Zawgyi

Android ဟာ ႏွစ္အနည္းငယ္အတြင္း အမ်ားၾကီး ေျပာင္းလဲတိုးတက္လာခဲ့ျပီး AI လုပ္ေဆာင္ခ်က္လို အဆင့္ျမင့္ နည္းပညာေတြကိုပါ ထည့္သြင္းလာခဲ့ပါတယ္။ ေနာက္ဆံုးထြက္ Android Pie မွာဆိုရင္ Adaptive Battery, Adaptive Brightness, Slices API, Gesture Navigation နဲ႔ အစရွိတဲ့ အရမ္းအသံုးဝင္တဲ့ လုပ္ေဆာင္ခ်က္အသစ္ေတြပါဝင္လာပါတယ္။ Pixel ဖုန္းေတြရယ္ Essential Phone နဲ႔ OnePlus 6 တို႔မွာ Android Pie Update ကို အေစာဆံုးျမင္ေတြ႔ရျပီး Android One ဖုန္းေတြျဖစ္တဲ့ Xiaomi Mi A2 နဲ႔ Motorola ဖုန္းေတြမွာလဲေတြ႔ရပါတယ္။ Pixel ဖုန္းနဲ႔ Android One မဟုတ္ပဲ Android Pie Update ကို အေစာဆံုးရတဲ့ ဖုန္းကေတာ့ OnePlus 6 ပဲျဖစ္ျပီး အေစာဆံုး Android Update ေပးႏိုင္တာကေတာ့ တစ္ႏွစ္မွ ဖုန္းႏွစ္လံုးပဲ ထုတ္ေလ့ရွိျပီး Software Support ေပးဖို႔ အလုပ္မရွုပ္တာေၾကာင့္ပါပဲ။

Xiaomi, Samsung နဲ႔ LG လို ကုမၸဏီၾကီးေတြကေတာ့ Software Support ေပးရမယ့္ ဖုန္းေတြက အရမ္းမ်ားလြန္းတဲ့အတြက္ Update ေပးဖို႔အရမ္းအခ်ိန္ယူရပါတယ္။ အဲ့အျပင္ ကိုယ္ပိုင္ Software Customization ေတြျပဳလုပ္တဲ့အတြက္ Update လုပ္တဲ့ေနရာမွာ အခ်ိန္အရမ္းၾကာသြားတာပါ။ အဲ့အတြက္ Android One ဆိုတဲ့ Program တစ္ခုကို Google ကထုတ္ေပးလိုက္ပါတယ္။

Android One ဆိုတဲ့ Software ဟာ Google ကေန တိုက္ရိုက္ထုတ္ေပးထားတဲ့ Software ျဖစ္ျပီး Android Update ထြက္တာနဲ႔ Android One ဖုန္းေတြကေန အေစာဆံုး ရရွိအသံုးျပဳႏိုင္ပါတယ္။ LG ကလည္း ေနာက္ဆံုးေပၚ Android ကိုမွ အသံုးျပဳခ်င္သူေတြအတြက္ LG G7 One ဆိုတဲ့ဖုန္းကိုထုတ္ေပးလိုက္ျပီး အခုဆို အဆိုပါ G7 One အတြက္ Android Pie Update ရရွိပါျပီ။ Android Pie ရဲ႕ Feature အသစ္ေတြျဖစ္တဲ့ Adaptive Battery နဲ႔အတူ Navigation Gesture အသစ္ေတြကိုအသံုးျပဳႏိုင္မွာပါ။ အဆိုပါ Android Pie Update ကို မၾကာေသးခင္ကပဲ ကေနဒါႏိုင္ငံမွာေနထိုင္တဲ့ LG G7 One အသံုးျပဳသူေတြဆီကို OTA (Over The Air) Update အေနနဲ႔ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ LG G7 One စမတ္ဖုန္းဟာ ၂၀၁၈ ထုတ္ဖုန္းတစ္လံုးျဖစ္ျပီး LG ရဲ႕ Flagship G7 Series မ်ိဳးႏြယ္ဝင္ျဖစ္ပမယ့္ Snapdragon 835 SoC ကိုပဲအသံုးျပဳေပး ထားတာေတြ႕ရပါတယ္။

