LG ဟာ လာမယ့်မေလ ၂ ရက်နေ့မှာ ဒီနှစ်အတွက် Flagship စမတ်ဖုန်းအသစ်ဖြစ်တဲ့ LG G7 ThinQ စမတ်ဖုန်းကို တရားဝင်ကြေငြာသွားတော့မှာပဲဖြစ်ပါတယ်။ အခုလိုမျိုး မကြေငြာခင်မှာ LG ရဲ့ အသစ်ပါဝင်လာမယ့် LCD Display နည်းပညာအကြောင်းကို တွေ့မြင်ရခဲ့ပါတယ်။

LG ဟာ ယခု LG G7 ThinQ စမတ်ဖုန်းကို LCD Display ပဲ အသုံးပြုလာမှာဖြစ်ပေမယ့် နည်းပညာပိုင်းကို များစွာပြောင်းလဲမှုလုပ်ခဲ့ပြီးတော့ LCD Display ဖြစ်ပေမယ့် OLED Display တွေနီးပါးပဲ Battery စားမှာဖြစ်ပါတယ်။ ဒါ့အပြင်နောက်ထပ်အချက်တစ်ခုကတော့ LG G7 ThinQ စမတ်ဖုန်းရဲ့ Display က သာမန်ထက် သိသိသာသာကို အလင်းအားကောင်းလာမှာပဲဖြစ်ပါတယ်။

ဘယ်လောက်ထိ အလင်းအားကောင်းလာမယ်ဆိုတာကိုလည်း အခုထွက်ပေါ်လာတဲ့သတင်းမှာပါဝင်လာခဲ့ပါတယ်။ လက်ရှိသိရှိရတဲ့ သတင်းအရ LG G7 ThinQ ရဲ့ LCD Display ဟာ Brightness 1000Nits အထိရှိနေမှာဖြစ်ပြီးတော့ အဲ့ဒါက သာမန် LCD Display အသုံးပြုထားတဲ့ စမတ်ဖုန်းတွေထက် ၂ ဆ ကျော်ပိုမိုကောင်းမွန်ပြီးတော့ သာမန် OLED Display တွေထက်တောင် ပိုပြီးကောင်းနေသေးတယ်လို့ ပြောလို့ရပါတယ်။

LG G7 ThinQ စမတ်ဖုန်းဟာ Notch ပါဝင်တဲ့ Display ကိုပဲ အသုံးပြုထားမှာဖြစ်ပေမယ့်လည်း Notch ကို မသိသာအောင် Software နဲ့ ပြန်ပြီး ဖျောက်လို့ ရမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် LG G7 ThinQ စမတ်ဖုန်းမှာ ပါဝင်လာမယ့် 3120 × 1440 Pixel Resolution အထိရှိနေတဲ့ Display က လက်ရှိ LCD Display အသုံးပြုထားတဲ့ စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာမယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။