LG ကနေ သူရဲ့ Flagship စမတ်ဖုန်းတစ်ခုဖြစ်တဲ့ LG G7 ThinQ စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု LG G7 ThinQ စမတ်ဖုန်းဟာ AI နည်းပညာတွေအပြင် စိတ်ဝင်စားဖွယ်နည်းပညာအချို့လည်းပါဝင်နေတာပဲဖြစ်ပါတယ်။

LG ဟာ အခုနှစ်မှာ ခေတ်စားနေတဲ့ Notch Display ယှဉ်ပြိုင်ပွဲထဲကို 6.1″ M+LCD Display နဲ့ ဝင်ရောက်လာတာဖြစ်ပြီးတော့ Resolution အနေနဲ့ 3120×1440 Pixels အထိရှိတဲ့အတွက် Resolution အနေနဲ့တော့ တော်တော်လေးကို ကောင်းမွန်တဲ့ဖုန်းလို့ပြောလို့ရပါတယ်။ ဒါ့အပြင် ထူးခြားချက်က LG က Super Bright Mode ကို ထည့်သွင်းထားပြီးတော့ အဆိုပါ Feature က Display အလင်းအားကို အခြားစမတ်ဖုန်းတွေထက် ၂ ဆ ကျော်လင်းနိုင်တဲ့ 1000 Nits Brightness အထိတိုးမြှင့်ပေးမှာဖြစ်ပါတယ်။

Specifications တွေအနေနဲ့ကတော့ LG G7 ThinQ စမတ်ဖုန်းဟာ လက်ရှိ Flagship စမတ်ဖုန်းတွေအားလုံးလိုမျိုးပဲ Qualcomm Snapdragon 845 Processor ၊ RAM 6GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Storage မလောက်ဘူးဆိုရင်လည်း MicroSD Card Slot ကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

LG G7 ThinQ စမတ်ဖုန်းဟာ ယခင် G6 စမတ်ဖုန်းလိုမျိုးပဲ Glass Body ကို အသုံးပြုထားတာဖြစ်ပြီးတော့ IP 68 Water Resistant Feature အပါအဝင် USB Type C Port နဲ့ 3.5mm Audio Jack တွေလည်းပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 3000mAh ပါဝင်မှာဖြစ်ပြီးတော့ အနည်းငယ်နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။

Camera ပိုင်းအနေနဲ့တော့ LG ရဲ့ ထုံးစံအတိုင်း Wide Angle ရိုက်ကူးနိုင်တဲ့ Dual 16MP Camera တွေကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီးတော့ LG ရဲ့ AI နည်းပညာအသစ်တွေလည်းပါဝင်မှာဖြစ်ပါတယ်။ Front Camera အနေနဲ့တော့ 8MP ပါဝင်မှာပါ။

LG G7 ThinQ ရဲ့ အကောင်းဆုံးသော Feature ကတော့ Speaker ပဲဖြစ်ပြီးတော့ G7 စမတ်ဖုန်းမှာ Stereo Speakers မဟုတ်တဲ့ Speaker တစ်ခုပဲ ပါဝင်ပေမယ့် အသံထွက်ကို Sound Woofer တစ်ခုဖြစ်လာအောင် ကိုယ်ထည်ကို ပြင်ဆင်ထားတဲ့အတွက် တကယ်လို့ အခေါင်းပေါက် အရာဝတ္ထုတစ်ခုပေါ်မှာ G7 စမတ်ဖုန်းကို တင်ထားလိုက်တယ်ဆိုရင် သာမန်စမတ်ဖုန်းတွေထက် အသံထွက်က ၁၀ ဆအထိ ပိုပြီး ကျယ်မှာဖြစ်တယ်လို့ သိရပါတယ်။

အခု LG ရဲ့ G7 ThinQ စမတ်ဖုန်းမှာ ဒီဇိုင်းအရရော၊ Specifications တွေအရရော စွဲမက်ဖွယ်ကောင်းပေမယ့်လည်း လောလောဆယ်မှာတော့ ရောင်းချမယ့်အချိန်နဲ့ ဈေးနှုန်းကို ကြေငြာထားခြင်းမရှိသေးပါဘူး။