Ref: XDA

Unicode

Android ဟာ နှစ်အနည်းငယ်အတွင်း အများကြီး ပြောင်းလဲတိုးတက်လာခဲ့ပြီး AI လုပ်ဆောင်ချက်လို အဆင့်မြင့် နည်းပညာတွေကိုပါ ထည့်သွင်းလာခဲ့ပါတယ်။ နောက်ဆုံးထွက် Android Pie မှာဆိုရင် Adaptive Battery, Adaptive Brightness, Slices API, Gesture Navigation နဲ့ အစရှိတဲ့ အရမ်းအသုံးဝင်တဲ့ လုပ်ဆောင်ချက်အသစ်တွေပါဝင်လာပါတယ်။ Pixel ဖုန်းတွေရယ် Essential Phone နဲ့ OnePlus 6 တို့မှာ Android Pie Update ကို အစောဆုံးမြင်တွေ့ရပြီး Android One ဖုန်းတွေဖြစ်တဲ့ Xiaomi Mi A2 နဲ့ Motorola ဖုန်းတွေမှာလဲတွေ့ရပါတယ်။ Pixel ဖုန်းနဲ့ Android One မဟုတ်ပဲ Android Pie Update ကို အစောဆုံးရတဲ့ ဖုန်းကတော့ OnePlus 6 ပဲဖြစ်ပြီး အစောဆုံး Android Update ပေးနိုင်တာကတော့ တစ်နှစ်မှ ဖုန်းနှစ်လုံးပဲ ထုတ်လေ့ရှိပြီး Software Support ပေးဖို့ အလုပ်မရှုပ်တာကြောင့်ပါပဲ။

Xiaomi, Samsung နဲ့ LG လို ကုမ္ပဏီကြီးတွေကတော့ Software Support ပေးရမယ့် ဖုန်းတွေက အရမ်းများလွန်းတဲ့အတွက် Update ပေးဖို့အရမ်းအချိန်ယူရပါတယ်။ အဲ့အပြင် ကိုယ်ပိုင် Software Customization တွေပြုလုပ်တဲ့အတွက် Update လုပ်တဲ့နေရာမှာ အချိန်အရမ်းကြာသွားတာပါ။ အဲ့အတွက် Android One ဆိုတဲ့ Program တစ်ခုကို Google ကထုတ်ပေးလိုက်ပါတယ်။

Android One ဆိုတဲ့ Software ဟာ Google ကနေ တိုက်ရိုက်ထုတ်ပေးထားတဲ့ Software ဖြစ်ပြီး Android Update ထွက်တာနဲ့ Android One ဖုန်းတွေကနေ အစောဆုံး ရရှိအသုံးပြုနိုင်ပါတယ်။ LG ကလည်း နောက်ဆုံးပေါ် Android ကိုမှ အသုံးပြုချင်သူတွေအတွက် LG G7 One ဆိုတဲ့ဖုန်းကိုထုတ်ပေးလိုက်ပြီး အခုဆို အဆိုပါ G7 One အတွက် Android Pie Update ရရှိပါပြီ။ Android Pie ရဲ့ Feature အသစ်တွေဖြစ်တဲ့ Adaptive Battery နဲ့အတူ Navigation Gesture အသစ်တွေကိုအသုံးပြုနိုင်မှာပါ။ အဆိုပါ Android Pie Update ကို မကြာသေးခင်ကပဲ ကနေဒါနိုင်ငံမှာနေထိုင်တဲ့ LG G7 One အသုံးပြုသူတွေဆီကို OTA (Over The Air) Update အနေနဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ LG G7 One စမတ်ဖုန်းဟာ ၂၀၁၈ ထုတ်ဖုန်းတစ်လုံးဖြစ်ပြီး LG ရဲ့ Flagship G7 Series မျိုးနွယ်ဝင်ဖြစ်ပမယ့် Snapdragon 835 SoC ကိုပဲအသုံးပြုပေး ထားတာတွေ့ရပါတယ်။

Ref: XDA