစံမ်ိဳးျဖစ္ပါတယ္။ LG ကေတာ့ သူ႔ရဲ႕ဒီဇိုင္းကို KIPO (Korean Intellectual Property Office) ကိုရီးယား ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံးမွာ မွတ္ပုံတင္ထားတယ္လို႔လည္း သိရပါတယ္။

LG ရဲ႕ ဒီဇိုင္းမွတ္ပုံတင္မႈကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ ၂၃ ရက္ ရက္စြြဲနဲ႔ လက္ခံအတည္ျပဳထားတယ္လို႔လည္း သိရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီပုံစံအတိုင္းဆိုရင္ေတာ့ LG ရဲ႕ Foldable ဖုန္းပုံစံက ထူးျခားခ်က္အျပည့္နဲ႔ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ ဒီဇိုင္းပိုင္း႐ုပ္ပုံကိုသာ ေတြ႕ျမင္ရေသးတာျဖစ္ၿပီး က်န္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးတာလည္း ျဖစ္ပါတယ္။

 

Ref: GSMarena

 

[Unicode]

လွန်ခဲ့တဲ့ တစ်ပတ်ကျော်က LG ဟာ ထုတ်ကုန်နာမည်သုံးခုကို မူပိုင်ခွင့်တင်ခဲ့ပါတယ်။ နာမည်ကတော့ LG Flex, Foldi နဲ့ Duplex တို့ပဲ ဖြစ်ပါတယ်။ ဒီနာမည်သုံးခုကို မှတ်ပုံတင်ခဲ့ပြီး နောက်တစ်ရက်မှာတော့ LG Bendi ဆိုတဲ့ အမည်တစ်ခုကိုလည်း ထပ်မံဖြည့်စွက်ပြီး မှတ်ပုံတင်ခဲ့ပါသေးတယ်။

ဒီလို အမှတ်တံဆိပ်နာမည်တွေကို မှတ်ပုံတင်လိုက်တဲ့အတွက် သိပ်မကြာခင်မှာပဲ မိတ်ဆက်ပြသတော့မယ်လို့ ယူဆရပါတယ်။ ဒီနှစ်ဆန်းပိုင်းလောက်ကတည်းက ကြေညာခဲ့တဲ့ LG ရဲ့ Foldable ဖုန်းဟာ ဘယ်လိုပုံ ဖြစ်မလဲဆိုတာကိုတရားဝင်မသိရသေးပေမယ့် ဒီရက်ပိုင်းမှာတော့ ဒီဇိုင်းရုပ်ပုံတွေ ပေါက်ကြားလာခဲ့တယ်။

ဒီရုပ်ပုံတွေမှာတော့ LG ရဲ့ Foldable ဒီဇိုင်းက တစ်မျိုးထူးခြားနေပါတယ်။ မျက်နှာပြင်ဟာ အတွင်းဘက်ကို ခေါက်သိမ်းတဲ့ ပုံစံမဟုတ်ဘဲ အပြင်ဘက်ကိုပဲ ခေါက်လိုက်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။ LG ကတော့ သူ့ရဲ့ဒီဇိုင်းကို KIPO (Korean Intellectual Property Office) ကိုရီးယား ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံးမှာ မှတ်ပုံတင်ထားတယ်လို့လည်း သိရပါတယ်။

LG ရဲ့ ဒီဇိုင်းမှတ်ပုံတင်မှုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက် ရက်စွွဲနဲ့ လက်ခံအတည်ပြုထားတယ်လို့လည်း သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပုံစံအတိုင်းဆိုရင်တော့ LG ရဲ့ Foldable ဖုန်းပုံစံက ထူးခြားချက်အပြည့်နဲ့ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ဒီဇိုင်းပိုင်းရုပ်ပုံကိုသာ တွေ့မြင်ရသေးတာဖြစ်ပြီး ကျန်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးတာလည်း ဖြစ်ပါတယ်။

 

Ref: GSMarena